YouVersion လိုဂို
ရှာရန် အိုင်ကွန်

အံ့အားသင့်‌ဝမ်းမြောက်မှုနမူနာ

A Jolt of Joy

31 ၏ နေ့ 22

သမိုင်းမှာအကောင်းဆုံး အကြံပေးသင်ကြားမှုအတွက် သင်အဆင်သင့်ဖြစ်ပြီလား။ သင်ဘယ်တော့မှ စိတ်ဓာတ်ကျခြင်း၊ စိတ်အားငယ်ခြင်းနှင့်မရင်ဆိုင်ရတော့ဘဲ သင့်ဘဝကိုအောင်မြင်ခြင်းနဲ့လျှောက်လှမ်းနိုင်ရန် သင့်အစွမ်းအစများကို မြှင့်တင်ပေးမယ့် နည်းဗျူဟာအတွက် သင်အဆင်သင့်ဖြစ်ပြီလား။ သင်အဆင်သင့်ဖြစ်ပြီဆိုရင် ဒီနေ့ဝတ်ပြုခြင်းအစီအစဥ်ဟာ သင့်အတွက်ဖြစ်တယ်။

" ဝမ်းမြောက်ခြင်းရှိကြလော့" ဆိုသော ဓမ္မသစ်ကျမ်းမှ ပညတ်တော်ဖြစ်ပြီး သင့်အနေဖြင့် ရွေးချယ်မှုမရှိပါ။ သင့်ရဲ့အောင်မြင်ခြင်း ဗျူဟာကတော့ "ဝမ်းမြောက်ခြင်းရှိဖို့" ဖြစ်တယ်။

ဝမ်းမြောက်ခြင်းဆိုတာ ဘုရားသခင်ကို နာခံလို့ဖြစ်ပေါ်လာတယ့် ရလဒ်မဟုတ်ပါ။ ဝမ်းမြောက်ခြင်းသည် ဘုရားသခင်ကိုနာခံခြင်းဖြစ်တယ်။

ဝမ်းမြောက်ခြင်းက နာခံခြင်းဖြစ်ပြီး ဘုရားသခင်မျက်မှောက်တော်ထဲ၌မွေ့လျော်ရန်နှင့် ဘုရားသခင်၌ ဝမ်းမြောက်ခြင်းရှိဖို့ ကျွန်တော်တို့ကို ပညတ်တော်မူထားတာဖြစ်တယ်။

စီအက်စ် လူးဝစ်ကတော့ "ခရစ်ယာန်တစ်ယောက်ရဲ့တာဝန်ကတော့ လူတိုင်းအတွက် ကိုယ်တတ်နိုင်သလောက် ဝမ်းမြောက်ခြင်းရှိကြဖို့ဖြစ်တယ်" လို့ ပြောခဲ့ပါတယ်။

သင့်ဘဝရဲ့ ပန်းတိုင်ကတော့ သင်အသက်ရှင်နေစဥ်ကာလ နေ့ရက်တိုင်း ဘုရားသခင်ကို ဂုဏ်တော်ချီးမွမ်း‌ဖို့ဖြစ်တယ်။ သင့်ဘဝရဲ့ ပန်းတိုင်က သင်တွေးသမျှအတွေးတွေ၊ သင်ပြောခဲ့သမျှစကားလုံးတွေ၊ သင့်ဆုံးဖြတ်ချက်တွေနဲ့ ဘုရားသခင်ရဲ့ နာမတော်ကို ရိုသေဖို့ဖြစ်တယ်။ ဘုရားသခင်မျက်မှောက်တော်မှ ဝမ်းမြောက်ခြင်းကို သင်ရွေးချယ်ခြင်းက ဘုရားကို သင်ရိုသေလေးစားရာရောက်ပါတယ်။ ညည်းညူခြင်း၊ ဝေဖန်ခြင်း၊ ခါးသီးခြင်း၊ ခွင့်မလွှတ်နိုင်ခြင်းတွေက ဘုရားသခင်ကို ချီးမွမ်းရာမ‌ရောက်ပါ။

မီးအပူဒဏ်ကို သင်ဝမ်းမြောက်ခြင်းနဲ့ ငြိမ်းသတ်နိုင်ရင် ဘုရားသခင်ကို ချီးမွမ်းခြင်းဖြစ်စေတယ်။ ‌ခက်ခဲသောဒုက္ခဝေဒနာကို ထပ်မံကြုံတွေ့လာပါက ဝမ်း‌မြောက်ခြင်းရှိဖို့ စိတ်ကိုဆုံးဖြတ်ထားရန်လိုအပ်ပြီး သန့်ရှင်းသောဝိညာဥ်တော်ပေးတယ့် အကြံအစည်ကို သင်နားထောင်ဖို့လိုပါတယ်။ ဒီကျမ်းပိုဒ်တွေက ကျွန်တော်တို့ ပူလောင်ခြင်းမီးကို ကြောက်ရွံ့နေဖို့မဟုတ်ဘဲ ဝမ်းမြောက်ခြင်းရှိရမယ်လို့ သွန်သင်ထားပါတယ်။
နေ့ 21နေ့ 23

ဤအစီအစဉ်အကြောင်း

A Jolt of Joy

ဘုရားသခင်၏မျက်မှောက်တော်၌ ဝမ်းမြောက်ခြင်းအပြည့်အဝရှိ၏၊ ဘုရားသခင်၏ဝမ်းမြောက်ခြင်းသည်ကား ကျွန်ပ်တို့၏ ခွန်အားဖြစ်၏။ ဟူ၍ သမ္မာကျမ်းစာက ဆိုပါ၏။ ဝမ်းမြောက်ခြင်းမှာ စိတ်ခံစားမှုနောက်တမျိုး သက်သက်မျှသာမဟုတ်။ ဝမ်းမြောက်ခြင်းမှာ ဝိညာဉ်ပကတိ၏အသီးဖြစ်ပြီး စိတ်ပျက်အားလျော့ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ရှုံးနိမ့်ခြင်းတို့ကို တွန်းလှန်တိုက်ခိုက်ရန် လက်နက်တိုက်ရှိလက်နက်တို့အနက် အကောင်းဆုံးလက်နက်တစ်ခုဖြစ်၏။ သမ္မာကျမ်းစာမှပြောသောဝမ်းမြောက်ခြင်းအကြောင်းကို ၃၁ရက်တာ လေ့လာသင်ယူလျက် ရဲရဲတင်းတင်းဝမ်းမြောက်ပျော်ရွှင်သောခရစ်ယာန်ဖြစ်လာစေရန် အားဖြည့်ပါ။

More

ဤအစီအစဉ်ကို တင်ဆက်ပေးသော Carol McLeod အားကျေးဇူတင်လိုပါ၏။ ပိုမိုသိရှိလိုပါက www.justjoyministries.com သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။