YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 60:6-12

ဆာလံ 60:6-12 JBMLE

သန့်​ရှင်း​ခြင်း​ပါ​ရ​မီ​တော်​ကို တိုင်​တည်၍ ဘု​ရား​သ​ခင်​သည် ဗျာ​ဒိတ်​ထား​တော်​မူ​သော​ကြောင့်၊ ငါ​သည် ဝမ်း​မြောက်​မည်။ ရှေ​ခင်​မြို့​ကို ပိုင်း​ခြား​မည်။ သု​ကုတ်​လယ်​ပြင်​ကို တိုင်း​ထွာ​မည်။ ဂိ​လဒ်​ပြည်​ကို ငါ​ပိုင်​ရ၏။ မ​နာ​ရှေ​ပြည်​ကို​လည်း ငါ​ပိုင်​ရ၏။ ဧ​ဖ​ရိမ်​ပြည်​ကား၊ ငါ့​ဦး​ခေါင်း၏​အ​စွမ်း​ဖြစ်​ရ၏။ ယု​ဒ​ပြည်​ကား၊ ငါ၏​လွှတ်​တော်​ဖြစ်​ရ၏။ မော​ဘ​ပြည်​ကား၊ ငါ့​ရေ​ချိုး​အိုး​ဖြစ်​ရ၏။ ဧ​ဒုံ​ပြည်​ကား၊ ငါ့​ခြေ​နင်း​ရာ ဖြစ်​ရ၏။ ဖိ​လိ​တ္တိ​ပြည်​အ​ပေါ်​မှာ အောင်​သံ​နှင့် ကြွေး​ကြော်​မည်။ အား​ကြီး​သော မြို့​ထဲ​သို့ ငါ့​ကို အ​ဘယ်​သူ သွင်း​ပေး​မည်​နည်း။ ဧ​ဒုံ​ပြည်​သို့ ငါ့​ကို အ​ဘယ်​သူ​လမ်း​ပြ​မည်​နည်း။ အို ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​တို့​ကို စွန့်​ပစ်​တော်​မူ​သော ကိုယ်​တော်​သည် ပြု​တော်​မူ​မည် မ​ဟုတ်​လော။ အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​တို့​ဗိုလ်​ခြေ​နှင့်​အ​တူ ကြွ​တော်​မ​မူ​သော ကိုယ်​တော်​သည် ပြု​တော်​မူ​မည် မ​ဟုတ်​လော။ ဒု​က္ခ​နှင့် ကင်း​လွတ်​စေ​ခြင်း​ငှာ မ​စ​တော်​မူ​ပါ။ လူ​တို့​သည် ကယ်​တင်​ခြင်း​ငှာ မ​တတ်​နိုင်​ကြ​ပါ။ ဘု​ရား​သ​ခင်​အား​ဖြင့် ငါ​တို့​သည် ရဲ​ရင့်​စွာ ပြု​ကြ​မည်။ ငါ​တို့၏ ရန်​သူ​များ​ကို ကိုယ်​တော်​တိုင်​နင်း​တော်​မူ​မည်။