အံ့အားသင့်ဝမ်းမြောက်မှုနမူနာ
မှောင်မိုက်ပြီးချမ်းအေးသော ဗက်လင်ညမှာ လေနွေးတိုက်ပြီး အလင်းရောင်မှိန်မှိန်တောက်နေသော မီးပုံကို သိုးထိန်းတွေကဝိုင်းပြီး ပူးကပ်စွာထိုင်နေကြတယ်။ သိုးထိန်းတွေက ပညာမဲ့ကြပြီး လူနေမှုအဆင့်အတန်းတွင် အနိမ့်ဆုံးဖြစ်ပြီး သူတို့၏ဦးနှောက်ထဲမှာ အမှိုက်ရှိပြီး ခြေချောင်းတွေမှာလဲ သိုးသွားရည်တွေကပ်နေပါတယ်။ သိုးထိန်းများက တိုးတက်မှုအတွက်၊ ကိုယ်ပိုင်မြေပိုင်ဆိုင်ရန်အတွက်၊ ဘဝတက်လမ်းများအတွက် မျှော်လင့်ချက်များမရှိပါ။ သူတို့ရဲ့ အချည်းအနှီးကမ္ဘာငယ်လေးဟာ ဘယ်တော့မှမပြောင်းလဲပါ။ ညတိုင်းသိုးကျောင်းနေရပြီး မီးပုံကိုဝိုင်းထိုင်ရင်း အခြေအမြစ်မရှိတဲ့ ဟာသတွေဘဲထိုင်ပြောနေကြတယ်။ သူတို့ကမ္ဘာက မငြိမ်မသက်မှုတွေ၊ ညည်းညူသံ၊ နာခံမှုမရှိသော၊ ပိုးနာကျသောသိုးများကို ဗဟိုပြုထားတယ်။ သင့်ဘဝဆိုးရွားနေပြီလို့ထင်ပါသလား။
တစ်ညမှာတော့ တုန်တုန်ယင်ယင်နဲ့နိုးကြားနေချိန်မှာ သူတို့ရဲ့ အမှောင်ကမ္ဘာလေးကို ကောင်းကင်ရွှေပြည်က ထွန်းတောက်စေခဲ့တယ်။ ကောင်ကင်တမန်များ၏ ချီးမွမ်းသီဆိုသံသည် စစ်မြေပြင်ဖြစ်နေသောကမ္ဘာကို လွှမ်းခြုံစေပြီး ကောင်းကင်၏ဝမ်းမြောက်ခြင်းကို မှောင်မိုက်အေးခဲနေသောကမ္ဘာဆီသို့ ကြွေးကြော်ခဲ့တယ်။ ကောင်းကင်နိုင်ငံတော်ပွင့်လာသည်နှင့်တပြိုင်နက် ရှားပါးပြီးအံ့ဩဖွယ်ကောင်းသော ကြယ်များအရောင်မျိုးစုံကြွေဆင်းပြီး ကောင်းကင်တမန်တေးဂီတအဖွဲ့မှ ယနေ့တိုင်ကြားနေရဆဲဖြစ်သော ဂီတသံစကို ဂုဏ်ကျက်သရေရှိစွာ သီကျူးခဲ့တယ်။
''လူအပေါင်းတို့သည် အလွန်ဝမ်းမြောက် ဝမ်းသာစရာသတင်းကို ငါသည်သင်တို့အား ကြားပြောရ၏။''
ယေရှုက ကျွန်ုပ်တို့ကမ္ဘာမြေကို ဝမ်းမြောက်ခြင်းနဲ့ ကြွဆင်းလာခဲ့ပြီး ယနေ့အထိ သင့်အတွက် ဘုရားရဲ့လက်ဆောင်ဖြစ်တယ်။ သင့်ဘဝမှာ ဘုရားရဲ့မျက်မှောက်တော်က အမှောင်ထုကို အံ့သြဖွယ်ရာ ပျောက်ရှင်းစေပြီး မျှော်လင့်ခြင်းကိုမွေးဖွားလာစေတယ်။
