YouVersion လိုဂို
ရှာရန် အိုင်ကွန်

အံ့အားသင့်‌ဝမ်းမြောက်မှုနမူနာ

A Jolt of Joy

31 ၏ နေ့ 6

သင့်ဘဝမှာ ဝမ်းမြောက်ခြင်းများလာပါက သက်သေခံစရာများလာမှာဖြစ်တယ်။ ဝမ်းမြောက်ခြင်းက သင့်ဘဝကိုပြန်လည်တည်ဆောက်ပေးပါက ဤလောကကြီးမှာ သင်အသက်ရှင်နေသရွေ့ သင့်မှာ ထူးခြားမှုတွေကို ဖန်တီးနိုင်စွမ်းရှိလာမှာဖြစ်တယ်။ သင့်မှာဝမ်းမြောက်ခြင်းရှိခြင်းကြောင့် အပြစ်သားတွေက သင့်ကိုနားထောင်မှာဖြစ်တယ်။ ‌ကယ်တင်ခြင်းကယူဆောင်လာပေးတယ့် ဝမ်းမြောက်ခြင်းအကြောင်းကို သင်ပြောသောအခါ လူ့ကျင့်ဝတ်ချိုးဖောက်သူများက စိတ်ဝင်စားလာမှာဖြစ်တယ်။

ဒါ ကျွန်တော်တို့အားလုံးလိုချင်တာမဟုတ်ဘူးလား။ ကျွန်ုပ်တို့အသက်ရှင်နေစဥ်ကာလ ထူးခြားမှုတခုခုကို လုပ်ချင်ကြပါတယ်။ ကျွန်တော်တို့၏ အသက်တာကို သင်္ချိုင်းအုတ်ဂူပေါ်မှာရှိတယ့် ကိန်းဂဏန်းထက် ပိုမိုရေတွက်လိုတာဖြစ်တယ်။ ကျွန်တော်တို့ရဲ့ ဘဝလမ်းကြောင်းကို ဖြတ်ကျော်သွားတယ့်သူတွေရဲ့ ဘဝများ ပြောင်းလဲသွားရခြင်း အမွေအနှစ်တွေကို ချန်ထားချင်ကြပါတယ်။ ဝမ်းမြောက်ခြင်းက သင့်အားဖြင့် တစုံတယောက်၏ အသက်တာကို ပြောင်းလဲစေနိုင်တယ်။

ဝမ်းမြောက်ခြင်းက သင့်သက်သေခံချက်တွေကို ခွန်အားပေးပြီး လူတယောက်၏အသက်တာကိုပြောင်းလဲနိုင်စွမ်း သင့်မှာရှိလိမ့်မယ်။ ဝမ်းမြောက်ခြင်းက သင်စိတ်ခံစားလို့ကောင်းအောင် တမင်လုပ်ကြံထားတာပါလို့ တွေးနေရင် သင့်အတွေးကို ပြောင်းလဲလိုက်ပါ။ ကျွန်ုပ်တို့ နေထိုင်တယ့် ကမ္ဘာကြီးကို ကောင်းကျိုးပြုလိုတယ့် စိတ်ဆန္ဒပြင်းပြလျက် ဝမ်းမြောက်ခြင်းနှင့် ပြည့်နေတယ့် မျိုးဆက်သစ်တွေကို ဘုရားအလိုရှိတယ်။ ကျွန်တော် ထိုမျိုး‌ဆက်သစ်ထဲမှာပါမယ်.. သင်ရောပါချင်လား။

ကျမ်းစာများ

နေ့ 5နေ့ 7

ဤအစီအစဉ်အကြောင်း

A Jolt of Joy

ဘုရားသခင်၏မျက်မှောက်တော်၌ ဝမ်းမြောက်ခြင်းအပြည့်အဝရှိ၏၊ ဘုရားသခင်၏ဝမ်းမြောက်ခြင်းသည်ကား ကျွန်ပ်တို့၏ ခွန်အားဖြစ်၏။ ဟူ၍ သမ္မာကျမ်းစာက ဆိုပါ၏။ ဝမ်းမြောက်ခြင်းမှာ စိတ်ခံစားမှုနောက်တမျိုး သက်သက်မျှသာမဟုတ်။ ဝမ်းမြောက်ခြင်းမှာ ဝိညာဉ်ပကတိ၏အသီးဖြစ်ပြီး စိတ်ပျက်အားလျော့ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ရှုံးနိမ့်ခြင်းတို့ကို တွန်းလှန်တိုက်ခိုက်ရန် လက်နက်တိုက်ရှိလက်နက်တို့အနက် အကောင်းဆုံးလက်နက်တစ်ခုဖြစ်၏။ သမ္မာကျမ်းစာမှပြောသောဝမ်းမြောက်ခြင်းအကြောင်းကို ၃၁ရက်တာ လေ့လာသင်ယူလျက် ရဲရဲတင်းတင်းဝမ်းမြောက်ပျော်ရွှင်သောခရစ်ယာန်ဖြစ်လာစေရန် အားဖြည့်ပါ။

More

ဤအစီအစဉ်ကို တင်ဆက်ပေးသော Carol McLeod အားကျေးဇူတင်လိုပါ၏။ ပိုမိုသိရှိလိုပါက www.justjoyministries.com သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။