အံ့အားသင့်ဝမ်းမြောက်မှုနမူနာ
ဝမ်းမြောက်ခြင်းက ဘဝကို သဘာဝအတိုင်းတုံ့ပြန်ခြင်းမဟုတ်ဘဲ သဘာဝလွန်ကဲတယ့် တုံ့ပြန်မှုမျိုးဖြစ်တယ်။ ဒါကြောင့် ဝမ်းမြောက်ခြင်းက ဝိညာဥ်တော်ရဲ့ အသီးဖြစ်ပြီး သင့်ရဲ့ ပင်ကိုယ်စိတ်မဟုတ်ပါ။ ဝမ်းမြောက်ခြင်းက အမှတ်တမဲ့ သင့်ပတ်ဝန်းကျင်ကို တုံ့ပြန်ခြင်းမဟုတ်ဘဲမှောင်မိုက်ပျက်စီးနေတယ့်လောကကြီးမှာ သင့်ဘဝကို ဘုရားရဲ့ မျက်မှောက်တော်က အလင်းပြဖော်ပြပေးတယ့် အခိုက်အတန့်ဘဲဖြစ်ပါတယ်။ သင်ခံစားကြုံတွေ့နေရတယ့် ဝမ်းမြောက်ခြင်းက ဘုရားနဲ့သင်ရဲ့ ဆက်ဆံရေးမှ ပေါက်ဖွားလာတာဖြစ်တယ်။
သင်ဟာ စိတ်ဓာတ်ကျဖို့အတွက် အရာအားလုံးကိုဝေဖန်ပိုင်းခြားနိုင်စိတ်ရှိဖို့ မွေးဖွားလာတာမဟုတ်ပါ။ သင်ဟာ မနာလိုမုန်းတီးခြင်း၊ ခါးသီးခြင်းအတွက်မွေးဖွားလာတာမဟုတ်ပါ။ သင့်အမျိုးသားကို နှုတ်ပိတ်ငြိမ်ခံရန်၊ အသင်းတော်အတွင်း တင်းမာမှုကို ဖန်တီးရန်၊ သင့်ကလေးတွေကို ဒေါသနဲ့ အော်ရန် ဖန်ဆင်းခံရခြင်းမဟုတ်ပါ။ သင်ဝမ်းမြောက်ခြင်းအတွက် ဖန်းဆင်းခံရတာဖြစ်တယ်။
သင်ပိုက်ဆံချွေတာချင်လို့ ကားထဲကိုဓာတ်ဆီမဖြည့်ဘဲ သဲထည့်လိုက်ပါက ဘာဖြစ်သွားမည်ထင်ပါသလဲ။ သင်သွားလိုရာခရီးကိုမရောက်ရုံသာမက ကားကိုပါဖျက်စီးရာရောက်ပါတယ်။ ခရစ်ယာန်တွေက သူတို့ဘဝကို စိတ်ဓာတ်ကျခြင်း၊ ဒေါသထွက်ခြင်း၊ ခါးသီးခြင်းနဲ့ လျှောက်လှမ်းနေခြင်းက အင်မတန်မှဝမ်းနည်းစရာကောင်းတယ့် မြင်ကွင်းဖြစ်ပါတယ်။ သွားလိုရာပန်းတိုင်ကို သင်ဘယ်တော့မှရောက်မှာမဟုတ်ပါ။
အသီးသီးသော ခရစ်ယာန်ဖြစ်ဖို့အတွက် သင့်ကိုဖန်ဆင်းထားတာဖြစ်တယ်။ သ့င်ကိုအသီးသီးဖို့အတွက်ရည်ရွယ်ထားသော်လည်း ယေရှုနဲ့ အတူအချိန်မယူရင် သင်ဘယ်တော့မှအသီးသီးမှာမဟုတ်ပါ။ နေ့တိုင်း.. သင့်ကိုအရာအားလုံးလုပ်ပေးတယ့် ဘုရားအပေါ် တနေကုန်စိတ်ထဲမှာ အာရုံပြုကြည့်ပါ။ နှုတ်ကပတ်တော်နှင့်သော်လည်းကောင်း၊ ဝတ်ပြုကိုးကွယ်ခြင်း၊ဆုတောင်းခြင်းနှင့်သော်လည်းကောင်း သင့်အသက်တာကို ပြည့်ဝစေပါ။ ယေရှု သင်၏ဖြစ်တည်မှုကို လက်ခံထားတယ့် အတိုင်းအတာဟာ သင်ဝမ်းမြောက်ခြင်းဖြစ်ပေါ်မယ့် အတိုင်းအတာဖြစ်တယ်။

ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ဘုရားသခင်၏မျက်မှောက်တော်၌ ဝမ်းမြောက်ခြင်းအပြည့်အဝရှိ၏၊ ဘုရားသခင်၏ဝမ်းမြောက်ခြင်းသည်ကား ကျွန်ပ်တို့၏ ခွန်အားဖြစ်၏။ ဟူ၍ သမ္မာကျမ်းစာက ဆိုပါ၏။ ဝမ်းမြောက်ခြင်းမှာ စိတ်ခံစားမှုနောက်တမျိုး သက်သက်မျှသာမဟုတ်။ ဝမ်းမြောက်ခြင်းမှာ ဝိညာဉ်ပကတိ၏အသီးဖြစ်ပြီး စိတ်ပျက်အားလျော့ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ရှုံးနိမ့်ခြင်းတို့ကို တွန်းလှန်တိုက်ခိုက်ရန် လက်နက်တိုက်ရှိလက်နက်တို့အနက် အကောင်းဆုံးလက်နက်တစ်ခုဖြစ်၏။ သမ္မာကျမ်းစာမှပြောသောဝမ်းမြောက်ခြင်းအကြောင်းကို ၃၁ရက်တာ လေ့လာသင်ယူလျက် ရဲရဲတင်းတင်းဝမ်းမြောက်ပျော်ရွှင်သောခရစ်ယာန်ဖြစ်လာစေရန် အားဖြည့်ပါ။
More
ဤအစီအစဉ်ကို တင်ဆက်ပေးသော Carol McLeod အားကျေးဇူတင်လိုပါ၏။ ပိုမိုသိရှိလိုပါက www.justjoyministries.com သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။