YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ရှင်ပေတရု 4:12-19

၁ ရှင်ပေတရု 4:12-19 JBMLE

ချစ်​သူ​တို့၊ သင်​တို့​ကို စုံ​စမ်း​စ​ရာ​ဖို့ ယ​ခု​ခံ​ရ​သော မီး​စစ်​ခြင်း​အ​ရာ​ကို​ကား၊ သင်​တို့၌ အံ့​ဩ​ဖွယ်​သော​အ​ရာ ဖြစ်​သည်​ဟု ထင်​မှတ်၍၊ အံ့​ဩ​ခြင်း မ​ရှိ​ကြ​နှင့်။- သင်​တို့​သည် ခ​ရစ်​တော်၏​ဆင်း​ရဲ​ကို ဆက်​ဆံ​ကြ​သည်​ဖြစ်၍၊ ဘုန်း​တော်​ပေါ်​ထွန်း​သော​အ​ခါ အ​လွန်​ဝမ်း​မြောက်​ရွှင်​လန်း​မည်​အ​ကြောင်း၊ ယ​ခု​ပင် ဝမ်း​မြောက်​ကြ​လော့။- ခ​ရစ်​တော်၏ နာ​မ​ကြောင့် ကဲ့​ရဲ့​ခြင်း​ကို​ခံ​ရ​လျှင် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်၏ ဘုန်း​ကြီး​သော ဝိ​ညာဉ်​တော်​သည် သင်​တို့​အ​ပေါ်​မှာ ကျိန်း​ဝပ်​တော်​မူ၏။ သူ​တို့၌​ကား ကဲ့​ရဲ့​ခြင်း၊ သင်​တို့၌​ကား ချီး​မွမ်း​ခြင်း​ရှိ​တော်​မူ၏။- လူ​အ​သက်​ကို​သတ်​သော အ​ပြစ်၊ သူ့​ဥ​စ္စာ​ကို​ခိုး​သော အ​ပြစ်၊ ဒု​စ​ရိုက်​ကို​ပြု​သော အ​ပြစ်၊ သူ​တစ်​ပါး​အ​မှု၌ ရော​နှော​သော​အ​ပြစ် ရှိ၍၊ သင်​တို့​တွင် အ​ဘယ်​သူ​မျှ မ​ခံ​စေ​နှင့်။- ခ​ရစ်​ယာန်​ဖြစ်​သော​ကြောင့် ခံ​ရ​လျှင်​မူ​ကား၊ ရှက်​ကြောက်​ခြင်း မ​ရှိ​စေ​နှင့်။ ထို​အ​မှု​ကြောင့်​ခံ​ရ​လျှင် ဘု​ရား​သ​ခင်၏ ဂုဏ်​တော်​ကို​ချီး​မွမ်း​စေ။- ဘု​ရား​သ​ခင်၏​အိမ်​တော်​သား​တို့​ကို ရှေ့​ဦး​စွာ စစ်​ကြော​စီ​ရင်​ရ​သော အ​ချိန်​ရှိ​ပြီ။ ငါ​တို့​ကို ရှေ့​ဦး​စွာ စစ်​ကြော​စီ​ရင်​လျှင်၊ ဘု​ရား​သ​ခင်၏ ဧ​ဝံ​ဂ​လိ​တ​ရား​စ​ကား​ကို နား​မ​ထောင်​သော​သူ​တို့၏ အ​မှု​သည် အ​ဘယ်​သို့ ပြီး​လိမ့်​မည်​နည်း။- ဖြောင့်​မတ်​သော​သူ​သည် ကယ်​တင်​ခြင်း​သို့ ရောက်​နိုင်​ခဲ​သည်​မှန်​လျှင်၊ ဘု​ရား​သ​ခင်​ကို မ​ကိုး​ကွယ်​သော​သူ၊ အ​ပြစ်​ထင်​ရှား​သော​သူ​သည် အ​ဘယ်​မှာ ပေါ်​လိမ့်​မည်​နည်း။- ထို​ကြောင့်၊ ဘု​ရား​သ​ခင်၏​အ​လို​တော်​အ​တိုင်း ဆင်း​ရဲ​ခံ​ရ​သော​သူ​တို့​သည်၊ ဘု​ရား​သ​ခင်​ကို သ​စ္စာ​ရှိ​သော အ​သက်​သ​ခင်​ကဲ့​သို့ မှတ်​လျက်၊ ကောင်း​သော​အ​ကျင့်​ကို ကျင့်​နေ၍၊ ကိုယ်​တော်၌ မိ​မိ​တို့ အ​သက်​ဝိ​ညာဉ်​ကို အပ်​နှံ​ကြ​စေ။

​၁ ရှင်ပေတရု 4:12-19 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။