YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 84:5-12

ဆာလံ 84:5-12 JBMLE

ကိုယ်​တော်​ကို အား​ပြု​သော​သူ​သည် မင်္ဂ​လာ​ရှိ​ပါ၏။ ထို​သို့​သော​သူ​တို့​သည် လမ်း​ခ​ရီး​တော်​တို့​ကို နှ​လုံး​သွင်း​တတ်​ကြ​ပါ၏။ သူ​တို့​သည် ဗာ​ကာ​လွင်​ပြင်၌ လျှောက်​သွား​စဉ်၊ ထို​လွင်​ပြင်​ကို စမ်း​ရေ​ထွက်​ရာ​အ​ရပ်​ဖြစ်​စေ​ကြ​ပါ၏။ အ​ရင် မိုး​ရေ​လည်း မင်္ဂ​လာ​များ​နှင့် လွှမ်း​စေ​ပါ၏။ သူ​တို့​သည် အား​တိုး​တက်၍ ခ​ရီး​သွား​လျက်၊ ဇိ​အုန်​မြို့​မှာ ဘု​ရား​သ​ခင့်​ထံ​တော်၌ မျက်​နှာ​ပြ​ကြ​ပါ၏။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်၏​ပ​တ္ထ​နာ​စ​ကား​ကို မှတ်​တော်​မူ​ပါ။ ယာ​ကုပ်​အ​မျိုး၏​ဘု​ရား​သ​ခင်၊ နား​ထောင်​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​ကို​ကွယ်​ကာ​တော်​မူ​သော​ဘု​ရား၊ ကြည့်​ရှု​တော်​မူ​ပါ။ အ​ထံ​တော်၌ ဘိ​သိက်​ခံ​သော​သူ၏​မျက်​နှာ​ကို ထောက်​ရှု​တော်​မူ​ပါ။ တံ​တိုင်း​တော်​တို့​အ​တွင်း၌ နေ​သော​တစ်​ရက်​သည် အ​ခြား​အ​ရပ်၌​နေ​သော အ​ရက်​တစ်​ထောင်​ထက် သာ၍​ကောင်း​ပါ၏။ မ​တ​ရား​သော​သူ၏​နေ​ရာ၌ နေ​ရ​သော​အ​ခွင့်​ထက်၊ အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင့်​အိမ်​တော်၌ တံ​ခါး​စောင့်​အ​ရာ​ကို အ​ကျွန်ုပ်​သာ၍ နှစ်​သက်​ပါ၏။ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် နေ​လည်း​ဖြစ်​တော်​မူ၏။ အ​ကွယ်​အ​ကာ​လည်း ဖြစ်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ကျေး​ဇူး​တော်​နှင့် ဘုန်း​အ​သ​ရေ​ကို ပေး​တော်​မူ၏။ ဖြောင့်​မတ်​စွာ​ကျင့်​သော​သူ​တို့​အား ကောင်း​သော​အ​ရာ​ကို ငြင်း​တော်​မ​မူ။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၌ ခို​လှုံ​သော​သူ​သည် မင်္ဂ​လာ​ရှိ​ပါ၏။