အံ့အားသင့်ဝမ်းမြောက်မှုနမူနာ
ယေရှုကို မိမိကယ်တင်ရှင်၊ သခင်ဘုရားအဖြစ် နှလုံးသားထဲ၌ လက်ခံယုံကြည်သောအခါ အရင်က သင်မခံစားခဲ့ဖူးသော ဝမ်းမြောက်ခြင်းလောကသစ်ကြီးတစ်ခုလုံးပွင့်လာမည်ဖြစ်တယ်။ ကမ္ဘာမြေပေါ်မှာရှင်သန်ရသောဘဝက ပြီးပြည့်စုံလာမည်မဟုတ်ဘဲ နှလုံးပူဆွေးစရာ၊ ဝမ်းနည်းစရာ၊ စိတ်ပျက်စရာများသာ တွေ့ကြုံခံစားရမည်ကို ဘုရားသခင်သိရှိပြီးဖြစ်တယ်။ ပြင်းထန်စွာနာကျင်ခံစားရသောနေ့ရက်များကို ရင်ဆိုင်တိုက်ခိုက်ရန် ဝမ်းမြောက်ခြင်းဆုကျေးဇူးကို ကျွန်တော်တို့ကိုပေးထားခဲ့ပြီးပြီဖြစ်တယ်။ ကျွန်တော်တို့ကို ကမ္ဘာမြေမှာရှင်သန်တွေ့ကြုံနေရသောအခြေအနေများအထက်မှာရှိဖို့ ဝမ်းမြောက်ခြင်းက ပင့်မထားတယ်။ ဝမ်းမြောက်ခြင်းသည် ယေရှုကို မိမိတို့၏ကယ်တင်ရှင်၊ သခင်ဘုရားအဖြစ် သိကျွမ်းသောသူတို့အတွက် မြည်းစမ်းရန်ပေးထားသော ကောင်းကင်ရွှေပြည်၏အမြည်းဖြစ််သည် ဝမ်းမြောက်ခြင်းသည် လူ့သဘောသဘာဝတွင် ကြုံတွေ့ခံစားနိုင်စွမ်းရှိပြီး သခင်ဘုရားကိုယ်တော်တိုင် ပျော်ရွှင်ခံစားရသောကောင်းချီးမင်္ဂလာဖြစ်သည်။
ဝမ်းမြောက်ခြင်းသည် ဘုရင်တကာတို့၏ဘုရင်နှင့် ရင်းနှီးကျွမ်းဝင်စွာ ပေါင်းသင်းဆက်ဆံရာမှ ထွက်ပေါ်လာသော အကျိုးဆက်ဖြစ်ပြီး ပကတိဖော်ပြခံစားနိုင်၏။
သခင်ယေရှုနှင့် အဖော်အဖက်လုပ်ရန်၊ သခင်၏အုပ်စိုးခြင်းအောက်၊ ဩဇာအာဏာအောက်သို့ တိုးဝင်အပ်နှံရန် အခိုင်အမာဆုံးဖြတ်ချက်ချလိုက်ခြင်းသည် ဘဝတွင် ဝမ်းမြောက်ခြင်းခံစားရရှိရန် ဆုံးဖြတ်ချက်ချလိုက်ခြင်းပင်ဖြစ်၏။ ဝမ်းမြောက်ခြင်းသည် ဝင်ငွေ၊ ပေါင်းသင်းဆက်ဆံရေးအခြေအနေ၊ နေရပ်လိပ်စာတို့အပေါ်တွင် မူတည်သည်မဟုတ်ဘဲ ဘဝသက်တာတစ်လျှောက်တွင် အခက်အခဲများကြုံရစဉ်သခင်ဘုရားကို ရွေးချယ်ရယူခြင်းအပေါ်မူတည်သည်။ ယေရှုခရစ်တော်ထံ အသက်တာအပ်နှံရန် ရွေးချယ်ပါက ဝမ်းမြောက်ခြင်းကို သင်ခံစားရမည်။

ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ဘုရားသခင်၏မျက်မှောက်တော်၌ ဝမ်းမြောက်ခြင်းအပြည့်အဝရှိ၏၊ ဘုရားသခင်၏ဝမ်းမြောက်ခြင်းသည်ကား ကျွန်ပ်တို့၏ ခွန်အားဖြစ်၏။ ဟူ၍ သမ္မာကျမ်းစာက ဆိုပါ၏။ ဝမ်းမြောက်ခြင်းမှာ စိတ်ခံစားမှုနောက်တမျိုး သက်သက်မျှသာမဟုတ်။ ဝမ်းမြောက်ခြင်းမှာ ဝိညာဉ်ပကတိ၏အသီးဖြစ်ပြီး စိတ်ပျက်အားလျော့ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ရှုံးနိမ့်ခြင်းတို့ကို တွန်းလှန်တိုက်ခိုက်ရန် လက်နက်တိုက်ရှိလက်နက်တို့အနက် အကောင်းဆုံးလက်နက်တစ်ခုဖြစ်၏။ သမ္မာကျမ်းစာမှပြောသောဝမ်းမြောက်ခြင်းအကြောင်းကို ၃၁ရက်တာ လေ့လာသင်ယူလျက် ရဲရဲတင်းတင်းဝမ်းမြောက်ပျော်ရွှင်သောခရစ်ယာန်ဖြစ်လာစေရန် အားဖြည့်ပါ။
More
ဤအစီအစဉ်ကို တင်ဆက်ပေးသော Carol McLeod အားကျေးဇူတင်လိုပါ၏။ ပိုမိုသိရှိလိုပါက www.justjoyministries.com သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။