အံ့အားသင့်ဝမ်းမြောက်မှုနမူနာ
မာန်နတ်က သင့်ကျန်းမားရေးကိုတိုက်ခိုက်ချင်တာ သင်သိပါသလား။ စာတန်ဟာ သင့်အိမ်ထောင်ရေးနဲ့ ငွေရေးကြေးရေးကို အရေးထားချင်မှထားမှာကို သင်ထင်ခဲ့ဖူးပါသလား။ သင်ကလေးတွေက နတ်ဆိုးအတွက် ဘာမှမဟုတ်ပါဘူး။ သင့်ဝမ်းမြောက်ခြင်းကိုဘဲ နတ်ဆိုးဖျက်ဆီးချင်တာ။ သင့်ဝမ်းမြောက်ခြင်းကိုဘယ်လိုခိုးယူမလဲဆိုတော့ သင့်ကျန်းမာရေး၊အိမ်ထောင်ရေး၊ သင့်ဘဏ္ဍာ၊သင့်ကလေးတွေကနေ စဖျက်စီးမှာဖြစ်တယ်။
သင့်ရဲ့ကယ်တင်ခြင်းနဲ့ ယေရှုခရစ်တော်၏သင့်အပေါ် ခွင့်လွှတ်ခြင်းကို နတ်ဆိုးက ခိုးယူလို့ မရမှန်းသူသိတယ်။ ဒါကြောင့် သင့်အတွက်အဖိုးတန်ဆုံးသောအရာတွေကို သူ့လောဘလက်တွေနဲ့ ခိုးယူမှာဖြစ်တယ်။ စာတန်ဟာ သနားညှာတာမှု ကင်းမဲ့ပြီး သင်၏ဝမ်းမြောက်ခြင်းကို လှည့်စားဖို့နဲ့ သင့်ကိုလိမ်ညာရန် သူအစွမ်းကုန်လုပ်ဆောင်မှာဖြစ်တယ်။
ဒီနေ့ သင်ခြေပေါ်မားမားရပ်တည်ပြီး ခေါင်းကိုမော့၍ အသက်ပြင်းပြင်းရှူကာ" စာတန် မင်းမလုပ်နိုင်ဘူး။ မင်းလုပ်လို့ရမှာမဟုတ်ဘူး။ မင်းငါ့ဆီက ဝမ်းမြောက်ခြင်းကို ခိုးယူလို့မရဘူး။" လို့ အလွန်ရုပ်ဆိုးလှတယ့် မာန်နတ် မျက်နှာတည့်တည့်ကို ကြွေးကြော်ဖို့ သင့်ကိုကျွန်တော် စိန်ခေါ်ချင်တယ်။
ယေရှု သင့်အတွက်အသေခံပေးခဲ့ခြင်းအားဖြင့် ရတယ့်ဝမ်းမြောက်ခြင်းနဲ့ ရန်သူကို ငြင်းပယ်လိုက်မယ်ဆိုရင် ဒီနေ့ကမ္ဘာပေါ်မှာ သင်က စွမ်းအားရှင်တယောက်ဖြစ်လာမှာဖြစ်တယ်။ ဘယ်လောက်ဘဲ ခက်ခဲတယ့်အခြေအနေနဲ့ ကြုံတွေ့နေပါစေ ဝမ်းမြောက်ခြင်းကိုကို ရဲရဲဝံ့ဝံ့ ဆုပ်ကိုင်ထားတယ့် ခရစ်ယာန်တွေကို ဘုရားက အသုံးပြုမှာဖြစ်တယ်။

ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ဘုရားသခင်၏မျက်မှောက်တော်၌ ဝမ်းမြောက်ခြင်းအပြည့်အဝရှိ၏၊ ဘုရားသခင်၏ဝမ်းမြောက်ခြင်းသည်ကား ကျွန်ပ်တို့၏ ခွန်အားဖြစ်၏။ ဟူ၍ သမ္မာကျမ်းစာက ဆိုပါ၏။ ဝမ်းမြောက်ခြင်းမှာ စိတ်ခံစားမှုနောက်တမျိုး သက်သက်မျှသာမဟုတ်။ ဝမ်းမြောက်ခြင်းမှာ ဝိညာဉ်ပကတိ၏အသီးဖြစ်ပြီး စိတ်ပျက်အားလျော့ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ရှုံးနိမ့်ခြင်းတို့ကို တွန်းလှန်တိုက်ခိုက်ရန် လက်နက်တိုက်ရှိလက်နက်တို့အနက် အကောင်းဆုံးလက်နက်တစ်ခုဖြစ်၏။ သမ္မာကျမ်းစာမှပြောသောဝမ်းမြောက်ခြင်းအကြောင်းကို ၃၁ရက်တာ လေ့လာသင်ယူလျက် ရဲရဲတင်းတင်းဝမ်းမြောက်ပျော်ရွှင်သောခရစ်ယာန်ဖြစ်လာစေရန် အားဖြည့်ပါ။
More
ဤအစီအစဉ်ကို တင်ဆက်ပေးသော Carol McLeod အားကျေးဇူတင်လိုပါ၏။ ပိုမိုသိရှိလိုပါက www.justjoyministries.com သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။