အံ့အားသင့်ဝမ်းမြောက်မှုနမူနာ
ယုဒသမိုင်းတလျှောက်မှာ ယောရှဖတ်စစ်တပ်ကဲ့သို့ သေချာပြင်ဆင်ထားတယ့် စစ်တပ်မရှိခဲ့ဘူး။ ထာဝရဘုရားကို အာရုံပြုခဲ့တယ်။ ဗိမာန်တော်ထဲမှာ ကိန်းအောင်းခဲ့တယ်။ အစာရှောင်ဆုတောင်းခြင်းတွေပြုလုပ်ခဲ့တယ်။ မျက်နှာကို မြေပေါ်မှာ လဲထားလျက် ကိုးကွယ်ခဲ့တယ်။ စစ်ပွဲမစခင်မှာတောင် အောင်မြင်ခြင်းကြွေးကြော်သံ လွှင့်ခဲ့ကြတယ်။
ယောရှဖတ်လက်ထက်မှာ လူအပေါင်းတို့က ထာဝရဘုရားအား ချီးမွမ်းသီဆိုနေစဥ် ဘုရားကိုယ်တိုင် ဝင်တိုက်ပေးနေခဲ့တာဖြစ်တယ်။ ဘုရား၏ဥပဒေသတွေက ဘယ်တော့မှမပြောင်းလဲ။ သင့်အသက်တာကို ချီးမွမ်းသီဆိုနေခြင်းဖြင့် အသုံးချပါက ဘုရားကိုယ်တိုင် သင့်အတွက်တိုက်ပေးမှာဖြစ်တယ်။ သင်ယုံနိုင်မလား။ သင်ယုံကြည်တယ်ဆိုရင် သင်စိုးရိမ်ချိန်နည်းပြီး ချီးမွမ်းကိုးကွယ်ချိန်များလာမှာဖြစ်တယ်။ ရာဇဝင်ချုပ်ဒုတိယစာစောင်မှ ဤနိယာမကို သင်အမှန်အကန်ယုံကြည်ရင် ချီးမွမ်းတာများပြီး အတင်းအဖျင်းပြောတာနည်းလာမှာဖြစ်တယ်။
ဘုရားရဲ့ နည်းဥပဒေသနှင့် ကျမ်းစာထဲမှနည်းလမ်းများကို လိုက်နာတယ့်အခါ ကျွန်တော်တို့ဟာ အောင်မြင်သူထက်အောင်မြင်သောသူ ဖြစ်မှာဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ အစေခံနေသော ဘုရားက အောင်မြင်ခြင်းကိုပေးသော ဘုရားဖြစ်တယ်။
ရန်သူတပ်ရဲ့ ဝိုင်းရံခြင်းကို ခံနေရသော ပြည်သူတွေက ၃ရက်တိုင်အောင် အကြွင်းအကျန်များကို စုဆောင်းနေခဲ့ပြီး မသယ်နိုင်လောက်အောင် များပြားခဲ့တယ်။ ဘဝမှာဆိုးရွားတယ့် အခိုက်အတန်ံကို ရင်ဆိုင်နေရချိန်မှာ ဘုရားသခင်ကို ခေါ်သောသူတို့အပေါ် ဘုရားရဲ့ ကျေးဇူးတော်ကရုဏာကြွယ်ဝတယ်။
ကျွန်တေ်တို့သည် ငိုကြွေးခြင်းထက် ဝတ်ပြုကိုးကွယ်ခြင်းကို ရွေးချယ်သောအခါ ဘုရားသခင်သည် သူ့လူများ၏ ဆုတောင်းချက်များနှင့် မျှော်လင့်ချက်များထက် ပိုကောင်းအောင်အဖြေပေးမှာဖြစ်သည်။
ယေရုရှလင်မြို့ကိုဝမ်းမြောက်ခြင်းနဲ့ပြန်လာခဲ့တယ်၊ ငြိမ်သက်ခြင်းကို အပြည့်အဝခံစားခဲ့ရပြီး ဘုရားက သူတို့အတွက် ငြိမ်သက်ခြင်းကိုပေးခဲ့တယ်။
ဘယ်လောက်တောင် စိတ်ချမ်းသာစရာကောင်းလဲ။

ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ဘုရားသခင်၏မျက်မှောက်တော်၌ ဝမ်းမြောက်ခြင်းအပြည့်အဝရှိ၏၊ ဘုရားသခင်၏ဝမ်းမြောက်ခြင်းသည်ကား ကျွန်ပ်တို့၏ ခွန်အားဖြစ်၏။ ဟူ၍ သမ္မာကျမ်းစာက ဆိုပါ၏။ ဝမ်းမြောက်ခြင်းမှာ စိတ်ခံစားမှုနောက်တမျိုး သက်သက်မျှသာမဟုတ်။ ဝမ်းမြောက်ခြင်းမှာ ဝိညာဉ်ပကတိ၏အသီးဖြစ်ပြီး စိတ်ပျက်အားလျော့ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ရှုံးနိမ့်ခြင်းတို့ကို တွန်းလှန်တိုက်ခိုက်ရန် လက်နက်တိုက်ရှိလက်နက်တို့အနက် အကောင်းဆုံးလက်နက်တစ်ခုဖြစ်၏။ သမ္မာကျမ်းစာမှပြောသောဝမ်းမြောက်ခြင်းအကြောင်းကို ၃၁ရက်တာ လေ့လာသင်ယူလျက် ရဲရဲတင်းတင်းဝမ်းမြောက်ပျော်ရွှင်သောခရစ်ယာန်ဖြစ်လာစေရန် အားဖြည့်ပါ။
More
ဤအစီအစဉ်ကို တင်ဆက်ပေးသော Carol McLeod အားကျေးဇူတင်လိုပါ၏။ ပိုမိုသိရှိလိုပါက www.justjoyministries.com သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။