YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ရာဇဝင်ချုပ် 20:14-19

၂ ရာဇဝင်ချုပ် 20:14-19 JBMLE

ထို​အ​ခါ ပ​ရိ​သတ်​အ​လယ်၌​ရှိ​သော လေ​ဝိ​အ​မျိုး၊ အာ​သပ်​အ​နွယ်၊ မ​တ္တ​နိ၊ ယေ​ယေ​လ၊ ဗေ​နာ​ယ၊ ဇာ​ခ​ရိ​တို့​မှ ဆင်း​သက်​သော ယ​ဟာ​ဇေ​လ​အ​ပေါ်​သို့၊ ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​သည် သက်​ရောက်၍၊ ထို​သူ​က၊ အို​ယော​ရှ​ဖတ်​မင်း​ကြီး​နှင့် ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား​အ​ပေါင်း​တို့၊ နား​ထောင်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ထို​အ​လုံး​အ​ရင်း​ကြီး​ကြောင့် မ​ကြောက်​ကြ​နှင့်။ စိတ်​မ​ပျက်​ကြ​နှင့်။ စစ်​မှု​သည် သင်​တို့​တာ​မ​ဟုတ်၊ ဘု​ရား​သ​ခင့်​တာ ဖြစ်၏။ နက်​ဖြန်​နေ့ သူ​တို့​ရှိ​ရာ​သို့ ချီ​သွား​ကြ​လော့။ သူ​တို့​သည် ဇိ​ဇ​မြို့​သို့ တက်​ရာ​လမ်း​ဖြင့် လာ​ကြ​စဉ်၊ ယေ​ရွေ​လ​တော​စပ်​နား၊ ချိုင့်​ဝ​မှာ သင်​တို့​တွေ့​ကြ​လိမ့်​မည်။ သို့​ရာ​တွင်၊ အို​ယု​ဒ​ပြည်​သူ ယေ​ရု​ရှ​လင်​မြို့​သား​တို့၊ သင်​တို့​သည် စစ်​တိုက်​စ​ရာ​အ​ကြောင်း မ​ရှိ​သည်​ဖြစ်၍၊ တည်​ကြည်​စွာ မတ်​တတ်​နေ​လျက်၊ ထာ​ဝ​ရ​ဘု​ရား ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို ကြည့်​ရှု​ကြ​လော့။ မ​ကြောက်​ကြ​နှင့်။ စိတ်​မ​ပျက်​ကြ​နှင့်။ နက်​ဖြန်​နေ့ ချီ​သွား​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​နှင်​အ​တူ ရှိ​တော်​မူ​လိမ့်​မည်​ဟု မြွက်​ဆို၏။ ယော​ရှ​ဖတ်​သည် မြေ​ပေါ်​မှာ​ဦး​ချ၍ ယု​ဒ​ပြည်​သူ ယေ​ရု​ရှ​လင်​မြို့​သား​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ပျပ်​ဝပ်​လျက်၊ ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​ကွယ်​ကြ၏။ လေ​ဝိ​အ​မျိုး၊ ကော​ဟတ်​အ​နွယ်​သား​နှင့် ကော​ရ​အ​နွယ်​သား​တို့​သည်၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို၊ ကျယ်​သော​အ​သံ​နှင့် ချီး​မွမ်း​ခြင်း​ငှာ ရပ်​နေ​ကြ၏။