YouVersion လိုဂို
ရှာရန် အိုင်ကွန်

အံ့အားသင့်‌ဝမ်းမြောက်မှုနမူနာ

A Jolt of Joy

31 ၏ နေ့ 11

လူတယောက်ဟာ စုံစမ်းစစ်ဆေးခြင်းနဲ့ ကြုံတွေ့နေရချိန်မှာ ဝမ်းမြောက်ခြင်းဘယ်လိုရရှိနိုင်မလဲ။ အဲ့တာကြားရတာ လက်တွေ့မကျဘဲ ဝိညာ်ရေးရာဆန်သလိုဖြစ်နေတယ်။ သန့်ရှင်းသောဝိညာဥ်တော်က ကျွန်တော်တို့ကို ဘယ်လိုထင်မလဲ။ ပေါ်လီယာနနဲ့ မယ်ရီပေါ်ပင်လိုမျိုး မာတာထရီဇာ ဗားရှင်းများလား။

သာမာန်လူသားဝေဒနာများကြားမှ ရွှင်လန်းဝမ်းမြောက်သော ခရစ်ယာန်တစ်ဦးဖြစ်ရန် ရွေးချယ်ခြင်းသည် လူအများအမြင်မှာ လေးစားအားကျ အထင်ကြီးစရာဖြစ်စေတယ်။ တချို့လူတွေအတွက်တော့ ယုတ္တိမဆန်ပါ။ ဆင်းရဲဒုက္ခက ဝမ်း‌မြောက်ခြင်းအတွက်ဖြစ်တယ်လို့ ဦးနှောက်ကောင်းရဲ့သားနဲ့ ဘာလို့သတ်မှတ်တာလဲ။ ဘာကြောင့်လဲ.. တော်‌‌တော်လွဲမနေဘူးလား။ ယေရှုကို သင်မသိရင်တော့ စဥ်းစားရခက်နေမှာ။ ယေရှုကို သိရင်တော့ စိတ်ပျက်ဝမ်းနည်းခြင်းအလယ်မှာ ဝမ်းမြောက်ခြင်းက တမူထူခြားပြီး လက်တွေ့ဆန်မှာဖြစ်တယ်။

အမှန်တရားကဘာလဲဆိုတော့ ဘယ်လောက်ဘဲ အတိတ်ကဒဏ်ရာပြင်းထန်ပါစေ၊ ဘယ်လောက်ဘဲ ကံဆိုးမိုးမှောင်ကျနေပါစေ ကျွန်တော်တို့မှာ ဝမ်းမြောက်ခြင်း ရှိနိုင်ပါတယ်။ ဘုရားမျက်မှောက်တော်နဲ့ ကျွန်တော်တို့ကို ဘယ်အရာကမှ ခွဲခွာလို့မရပါ။ ကိုယ်တော်ရှင်ဘုရားရဲ့ မျက်မှောက်တော်ထဲမှာ ဝမ်းမြောက်ခြင်းနဲ့ ပြည့်လျှံနေတာဖြစ်တယ်။ ဘုရားမျက်မှောက်တော်မှ ရရှိတယ့် ခွန်အားနဲ့ငြိမ်သက်ခြင်းကို သေခြင်းတရား၊ ဘယ်အနာရောဂါမှ တားဆီးလို့မရပါ။ ‌‌ငွေကြေးကြပ်တည်းမှု၊ စိန်ခေါ်မှုများတယ့် ဆက်ဆံရေး၊ ကြေကွဲနေသောနှလုံးသားများက ဘုရားသူ့သားသမီးတွေအ‌ပေါ်ထားရှိတယ့် ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်ပေးမှုတွေကို မလွန်ဆန်နိုင်ပါ။ အိမ်ထောင်ရေးပြိုကွဲခြင်းက သခင့်ရဲ့ချစ်ခြင်းမေတ္တာကို မငြင်းပယ်နိုင်ပါ။ ပုန်ကန်နေတယ့် သူ့သားသမီးတွေကို စွန့်ပယ်၍မထားပါ။

ဝမ်းမြောက်ခြင်းသည် အလိုအလျောက် ကျွန်တော်တို့၏နောက်ဆုံးတုံ့ပြန်မှုဖြစ်ပြီး အခြေအနေတိုင်းမှာ ဝမ်းမြောက်ခြင်းကို ရွေးချယ်ရမှာဖြစ်ပါတယ်။ လူတွေကိုဒေါသထွက်နေချိန်၊ ဘဝကိုစိတ်ပျက်နေချိန်၊ ဝမ်းနည်းပူဆွေးနေချိန်၊ စိတ်ဓာတ်ကျခြင်းနဲ့ ကြုံတွေ့နေရချိန်မှာ ပိုမိုကျန်းမာစေတာက ဝမ်းမြောက်ခြင်းဖြစ်တယ်လို့ ရှင်ယာကုပ်ကညွှန်ပြထားတယ်။

လောကကြီးက ကျွန်တော်တို့ရဲ့ ပျော်ရွှင်မှုကိုခိုးယူနိုင်ပေမယ့် ဝမ်းမြောက်ရွှင်လန်းခြင်းကို မခိုးယူနိုင်ပါ။ နောက်တခါ စုံစမ်းခြင်းနဲ့ကြုံတွေ့လာပါက စိတ်ဓာတ်ကျခြင်းကို လက်မခံဘဲ ဝမ်းမြောက်‌ခြင်းနဲ့ပြည့်နေတယ့် ခရစ်ယာန်ဖြစ်လာရခြင်း အကြောင်းတွေကို ရေတွက်ချီးမွမ်းပါ။

ကျွန်တော်တို့သွားရာလမ်းစဥ်တွင် ဘုရားသခင်မျက်မှောက်တော်ထဲမှာရှိမရှိ အမှန်အကန် စစ်ဆေးပေးတာက ဝမ်းမြောက်ခြင်းဖြစ်တယ်။
နေ့ 10နေ့ 12

ဤအစီအစဉ်အကြောင်း

A Jolt of Joy

ဘုရားသခင်၏မျက်မှောက်တော်၌ ဝမ်းမြောက်ခြင်းအပြည့်အဝရှိ၏၊ ဘုရားသခင်၏ဝမ်းမြောက်ခြင်းသည်ကား ကျွန်ပ်တို့၏ ခွန်အားဖြစ်၏။ ဟူ၍ သမ္မာကျမ်းစာက ဆိုပါ၏။ ဝမ်းမြောက်ခြင်းမှာ စိတ်ခံစားမှုနောက်တမျိုး သက်သက်မျှသာမဟုတ်။ ဝမ်းမြောက်ခြင်းမှာ ဝိညာဉ်ပကတိ၏အသီးဖြစ်ပြီး စိတ်ပျက်အားလျော့ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ရှုံးနိမ့်ခြင်းတို့ကို တွန်းလှန်တိုက်ခိုက်ရန် လက်နက်တိုက်ရှိလက်နက်တို့အနက် အကောင်းဆုံးလက်နက်တစ်ခုဖြစ်၏။ သမ္မာကျမ်းစာမှပြောသောဝမ်းမြောက်ခြင်းအကြောင်းကို ၃၁ရက်တာ လေ့လာသင်ယူလျက် ရဲရဲတင်းတင်းဝမ်းမြောက်ပျော်ရွှင်သောခရစ်ယာန်ဖြစ်လာစေရန် အားဖြည့်ပါ။

More

ဤအစီအစဉ်ကို တင်ဆက်ပေးသော Carol McLeod အားကျေးဇူတင်လိုပါ၏။ ပိုမိုသိရှိလိုပါက www.justjoyministries.com သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။