YouVersion လိုဂို
ရှာရန် အိုင်ကွန်

အံ့အားသင့်‌ဝမ်းမြောက်မှုနမူနာ

A Jolt of Joy

31 ၏ နေ့ 2

ဒုတိယကမ္ဘာစစ်မတိုင်ခင် အဖေက သူ့မိသားစုရဲ့ လယ်မြေမှာ ကြီးပြင်းလာခဲ့တာဖြစ်ပြီး ကျွန်တော် လယ်ယာစိုက်ပျိုးရေးအကြောင်း သိထားသမျှတွေက အဖေမှတဆင့် သင်ယူလေ့လာခဲ့တာဖြစ်တယ်။လယ်ယာမြေနှင့် ထိုမြေမှထွက်သော ကောက်ပဲသီးနှံများကို အဖေက ကြိုက်နှစ်သက်ပါသည်။ ‌သူ့ရဲ့ ပျော်ရွှင်ဆုံးအချိန်များကတော့ နွေဦးရဲ့နူးညံ့သောမြေပေါ်မှာ မျိုးစေ့များစိုက်ပျိုးခြင်း၊ ပူပြင်းသောနွေရာသီနေရောင်ခြည်အောက်မှာ ပေါင်းပင်များကိုဆွဲထုတ်တာဖြစ်ပြီး သူနှင့်ဘုရားသခင်အတူတကွစိုက်ပျိုးခဲ့သောကျေးဇူးများကိုရိတ်သိမ်းနေရခြင်းဖြစ်တယ်။

ကျွန်တော်အဖေ့ဆီက လေ့လာခဲ့တယ့်အရာကတော့ သခွားသီးမျိုးစေ့စိုက်ပျိုးရင် စိမ်းစိုပြီးကြည်လင်တယ့် သခွားသီးတွေကို ရိတ်သိမ်းရမှာဖြစ်တယ်။ သခွားစေ့က ကြက်သွန်နီ၊ တရုတ်နံနံ၊ သို့မဟုတ် စပါးလင်ပေါ်မှ ပြောင်းဖူး ဘယ်သောအခါမှ မထုတ်‌ပေးပါ။ ကျူးလစ်မီးသီးများသည် ဇင်းနီးယားများ ... သို့မဟုတ် အမြဲစိမ်းသစ်ပင်များ ... သို့မဟုတ် မေ့လျော့မ‌နှင့် စသည်တို့ကို မပေါက်ပွားစေပါ။ သင်စိုက်ပျိုးသောအရာ သင်ပြန်ရိတ်ရလိမ့်မည်။ မျိုးစေ့များက သူတို့ရဲ့ မျိုးရိုးဗီဇကုဒ်အတိုင်းသာ မျိုးပွားနိုင်ကြတာဖြစ်တယ်။

တိရိစ္ဆာန်တွေမှာလဲ ဒီအရာဟာမှန်ကန်တယ်။ကြောင်တွေက ‌ကြောင်ပေါက်လေးတွေဘဲ ပေါက်ဖွားနိုင်တာဖြစ်ပြီး ဆင်တွေ၊ ကျောရိုးကုန်းဝေလငါးတွေ၊ ဝက်ပေါက်လေးတွေအဖြစ် ဘယ်တော့မှ မွေးလာမှာမဟုတ်ပါ။ တိရိစ္ဆာန်၊ လူသားမျိုးနွယ်၊ ပိုးမွှားများက သူတို့ရဲ့ မျိုးရိုးဗီဇကုဒ်အတိုင်း မျိုးပွားနိုင်ကြတာဖြစ်တယ်။

