YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 60

60
ကယ်​ဆယ်​တော်​မူ​ရန်​ဆု​တောင်း
"ဒါ​ဝိဒ်​သည် မေ​သော​ပေါ​တာ​မိ​ရုရိဇော​တ​မှ​လူ​တို့​ကို တိုက်​ခိုက်​ရာ၊ ယွာ​ဘ​သည်​ပြန်​လှည့်​၍ ဧ​ဒုံ​လူ တစ်​သောင်း​နှစ်​ထောင်​တို့​ကို ဆား​ချိုင့်​တွင်​သတ်​ပြီး​နောက် သွန်​သင်​ရန်​ဒါ​ဝိဒ်​စပ်​ဆို​သော​ဆာ​လံ။"
(၂​ရာ၊ ၈း၁၃၊ ၅​ရာ၊ ၁၈း၁၂)
1အို​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည် အ​မျက်​ထွက်​သ​ဖြင့်၊ အ​ကျွန်ုပ်​တို့​ကို စွန့်​ပစ်၍ အ​ရပ်​ရပ်​သို့ ကွဲ​ပြား​စေ​တော်​မူ​ပြီ။ တစ်​ဖန် အ​ကျွန်ုပ်​တို့​ကို အ​သက်​ရှင်​စေ​တော်​မူ​ပါ။ 2မြေ​ကြီး​ကို လှုပ်၍ ခွဲ​တော်​မူ​ပြီ။ ကွဲ​အက်​ရာ​တို့​ကို တစ်​ဖန် စေ့​စပ်​စေ​တော်​မူ​ပါ။ တုန်​လှုပ်​လျက် ရှိ​ပါ​သေး၏။ 3ကိုယ်​တော်၏​လူ​တို့​ကို ခက်​ထန်​စွာ​စီ​ရင်၍၊ မှိုင်​တွေ​ခြင်း စ​ပျစ်​ရည်​ကို​တိုက်​တော်​မူ​ပြီ။ 4ကိုယ်​တော်​ကို ကြောက်​ရွံ့​သော သူ​တို့​သည် သ​စ္စာ​တ​ရား​ကြောင့် ထူ​ရ​သော​အ​လံ​ကို ပေး​သ​နား​တော်​မူ​ပြီ။ 5ချစ်​တော်​မူ​သော သူ​တို့​သည် ချမ်း​သာ​ရ​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်​စ​ကား​ကို​နား​ထောင်၍၊ လက်​ယာ​လက်​ရုံး​တော်​အား​ဖြင့် ကယ်​တင်​တော်​မူ​ပါ။
6သန့်​ရှင်း​ခြင်း​ပါ​ရ​မီ​တော်​ကို တိုင်​တည်၍ ဘု​ရား​သ​ခင်​သည် ဗျာ​ဒိတ်​ထား​တော်​မူ​သော​ကြောင့်၊ ငါ​သည် ဝမ်း​မြောက်​မည်။ ရှေ​ခင်​မြို့​ကို ပိုင်း​ခြား​မည်။ သု​ကုတ်​လယ်​ပြင်​ကို တိုင်း​ထွာ​မည်။ 7ဂိ​လဒ်​ပြည်​ကို ငါ​ပိုင်​ရ၏။ မ​နာ​ရှေ​ပြည်​ကို​လည်း ငါ​ပိုင်​ရ၏။ ဧ​ဖ​ရိမ်​ပြည်​ကား၊ ငါ့​ဦး​ခေါင်း၏​အ​စွမ်း​ဖြစ်​ရ၏။ ယု​ဒ​ပြည်​ကား၊ ငါ၏​လွှတ်​တော်​ဖြစ်​ရ၏။ 8မော​ဘ​ပြည်​ကား၊ ငါ့​ရေ​ချိုး​အိုး​ဖြစ်​ရ၏။ ဧ​ဒုံ​ပြည်​ကား၊ ငါ့​ခြေ​နင်း​ရာ ဖြစ်​ရ၏။ ဖိ​လိ​တ္တိ​ပြည်​အ​ပေါ်​မှာ အောင်​သံ​နှင့် ကြွေး​ကြော်​မည်။ 9အား​ကြီး​သော မြို့​ထဲ​သို့ ငါ့​ကို အ​ဘယ်​သူ သွင်း​ပေး​မည်​နည်း။ ဧ​ဒုံ​ပြည်​သို့ ငါ့​ကို အ​ဘယ်​သူ​လမ်း​ပြ​မည်​နည်း။ 10အို ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​တို့​ကို စွန့်​ပစ်​တော်​မူ​သော ကိုယ်​တော်​သည် ပြု​တော်​မူ​မည် မ​ဟုတ်​လော။ အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​တို့​ဗိုလ်​ခြေ​နှင့်​အ​တူ ကြွ​တော်​မ​မူ​သော ကိုယ်​တော်​သည် ပြု​တော်​မူ​မည် မ​ဟုတ်​လော။ 11ဒု​က္ခ​နှင့် ကင်း​လွတ်​စေ​ခြင်း​ငှာ မ​စ​တော်​မူ​ပါ။ လူ​တို့​သည် ကယ်​တင်​ခြင်း​ငှာ မ​တတ်​နိုင်​ကြ​ပါ။ 12ဘု​ရား​သ​ခင်​အား​ဖြင့် ငါ​တို့​သည် ရဲ​ရင့်​စွာ ပြု​ကြ​မည်။ ငါ​တို့၏ ရန်​သူ​များ​ကို ကိုယ်​တော်​တိုင်​နင်း​တော်​မူ​မည်။

လက်ရှိရွေးချယ်ထားမှု

ဆာလံ 60: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