အံ့အားသင့်ဝမ်းမြောက်မှုနမူနာ
ယုဒလူမျိုးတွေက အကြင်နာကင်းမဲ့ပြီး အလွန်အင်အားကြီးမားသောရန်သူရဲ့ တိုက်ခိုက်ခြင်းကို ခံရတော့မှာဖြစ်တယ်။ ဗိမာန်တော်ထဲမှာ အတူတကွဆုတောင်းပြီး ဘုရားဆီမှ အကူအညီကိုတောင်းလျှောက်ကြတယ်။ တတိုင်းပြည်လုံးက ဘုရားသခင်ရဲ့အသံတော်ကို ရင်တမမ စောင့်မျှော်နေခဲ့ကြတယ်။ သူတို့အကုန်လုံးအသတ်ခံရမလား။ သူတို့နေအိမ်တွေလုယက်ပြီး မီးရှို့ဖျက်စီးခံရနိုင်လား။ သူတို့ဇနီးမယားတွေ သမီးတွေ အကြမ်းဖက်ခံရနိုင်မလား။
ဒါပေမယ့်ရုတ်တရက် ဘုရားသခင်၏ဝိညာဥ်တော်က အာသပ်၏အမျိုးနွယ် ယဟာဇေလထံ ဆင်းသက်ခဲ့တယ်။ ယဟာဇေလသည် ဝတ်ပြုကိုးကွယ်ခြင်းခေါင်းဆောင်တဦးဖြစ်တယ်။ သူ၏မျိုးရိုးက ၆နှစ်တိုင်တိုင် ဝတ်ပြုကိုးကွယ်ခြင်းကို ဦးဆောင်ခဲ့တယ်။ ဒီသမိုင်းအဖြစ်အပျက်မှာ ဘုရားသခင်က ယဟာဇေလအား " မကြောက်ရွံနှင့်။ ဘုရားအတူပါရှိတယ်။ ဘုရားသခင် သင့်အတွက်တိုက်ပေးမှာဖြစ်တယ့်အတွက်ကြောင့် သင်စိုးရိမ်နေစရာမလိုဘူး။ ယုံကြည်ချက်ရှိရှိရပ်တည်ဖို့လိုတယ်" လို့ပြောကြားခဲ့တယ်။
ဒီစကားလုံးတွေဟာ ခေတ်အဆက်ဆက်မှ ယဟာဇေလနှုတ်ဖျားကနေ သင့်နှလုံးသားထဲအထိ တို့ထိနေမှာဖြစ်တယ်။ ဘုရားသခင်က သင်နဲ့အတူပါရှိပြီး ယနေ့ သင့်အတွက်တိုက်ပေးမှာဖြစ်တယ်။ ပင်လယ်နီကို နှစ်ခြမ်းကွဲစေတယ့် ဒီဘုရားကဘဲ သင့်အနားမှာရှိနေမှာဖြစ်တယ်။ ဂေါလိယက်ကြီးကို ဒါဝဒ်အားဖြင့် တိုက်ခိုက်ပေးတယ့် ဘုရားက သင့်အတွက်တိုက်ခိုက်ပေးမှာဖြစ်တယ်။ ဒံယောလအတွက် ခြင်္သေ့ပါးစပ်တွေကို ပိတ်ပေးခဲ့တယ့် ဘုရားက သင့်ဘဝအတွက် တာဝန်ယူထားတာဖြစ်တယ်။
ဘုရင်ကြီးယောရှဖတ် ဘာလုပ်ခဲ့တယ်ထင်လဲ။ သူဘုရားရှေ့မှောက်မှာ ဒူးထောက်လျှက် ကိုးကွယ်နေခဲ့တာဖြစ်တယ်။ တော်တော်ကောင်းတယ့်အကြံဘဲ..