YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 10:1-10

ရှင်ယောဟန် 10:1-10 JBMLE

ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ သိုး​ခြံ​ထဲ​သို့ တံ​ခါး​ဝ​ဖြင့်​မ​ဝင်၊ အ​ခြား​လမ်း​ဖြင့်​ကျော်​ဝင်​သော​သူ​သည် သူ​ခိုး​ဓား​ပြ​ဖြစ်၏။- သိုး​ထိန်း​မူ​ကား၊ တံ​ခါး​ဝ​ဖြင့်​ဝင်​တတ်၏။- ထို​သူ​အား တံ​ခါး​စောင့်​လည်း​ဖွင့်​တတ်၏။ သူ၏​စ​ကား​သံ​ကို သိုး​တို့​သည် နား​ထောင်​တတ်​ကြ၏။ သူ​သည် မိ​မိ​သိုး​တို့​ကို နာ​မည်​ဖြင့်​ခေါ်၍ ပြင်​သို့ ထုတ်​ဆောင်​တတ်၏။- သိုး​များ​ကို​ထုတ်​သော​အ​ခါ သိုး​တို့​ရှေ့​မှာ​သွား၍ သိုး​များ​သည် သူ၏​စ​ကား​သံ​ကို ကျွမ်း​သော​ကြောင့် လိုက်​တတ်​ကြ၏။- မ​ဆိုင်​သော​သူ​တို့၏​စ​ကား​သံ​ကို မ​ကျွမ်း​သော​ကြောင့်၊ မ​ဆိုင်​သော​သူ​နောက်​သို့​မ​လိုက်​ဘဲ ပြေး​တတ်​ကြ​သည်​ဟု မိန့်​တော်​မူ၏။ ထို​ဥ​ပ​မာ​ပုံ​ကို ယေ​ရှု​ဟော​တော်​မူ​သည်​တွင်၊ ပ​ရိ​သတ်​တို့​သည် မိန့်​တော်​မူ​သော​စ​ကား​တော်၏ အ​နက်​အ​ဓိ​ပ္ပာယ်​ကို နား​မ​လည်​ကြ။ ထို​ကြောင့် တစ်​ဖန်​ယေ​ရှု​က၊ ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ငါ​သည် သိုး​ဝင်​သော​တံ​ခါး​ဝ ဖြစ်၏။- ငါ​ရှေ့၌ ပေါ်​လာ​သော​သူ​ရှိ​သ​မျှ​တို့​သည် သူ​ခိုး​ဓား​ပြ​ဖြစ်​ကြ၏။ ထို​သူ​တို့၏​စ​ကား​သံ​ကို သိုး​တို့​သည် နား​မ​ထောင်​ကြ။- ငါ​သည် တံ​ခါး​ဝ​ဖြစ်၏။ ငါ​ဖြင့်​ဝင်​သော​သူ​သည် ဘေး​နှင့် ကင်း​လွတ်​လျက် ထွက်​ဝင်၍ ကျက်​စား​ရာ​ကို တွေ့​ရ​လိမ့်​မည်။- သူ​ခိုး​သည်​ခိုး​ခြင်း၊ သတ်​ခြင်း၊ ဖျက်​ဆီး​ခြင်း​ငှာ​သာ လာ​တတ်၏။ ငါ​မူ​ကား၊ သိုး​တို့​သည် အ​သက်​လွတ်​ရုံ​မျှ​မ​က အ​ထူး​သ​ဖြင့် အ​သက်​နှင့် ပြည့်​စုံ​စေ​ခြင်း​ငှာ လာ​သ​တည်း။

Video for ရှင်ယောဟန် 10:1-10

​ရှင်ယောဟန် 10:1-10 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။