YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 84:1-4

ဆာလံ 84:1-4 JBMLE

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော် ကျိန်း​ဝပ်​တော်​မူ​ရာ​အ​ရပ်​ဌာ​န​တို့​သည် အ​လွန်​နှစ်​သက်​ဖွယ် ဖြစ်​ပါ​သည်​တ​ကား၊ ထာ​ဝ​ရ​ဘု​ရား၏​တံ​တိုင်း​တော်​တို့​ကို အ​ကျွန်ုပ်၏​ဝိ​ညာဉ်​သည် တ​သ၍ အား​လျော့​လျက်​ရှိ​ပါ၏။ အ​ကျွန်ုပ်​နှ​လုံး​နှင့် ကိုယ်​ခ​န္ဓာ​သည် အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို​အ​လို​ရှိ၍ ကြွေး​ကြော်​ပါ၏။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်၏​ရှင်​ဘု​ရင်၊ အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်၊ အ​ကယ်​စင်​စစ် ယဇ်​ပ​လ္လင်​တော်​တို့​အ​နား​မှာ စာ​ငှက်​သည် နေ​ရာ​အ​ရပ်​ကို​လည်း​ကောင်း၊ ဇ​ရက်​သည်​လည်း သား​ငယ်​မွေး​စ​ရာ အ​သိုက်​ကို​လည်း​ကောင်း တွေ့​ရ​ပါ၏။ အိမ်​တော်၌​နေ​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ပါ၏။ ကိုယ်​တော်​ကို အ​စဉ် ချီး​မွမ်း​ကြ​ပါ​လိမ့်​မည်။