သင်ရောဘယ်လိုထင်လဲ။ သင့်ဘဝမှာ ရန်သူနဲ့ရင်ဆိုင်နေရပြီဆိုရင် ရှင်ဘုရင်ကြီးတွေ ဘုရားရှေ့တော်မှောက်မှာ ပြတ်ဝပ်ကိုးကွယ်သကဲ့သို့ သင်ကိုယ်တိုင်လဲ လုပ်သင့်တယ်။ယောရှဖတ်အတွက် ကောင်းမွန်သင့်မြတ်တယ်ဆိုရင် သင့်အတွက်လဲ ကောာင်းမွန်သင့်မြတ်ပါတယ်။ သင်နှစ်ချင်းဖြစ်ဖြစ်၊ ပင်တေကုတ္တေဖြစ်ဖြစ်၊ လူသာရန်ဖြစ်ဖြစ်၊ ကရာစမတ်တစ်ဖြစ်ဖြစ်၊ ဧဖိစကိုဖယ်ဖြစ်ဖြစ်၊ မြေပြင်လှိမ့်ဂိုဏ်းဖြစ်ဖြစ် ဘယ်ဂိုဏ်းဂဏနဲ့မှ မသက်ဆိုင်ပါ။ နေ့ရက်တိုင်း မျက်နှာကိုမော့ထားလျက် စိတ်နှလုံးသားကို တို့ထိသော ဝတ်ပြုကိုးကွယ်ခြင်းဖြင့် ကျွန်ုပ်၏အချိန်နာရီကို အသုံးချမယ်။ တန်ခိုးတော််နှင့်အောင်မြင်ခြင်ရှိတယ့် နေရာဖြစ်တယ်။ သ့င်ထက်ပိုကြီးသော တိုက်ပွဲကို သင်ရင်ဆိုင်နေရပါက ဆုတောင်းကိုးကွယ်ခြင်းက မဟာဗျူဟာဖြစ်ပြီး အဲ့တိုက်ပွဲကိုကျော်လွှားနိုင်ရန်အတွက် ဖန်တီးထားတာဖြစ်တယ်။ နောက်ဆုံးအချိန်မှာ ယောရှဖတ် ဘာလုပ်ခဲ့လဲ။ မတ်တပ်ရပ်ပြီး ဘုရားကို အော်ဟစ်ချီးမွမ်းခဲ့တယ်။ သူဘုရားအသံတော်ကို နားထောင်ခဲ့တယ်။ သင်ယောရှဖတ်ကဲ့သို့ ချီးမွမ်းချင်ပါသလား။ ချီးမွမ်းကြလော့..ကျွန်ုပ်တို့ နိုင်တော့မှာဖြစ်တယ်။

ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ဘုရားသခင်၏မျက်မှောက်တော်၌ ဝမ်းမြောက်ခြင်းအပြည့်အဝရှိ၏၊ ဘုရားသခင်၏ဝမ်းမြောက်ခြင်းသည်ကား ကျွန်ပ်တို့၏ ခွန်အားဖြစ်၏။ ဟူ၍ သမ္မာကျမ်းစာက ဆိုပါ၏။ ဝမ်းမြောက်ခြင်းမှာ စိတ်ခံစားမှုနောက်တမျိုး သက်သက်မျှသာမဟုတ်။ ဝမ်းမြောက်ခြင်းမှာ ဝိညာဉ်ပကတိ၏အသီးဖြစ်ပြီး စိတ်ပျက်အားလျော့ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ရှုံးနိမ့်ခြင်းတို့ကို တွန်းလှန်တိုက်ခိုက်ရန် လက်နက်တိုက်ရှိလက်နက်တို့အနက် အကောင်းဆုံးလက်နက်တစ်ခုဖြစ်၏။ သမ္မာကျမ်းစာမှပြောသောဝမ်းမြောက်ခြင်းအကြောင်းကို ၃၁ရက်တာ လေ့လာသင်ယူလျက် ရဲရဲတင်းတင်းဝမ်းမြောက်ပျော်ရွှင်သောခရစ်ယာန်ဖြစ်လာစေရန် အားဖြည့်ပါ။
More
ဤအစီအစဉ်ကို တင်ဆက်ပေးသော Carol McLeod အားကျေးဇူတင်လိုပါ၏။ ပိုမိုသိရှိလိုပါက www.justjoyministries.com သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။