YouVersion လိုဂို
ရှာရန် အိုင်ကွန်

အံ့အားသင့်‌ဝမ်းမြောက်မှုနမူနာ

A Jolt of Joy

31 ၏ နေ့ 5

ပေါလုနဲ့သိလက ဒဏ်ရာမရမချင်း၊ သွေးမထွက်မချင်း ရိုက်နှိက်ခြင်းကိုခံခဲ့ရတယ်။ သူတို့ရဲ့ အဝတ်တွေ ကိုယ်ပေါ်မှရက်စက်စွာစုတ်ဖြဲခံရပြီး ဆေးကုသမှုခံယူဖို့လိုအပ်ခဲ့ပါတယ်။ ယေရှုခရစ်‌တော်ရဲ့ ဧဝံဂေလိသတင်းကောင်းကို ကမ္ဘာပတ်ဝေငှနေတယ့် ဘုရား‌‌‌ရဲ့လူဖြစ်တယ့် ရှင်ပေါလုနဲ့ သိလတို့က ရောမအကျဥ်းထောင်ထဲမှာ ခြေကျင်းခတ်ပြီး အကျဥ်းကျခံခဲ့ရတယ်။

ရောမအကျဥ်းထောင်က အချိန်ခဏတာအတွင်း စိတ်ဂယောင်ချောက်ချားစေတယ့် နေရာဖြစ်တယ်။ ဤညစ်ပတ်စိမ်းနက်နေတယ့်ထောင်ထဲမှာ ညအနည်းငယ်အိပ်နေရုံဖြင့် လူတယောက်ကိုရူးသွပ်သွားစေနိုင်ပါတယ်။ ကမ္ဘာမြေဝှမ်းထဲမှာတည်ရှိပြီး အန်ဖက်တွေ၊ အညစ်အကြေးတွေနဲ့ ပြည့်နှက်နေတယ့်နေရာဖြစ်တယ်။ ထောင်သားတွေဟာ တနေ့ကိုတနပ်သာစားရပြီး မှိုတက်နေတယ့်ပေါင်မုန့်နဲ့ ကြက်သီးနွေးညစ်ပတ်နေသော သူများသုံးပြီးသားရေနှင့် အခြားမဖော်ပြနိုင်သော အရာများကိုသာ သုံး‌ဆောင်ကြရတယ်။

‌ထောင်စောင့်က စားစရာယူလာတိုင်း ထောင်သားတွေမခံမရပ်နိုင်အောင် နာကျင်လွန်းတယ့်နေရာကို ခြေနဲ့စောင့်ကန်တယ်။ ‌ရောမအကျဥ်းသားများက အဆုံးမရှိသောနေ့ပြီးနောက် သူတို့ရဲ့အညစ်အကြေးများပေါ်တွင်ထိုင်ခဲ့ရတယ်။ ပိုးကောင်၊ ပိုးမွှားမျိုးစုံ အကျဥ်းသားကိုယ်ပေါ်အနှံ အဆက်မပြတ်တွယ်ကပ်နေခဲ့တယ်။ ပင့်ကူ‌များစွာ အကျဥ်းသားတွေရဲ့နှာခေါင်းပေါက်ကနေ ဝင်ထွက်သွားလာခဲ့ပြီး ကြွက်တွေကတော့ ထောင်သားတွေရဲ့ အဝတ်မကာထားသော ကိုယ်ပေါ်အနှံ ပြေးလွှားနေခဲ့တယ်။

