YouVersion လိုဂို
ရှာရန် အိုင်ကွန်

အံ့အားသင့်‌ဝမ်းမြောက်မှုနမူနာ

A Jolt of Joy

31 ၏ နေ့ 18

ဘယ်အရာကို သင်၏ဝိညာဥ် တောင့်တသနည်း။ ငွေကြေးချမ်းသာမှုကို တောင့်တပါသလား။ သင်၏ အမျိုးသားနဲ့ ကွာရှင်းဖို့ တောင့်တနေပါသလား။ ကိုယ့်လမ်းကြောင်းကို လျှောက်လိုပါသလား ဒါမှမဟုတ် မိမိကိုယ်ကို ရိုးရိုးသားသား ဝန်ခံဖို့ တောင့်တနေတာလား။ ဆာလံကျမ်းဆရာကတော့ ဘုရားသခင်၏ နန်းတော်ကို စောင့်မျှော်တောင့်တ‌နေတာ ဖြစ်တယ်။ ဒါဝဒ်မင်းကြီးကတော့ ဘုရားသခင်၏ နှစ်သက်မက်ဖွယ်ကောင်းသော မျက်မှောက်တော်ထဲမှာ ဘုရားနဲ့အတူ အချိန်ယူဖို့ တောင့်တခဲ့တာဖြစ်တယ်။

ဘဝမှာ သင် တောင့်တဆာငတ်နေတဲ့အရာများကို မဖြေရှင်းသရွေ့ သင့်အတွက်ရည်ရွယ်ပြီးထားပြီဖြစ်သော ဝမ်းမြောက်ခြင်းကို သင်ဘယ်တော့မှ ကြုံတွေ့ရမှာ မဟုတ်ပါ။ နောက်ဆုံးတော့ သင်ကိုယ်တိုင် ဘုရားရဲ့ မျက်မှောက်တော်ကိုရှာဖွေပြီး သင့်စိတ်အလိုအတိုင်းသွားတာထက် ဘုရားရဲ့ အလိုတော်အတိုင်း လျှောက်လှမ်းတယ့် အချိန်မှာ ဘုရားဆီကလာတယ့် ဝမ်း‌‌‌မြောက်ခြင်းကို သင်လက်ခံရရှိမှာဖြစ်တယ်။ သင့်ဘဝဟာ ဘုရားအတွက်ဖြစ်တယ်၊ သင့်အသက်တာဟာ သင်မဟုတ်ကြောင်း စတင်သိရှိလာပါက ဘုရား၏မျက်မှောက်တော်မှာ မကုန်ခမ်းနိုင်သော ဝမ်းမြောက်ခြင်းကို သင်တွေ့ကြုံရမှာ ဖြစ်တယ်။ သင့်ဝိညာဥ်အလိုအပ်ဆုံးနဲ့ ‌တောင့်တဆာငတ်နေတယ့်အရာတွေကို ဘုရားနဲ့ ‌မွေ့လျော်ခြင်းအားဖြင့်သာ ရနိုင်သည်။

ဘုရားသခင်ကို ချီးမွမ်းသီဆိုခြင်းအားဖြင့် အံ့ဩဖွယ်ကောင်းသော စိတ်ကျေနပ်မှုကို သင်တွေ့ကြုံခံစားရမယ်လို့ ကျွန်တော်မျှော်လင့်တယ်။ နောက်တခါ သင်ဒေါသနဲ့ပေါက်ကွဲသလို ခံစားရပါက ဘုရားသီချင်းတစ်ပုဒ်လောက်ဆိုကြည့်ပါလား။ ‌နောက်တခါ သင့်ဘဝအကြောင်း ပြောပြလိုတယ့်အချိန်မှာ သင့်ဝိညာဥ် ငြိမ်သက်ခြင်းရဖို့ ခေါင်းငုံ့ပြီး ပါးစပ်ဖျားကနေ ဓမ္မသီချင်းတစ်ပုဒ်ရဲ့ စာသားများကို ရေရွတ်ကြည့်ပါလား။ နောက်တခါ လုပ်ငန်းခွင်မှာ လုပ်ဖော်ကိုင်ဖက်တယောက်က ‌သင့်ကိုဝေဖန်တယ့်အခါမှာ ဓမ္မသီချင်းတစ်ပုဒ်ကို သီဆိုကြည့်ပါလား။

ဒေါသကိုသီချင်းနဲ့ ပြန်လည်တုန့်ပြန်ပါ။ စိတ်ပျက်အားငယ်ခြင်းကို ကိုးကွယ်သီဆိုခြင်းဖြင့် တုန့်ပြန်ပါ။ စိတ်မရှည်ခြင်းကို ချီးမွမ်းခြင်းဖြင့် တုန့်ပြန်ပါ။ နေ့စဥ်ဘဝမှာ ကြုံတွေ့ခံစားနေရတယ့် ပြဿနာတွေကို ကျွန်တော်တို့ ဘယ်လိုတုန့်ပြန်နေလဲဆိုတာ ဘုရားသခင် ဂရုစိုက်တာပေါ့။ ဆာလံဆရာလိုဘဲ ကျွန်တော်ကတော့ သီဆိုကိုးကွယ်ဖို့ ရွေးချယ်တယ်။

ကျမ်းစာများ

နေ့ 17နေ့ 19

ဤအစီအစဉ်အကြောင်း

A Jolt of Joy

ဘုရားသခင်၏မျက်မှောက်တော်၌ ဝမ်းမြောက်ခြင်းအပြည့်အဝရှိ၏၊ ဘုရားသခင်၏ဝမ်းမြောက်ခြင်းသည်ကား ကျွန်ပ်တို့၏ ခွန်အားဖြစ်၏။ ဟူ၍ သမ္မာကျမ်းစာက ဆိုပါ၏။ ဝမ်းမြောက်ခြင်းမှာ စိတ်ခံစားမှုနောက်တမျိုး သက်သက်မျှသာမဟုတ်။ ဝမ်းမြောက်ခြင်းမှာ ဝိညာဉ်ပကတိ၏အသီးဖြစ်ပြီး စိတ်ပျက်အားလျော့ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ရှုံးနိမ့်ခြင်းတို့ကို တွန်းလှန်တိုက်ခိုက်ရန် လက်နက်တိုက်ရှိလက်နက်တို့အနက် အကောင်းဆုံးလက်နက်တစ်ခုဖြစ်၏။ သမ္မာကျမ်းစာမှပြောသောဝမ်းမြောက်ခြင်းအကြောင်းကို ၃၁ရက်တာ လေ့လာသင်ယူလျက် ရဲရဲတင်းတင်းဝမ်းမြောက်ပျော်ရွှင်သောခရစ်ယာန်ဖြစ်လာစေရန် အားဖြည့်ပါ။

More

ဤအစီအစဉ်ကို တင်ဆက်ပေးသော Carol McLeod အားကျေးဇူတင်လိုပါ၏။ ပိုမိုသိရှိလိုပါက www.justjoyministries.com သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။