ယေရှုကို ပထမဦးဆုံးဖော်ပြတယ့် စကားလုံးကတော့ ဝမ်းမြောက်ခြင်းဘဲဖြစ်ပါတယ်။ ဒီစကားလုံးလဲ သင့်ကိုရည်ညွှန်းတယ့် ပထမဆုံးစကားလုံးဖြစ်သင့်တယ်လို့ ကျွန်တော်ယုံကြည်တယ်။ ဝမ်းမြောက်ခြင်းဟာ ခရစ်ယာန်တွေအတွက် မွေးရာပါအမှတ်အသားဖြစ်ပြီး သင့်စိတ် နဲ့ဝိညာဥ်ရဲ့ ကိုယ်ခန္ဓာချွေးပေါက်များမှ စိမ့်ထွက်လာသင့်တယ်။ သင့်ကို ကောင်းကင်နိုင်ငံတော်ရဲ့ ဝမ်းမြောက်ခြင်းဖြင့် တသက်တာ တံဆိပ်ခတ်ထားပြီး ယခု ကောင်းကင်တမန်များနဲ့အတူ လိုက်ဆိုရန် သင့်အလှည့်ရောက်ရှိလို့လာပါပြီ။
သင့်ဘဝက မျှော်လင့်ချက်မဲ့ပြီး မှောင်မိုက်အေးခဲနေသော ကမ္ဘာဆီကို ဘုရားသခင်ရဲ့မျက်မှောက်တော် သယ်ဆောင်ရန်ဖြစ်တယ်။ မယ်တော်မာရိဟာ ခရစ်တော်ကို ပထမဆုံးသယ်ဆောင်လာသူဖြစ်ပြီး ကျွန်တော်တို့လည်း ထိုကြီးမြတ်သောမျိုးရိုးဗီဇကို သယ်ဆောင်နိုင်ပါတယ်။ ကောင်းကင်နိုင်ငံတော်၏ မျိုးရိုးဗီဇက ဝမ်းမြောက်ခြင်းလို့ စာလုံးပေါင်းပြီး သင်နေထိုင်တယ့် မှောင်မိုက်အေးခဲနေသော လောကကြီးက ထိုအရာကို တောင့်တနေတာဖြစ်တယ်။

ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ဘုရားသခင်၏မျက်မှောက်တော်၌ ဝမ်းမြောက်ခြင်းအပြည့်အဝရှိ၏၊ ဘုရားသခင်၏ဝမ်းမြောက်ခြင်းသည်ကား ကျွန်ပ်တို့၏ ခွန်အားဖြစ်၏။ ဟူ၍ သမ္မာကျမ်းစာက ဆိုပါ၏။ ဝမ်းမြောက်ခြင်းမှာ စိတ်ခံစားမှုနောက်တမျိုး သက်သက်မျှသာမဟုတ်။ ဝမ်းမြောက်ခြင်းမှာ ဝိညာဉ်ပကတိ၏အသီးဖြစ်ပြီး စိတ်ပျက်အားလျော့ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ရှုံးနိမ့်ခြင်းတို့ကို တွန်းလှန်တိုက်ခိုက်ရန် လက်နက်တိုက်ရှိလက်နက်တို့အနက် အကောင်းဆုံးလက်နက်တစ်ခုဖြစ်၏။ သမ္မာကျမ်းစာမှပြောသောဝမ်းမြောက်ခြင်းအကြောင်းကို ၃၁ရက်တာ လေ့လာသင်ယူလျက် ရဲရဲတင်းတင်းဝမ်းမြောက်ပျော်ရွှင်သောခရစ်ယာန်ဖြစ်လာစေရန် အားဖြည့်ပါ။
More
ဤအစီအစဉ်ကို တင်ဆက်ပေးသော Carol McLeod အားကျေးဇူတင်လိုပါ၏။ ပိုမိုသိရှိလိုပါက www.justjoyministries.com သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။