ညသန်းခေါင်ယံအချိန်ဟာ လူများစွာ စိတ်ပျက်ခြင်းနဲ့ စိတ်ဓာတ်ကျခြင်းထဲနစ်မွန်းနေချိန်ဖြစ်ပြီး ပေါလုနဲ့သိလကတော့ ဝမ်းမြောက်ခြင်းရှိခဲ့ကြတယ်။ အနံ့ဆိုးရွားသော၊ မှောင်မိုက်ပြီး မျှော်လင့်ခြင်းမဲ့တယ့် အကျဥ်းထောင်ထဲမှာ သူတို့နှစ်ဦးက ဝမ်းမြောက်ခြင်းကိုရှာ‌တွေ့ခဲ့တယ်။ ရည်ရွယ်ချက်မဲ့ပြီး မိမိဖြစ်တည်မှုကိုမသိတော့တယ့်မိလ္လာထဲမှာ သူတို့ခြေထောက်ကိုချည်နှောင်ထားသော်လည်း ဝမ်းမြောက်ခြင်းကို ရှာတွေ့ခဲ့တယ်။
ပေါလုနဲ့သိလက သူတို့ဘဝရဲ့ အဆိုးရွားဆုံးအခြေအနေတွေမှာတောင် ယေရှုကို ကိုးကွယ်ဖို့ဆုံးဖြတ်ခဲ့ကြတယ်။ ပေါလုနဲ့သိလက ဝမ်းမြောက်ခြင်းကိုရှာတွေ့ခဲ့တယ်။ သင်ဘာအကြောင်းပြချက်ပေးဦးမလဲ။

ခရစ်တွေအနေနဲ့ ကျွန်တော်တို့မှာတာဝန်ရှိတယ်..ဟုတ်ပါတယ်..ကျွန်တော်တို့ အသက်တာမှာ အဆိုးဆုံးတွေကို ဝမ်းမြောက်ခြင်းနဲ့ ရင်ဆိုင်ကျော်ဖြတ်ရန် မြင့်မြတ်သော တာဝန်ဖြစ်တယ်။

ညသန်းခေါင်ယံမှာ သင်မရပ်မနားဘဲ ဝတ်ပြုကိုးကွယ်ဖို့ ဆုံးဖြတ်လိုက်ပါက စောင့်ကြည့်လိုက်ပါ။ ကောင်းကင်နိုင်ငံတော်က သင့်ကိုမမြင်အောင် ချည်‌နှောင်ထားတယ့်အရာများ သင့်ဘဝရဲ့ အခြေခံအုတ်မြစ်များကို တုန်လှုပ်စေမှာဖြစ်ပါတယ်။

ကျမ်းစာများ

နေ့ 4နေ့ 6

ဤအစီအစဉ်အကြောင်း

A Jolt of Joy

ဘုရားသခင်၏မျက်မှောက်တော်၌ ဝမ်းမြောက်ခြင်းအပြည့်အဝရှိ၏၊ ဘုရားသခင်၏ဝမ်းမြောက်ခြင်းသည်ကား ကျွန်ပ်တို့၏ ခွန်အားဖြစ်၏။ ဟူ၍ သမ္မာကျမ်းစာက ဆိုပါ၏။ ဝမ်းမြောက်ခြင်းမှာ စိတ်ခံစားမှုနောက်တမျိုး သက်သက်မျှသာမဟုတ်။ ဝမ်းမြောက်ခြင်းမှာ ဝိညာဉ်ပကတိ၏အသီးဖြစ်ပြီး စိတ်ပျက်အားလျော့ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ရှုံးနိမ့်ခြင်းတို့ကို တွန်းလှန်တိုက်ခိုက်ရန် လက်နက်တိုက်ရှိလက်နက်တို့အနက် အကောင်းဆုံးလက်နက်တစ်ခုဖြစ်၏။ သမ္မာကျမ်းစာမှပြောသောဝမ်းမြောက်ခြင်းအကြောင်းကို ၃၁ရက်တာ လေ့လာသင်ယူလျက် ရဲရဲတင်းတင်းဝမ်းမြောက်ပျော်ရွှင်သောခရစ်ယာန်ဖြစ်လာစေရန် အားဖြည့်ပါ။

More

ဤအစီအစဉ်ကို တင်ဆက်ပေးသော Carol McLeod အားကျေးဇူတင်လိုပါ၏။ ပိုမိုသိရှိလိုပါက www.justjoyministries.com သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။