သို့ပေမဲ့ ဘုရားရဲ့နိုင်ငံတော်မှာတော့ ငြင်းရခက်တယ့်မျိုးရိုးဗီဇဆိုင်ရာ ချွင်းချက်တခုရှိတယ်။ ဘုရားရဲ့ ဥယျာဥ်တော်ထဲမှာ သင်ဝမ်းနည်းစွာစိုက်ပျိုးခဲ့တယ့် အရာတွေကို ဝမ်းမြောက်စွာရိတ်သိမ်းရမှာဖြစ်တယ်။ စိတ်ဓာတ်ကျခြင်း၊ စိတ်ပျက်ခြင်း၊ ဝမ်းနည်းပူဆွေးခြင်းတို့ကို သင်ကြုံတွေ့ရပြီး မအိပ်ခင် မရေတွက်နိုင်လောက်အောင် အကြိမ်ဖန်များစွာ သင်ငို‌ကြွေးခဲ့ရတယ်ဆိုရင် အရှုံးမ‌ပေးလိုက်ပါနဲ့။ ဝမ်းမြောက်ခြင်း ရောက်လာပါတော့မယ်။ သင့်ဘဝဥယျာဥ်မှာ ဘုရားစိုက်ပျိုးထားတယ့် ဝမ်းမြောက်ခြင်းမျိုးစေ့တွေကို သင့်မျက်ရည်တွေက မြေသြဇာပေးတာဖြစ်တယ်။

ကြေကွဲစရာ၊ ဝမ်းနည်းမှုနှင့် စိတ်ပျက်စရာ မျက်ရည်များကို ကြဲသောသူတွေက ဝမ်းမြောက်ခြင်းအတွက် စွမ်းရည်ကြီးကြီးမားမားရှိကြသူများဖြစ်တယ်။

သင်စိတ်ခံစားချက်ဒဏ်ရာပြင်းထန်ပြီး နာကျင်မှု‌ဝေဒနာကို ကြုံတွေ့ခဲ့ရအချိန်မှာ ဝမ်းမြောက်ခြင်းဟာ မဖြစ်နိုင်တယ့်အရာမဟုတ်ပါ။ ဘုရားရဲ့ နိုင်ငံတော်မှာတော့ သေချာတယ်။ ဘုရားသခင်က သင့်ကို မမေ့လျော့ပါ။ သင်နှင့်အတူ ဝမ်းမြောက်စွာ လက်တွဲချင်ပါတယ်။ သင့်ဘဝရဲ့ အဆိုးရွားဆုံးအခိုက်အတန့်တွေက အကောင်းဆုံးသောရလာဒ်တွေကို ထုတ်ဖော်နိုင်စွမ်းရှိပါတယ်။

ကျမ်းစာများ

နေ့ 1နေ့ 3

ဤအစီအစဉ်အကြောင်း

A Jolt of Joy

ဘုရားသခင်၏မျက်မှောက်တော်၌ ဝမ်းမြောက်ခြင်းအပြည့်အဝရှိ၏၊ ဘုရားသခင်၏ဝမ်းမြောက်ခြင်းသည်ကား ကျွန်ပ်တို့၏ ခွန်အားဖြစ်၏။ ဟူ၍ သမ္မာကျမ်းစာက ဆိုပါ၏။ ဝမ်းမြောက်ခြင်းမှာ စိတ်ခံစားမှုနောက်တမျိုး သက်သက်မျှသာမဟုတ်။ ဝမ်းမြောက်ခြင်းမှာ ဝိညာဉ်ပကတိ၏အသီးဖြစ်ပြီး စိတ်ပျက်အားလျော့ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ရှုံးနိမ့်ခြင်းတို့ကို တွန်းလှန်တိုက်ခိုက်ရန် လက်နက်တိုက်ရှိလက်နက်တို့အနက် အကောင်းဆုံးလက်နက်တစ်ခုဖြစ်၏။ သမ္မာကျမ်းစာမှပြောသောဝမ်းမြောက်ခြင်းအကြောင်းကို ၃၁ရက်တာ လေ့လာသင်ယူလျက် ရဲရဲတင်းတင်းဝမ်းမြောက်ပျော်ရွှင်သောခရစ်ယာန်ဖြစ်လာစေရန် အားဖြည့်ပါ။

More

ဤအစီအစဉ်ကို တင်ဆက်ပေးသော Carol McLeod အားကျေးဇူတင်လိုပါ၏။ ပိုမိုသိရှိလိုပါက www.justjoyministries.com သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။