YouVersion လိုဂို
ရှာရန် အိုင်ကွန်

အံ့အားသင့်‌ဝမ်းမြောက်မှုနမူနာ

A Jolt of Joy

31 ၏ နေ့ 8

ကျွန်တော် ဆရာဝန်တ‌ယောက်မဟုတ်‌ပေမယ့် သင့်အတွက် ဆေးညွှန်းတစ်ခုရှိသည်။

သင်ဝမ်းနည်းခြင်း၊ စိတ်ဓာတ်ကျခြင်းနဲ့ ရင်ဆိုင်နေရပါက ဓမ္မသီချင်းကို တနေ့၃ကြိမ်ဖွင့်ထား‌ကြည့်ပါ။ သင့်လက်ကိုမြောက်လျှက် ချီးမွမ်းကိုးကွယ်ကြည့်ပါ ဒါမှမဟုတ် ငြိမ်ငြိမ်လေးထိုင်ပြီး ဘုရားမျက်မှောက်တော်ထဲကလာတယ့် ငြိမ်သက်ခြင်းကို ခံစားကြည့်ပါ။ ရဲရင့်သောနှလုံးသားအတွက် ဒါဝိဒ်ကဲ့သို့ ဘုရား‌ရှေ့တော်မှောက်မှာ ကခုန်သကဲ့သို့ ပါဝင်ရန် ကျွန်တော် ဖိတ်ခေါ်ချင်ပါတယ်။ မနက်၊ နေ့လယ်၊ ညအချိန်တွေမှာ ၅-၁၀မိနစ် ခန့် စိတ်နှလုံးတို့ထိသော ဓမ္မသီချင်းကို နား‌ထောင်ပြီးလိုက်ဆိုကြည့်ပါ။

သင့်အတွက် ဝိညာဥ်တော်ဆေးညွှန်းတခုက မလုံလောက်ဘူးဆိုရင် ကျမ်းစာဖွင့်ပြီး တနေ့၃ကြိမ် ကျမ်းပိုဒ်၁ပိုဒ် ၂ပိုဒ်ဖတ်ပါ။ သင်ဝမ်းနည်းနေတယ့်အချိန်တွေမှာ ဆာလံကျမ်းမှ ကျမ်းပိုဒ်၃ပိုဒ်၅ပိုဒ်လောက် တထိုင်ထဲဖတ်ပါ။ ဆာလံကျမ်းဆရာရဲ့ စကားလုံးတွေ သင့်စိတ်ခံစားမှုအပေါ် လွှမ်းခြုံစေပြီး သင့်ဘဝအတွက် အနာရောဂါငြိမ်းချမ်းခြင်းတန်ခိုးတော်ကို ‌ဖော်ပြစေပါ။

တနေ့၃ကြိမ် တစုံတ‌ယောက်အတွက် ခဏအချိန်ယူပြီး ဆုတောင်းပေးပါ။ မှတ်စုစာအုပ်ထဲမှာ ကိုယ်ဆုတောင်းပေးနေသူများ၏လိုအပ်ချက်များနဲ့ ဆုတောင်းချက်များကို ချရေးထားပါ။ သင်တစုံတယောက်အတွက်ဆုတောင်းပေးနေခြင်းက ကောင်းချီးမင်္ဂလာများ၊ ခွန်အားများ သင့်ဘဝအပေါ် တချိန်ချိန်ရောက်ရှိလာမှာဖြစ်တယ်။

နောက်ဆုံးအနေနဲ့ တစ်ပတ်မှာတစ်ခါ တစ်စုံတစ်ယောက်အတွက် အစေခံပါ။ အတွေ့အကြုံနုပြီး စိတ်အပန်းဖြေချင်တယ့် မိခင်တယောက်အတွက် ကလေးထိန်းပေးကြည့်ပါ။ မုဆိုးမတစ်‌ယောက်အား ကော်ဖီတစ်ခွက် ‌ခေါ်တိုက်ပြီး သူမ ရင်ဖွင့်ချင်တာကို နားထောင်ပေးပါ။ နေမကောင်းတယ့်သူတစ်ယောက်အတွက် တခုခုဝယ်‌ကျွေးလိုက်ပါ။ ကြင်နာခြင်းရဲ့ တန်ခိုးကို ဘယ်တော့မှလျှော့မတွက်ပါနဲ့။ ကြင်နာခြင်းဟာ ဝမ်းမြောက်ခြင်းနဲ့ ညီအမတော်တယ်။ တယောက်ရှိပြီး တယောက်မရှိလို့မရပါ။

ကျမ်းစာများ

နေ့ 7နေ့ 9

ဤအစီအစဉ်အကြောင်း

A Jolt of Joy

ဘုရားသခင်၏မျက်မှောက်တော်၌ ဝမ်းမြောက်ခြင်းအပြည့်အဝရှိ၏၊ ဘုရားသခင်၏ဝမ်းမြောက်ခြင်းသည်ကား ကျွန်ပ်တို့၏ ခွန်အားဖြစ်၏။ ဟူ၍ သမ္မာကျမ်းစာက ဆိုပါ၏။ ဝမ်းမြောက်ခြင်းမှာ စိတ်ခံစားမှုနောက်တမျိုး သက်သက်မျှသာမဟုတ်။ ဝမ်းမြောက်ခြင်းမှာ ဝိညာဉ်ပကတိ၏အသီးဖြစ်ပြီး စိတ်ပျက်အားလျော့ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ရှုံးနိမ့်ခြင်းတို့ကို တွန်းလှန်တိုက်ခိုက်ရန် လက်နက်တိုက်ရှိလက်နက်တို့အနက် အကောင်းဆုံးလက်နက်တစ်ခုဖြစ်၏။ သမ္မာကျမ်းစာမှပြောသောဝမ်းမြောက်ခြင်းအကြောင်းကို ၃၁ရက်တာ လေ့လာသင်ယူလျက် ရဲရဲတင်းတင်းဝမ်းမြောက်ပျော်ရွှင်သောခရစ်ယာန်ဖြစ်လာစေရန် အားဖြည့်ပါ။

More

ဤအစီအစဉ်ကို တင်ဆက်ပေးသော Carol McLeod အားကျေးဇူတင်လိုပါ၏။ ပိုမိုသိရှိလိုပါက www.justjoyministries.com သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။