YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 84

84
ဘု​ရား​သ​ခင်​၏​အိမ်​တော်​ကို​တ​သ​ခြင်း
1ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော် ကျိန်း​ဝပ်​တော်​မူ​ရာ​အ​ရပ်​ဌာ​န​တို့​သည် အ​လွန်​နှစ်​သက်​ဖွယ် ဖြစ်​ပါ​သည်​တ​ကား၊ 2ထာ​ဝ​ရ​ဘု​ရား၏​တံ​တိုင်း​တော်​တို့​ကို အ​ကျွန်ုပ်၏​ဝိ​ညာဉ်​သည် တ​သ၍ အား​လျော့​လျက်​ရှိ​ပါ၏။ အ​ကျွန်ုပ်​နှ​လုံး​နှင့် ကိုယ်​ခ​န္ဓာ​သည် အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို​အ​လို​ရှိ၍ ကြွေး​ကြော်​ပါ၏။ 3ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်၏​ရှင်​ဘု​ရင်၊ အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်၊ အ​ကယ်​စင်​စစ် ယဇ်​ပ​လ္လင်​တော်​တို့​အ​နား​မှာ စာ​ငှက်​သည် နေ​ရာ​အ​ရပ်​ကို​လည်း​ကောင်း၊ ဇ​ရက်​သည်​လည်း သား​ငယ်​မွေး​စ​ရာ အ​သိုက်​ကို​လည်း​ကောင်း တွေ့​ရ​ပါ၏။ 4အိမ်​တော်၌​နေ​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ပါ၏။ ကိုယ်​တော်​ကို အ​စဉ် ချီး​မွမ်း​ကြ​ပါ​လိမ့်​မည်။
5ကိုယ်​တော်​ကို အား​ပြု​သော​သူ​သည် မင်္ဂ​လာ​ရှိ​ပါ၏။ ထို​သို့​သော​သူ​တို့​သည် လမ်း​ခ​ရီး​တော်​တို့​ကို နှ​လုံး​သွင်း​တတ်​ကြ​ပါ၏။ 6သူ​တို့​သည် ဗာ​ကာ​လွင်​ပြင်၌ လျှောက်​သွား​စဉ်၊ ထို​လွင်​ပြင်​ကို စမ်း​ရေ​ထွက်​ရာ​အ​ရပ်​ဖြစ်​စေ​ကြ​ပါ၏။ အ​ရင် မိုး​ရေ​လည်း မင်္ဂ​လာ​များ​နှင့် လွှမ်း​စေ​ပါ၏။ 7သူ​တို့​သည် အား​တိုး​တက်၍ ခ​ရီး​သွား​လျက်၊ ဇိ​အုန်​မြို့​မှာ ဘု​ရား​သ​ခင့်​ထံ​တော်၌ မျက်​နှာ​ပြ​ကြ​ပါ၏။
8ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်၏​ပ​တ္ထ​နာ​စ​ကား​ကို မှတ်​တော်​မူ​ပါ။ ယာ​ကုပ်​အ​မျိုး၏​ဘု​ရား​သ​ခင်၊ နား​ထောင်​တော်​မူ​ပါ။ 9အ​ကျွန်ုပ်​တို့​ကို​ကွယ်​ကာ​တော်​မူ​သော​ဘု​ရား၊ ကြည့်​ရှု​တော်​မူ​ပါ။ အ​ထံ​တော်၌ ဘိ​သိက်​ခံ​သော​သူ၏​မျက်​နှာ​ကို ထောက်​ရှု​တော်​မူ​ပါ။ 10တံ​တိုင်း​တော်​တို့​အ​တွင်း၌ နေ​သော​တစ်​ရက်​သည် အ​ခြား​အ​ရပ်၌​နေ​သော အ​ရက်​တစ်​ထောင်​ထက် သာ၍​ကောင်း​ပါ၏။ မ​တ​ရား​သော​သူ၏​နေ​ရာ၌ နေ​ရ​သော​အ​ခွင့်​ထက်၊ အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင့်​အိမ်​တော်၌ တံ​ခါး​စောင့်​အ​ရာ​ကို အ​ကျွန်ုပ်​သာ၍ နှစ်​သက်​ပါ၏။ 11ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် နေ​လည်း​ဖြစ်​တော်​မူ၏။ အ​ကွယ်​အ​ကာ​လည်း ဖြစ်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ကျေး​ဇူး​တော်​နှင့် ဘုန်း​အ​သ​ရေ​ကို ပေး​တော်​မူ၏။ ဖြောင့်​မတ်​စွာ​ကျင့်​သော​သူ​တို့​အား ကောင်း​သော​အ​ရာ​ကို ငြင်း​တော်​မ​မူ။ 12ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၌ ခို​လှုံ​သော​သူ​သည် မင်္ဂ​လာ​ရှိ​ပါ၏။

လက်ရှိရွေးချယ်ထားမှု

ဆာလံ 84: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