YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 126

126
ရွှင်​လန်း​စွာ​ရိတ်​သိမ်း​ခြင်း
1ဖမ်း​သွား​ချုပ်​ထား​သော ဇိ​အုန်​သား​တို့​ကို ထာ​ဝ​ရ​ဘု​ရား​ပြန်​လာ​စေ​တော်​မူ​သော​အ​ခါ၊ ငါ​တို့​သည် အိပ်​မက်​သော​သူ​ကဲ့​သို့ ဖြစ်​ကြ၏။ 2ထို​အ​ခါ ငါ​တို့​နှုတ်​သည် ရယ်​ခြင်း​နှင့်​လည်း​ကောင်း၊ ငါ​တို့​လျှာ​သည် သီ​ချင်း​ဆို​ခြင်း​နှင့်​လည်း​ကောင်း ပြည့်​ဝ၏။ တစ်​ပါး​အ​မျိုး​သား​တို့​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​အ​ဖို့ ကြီး​သော​အ​မှု​ကို​ပြု​တော်​မူ​ပြီ​ဟု ဆို​ကြ၏။ 3ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​အ​ဖို့ ကြီး​သော​အ​မှု​ကို​ပြု​တော်​မူ​ပြီ။ ငါ​တို့​သည်​လည်း ဝမ်း​မြောက်​လျက်​နေ​ကြ၏။ 4အို​ထာ​ဝ​ရ​ဘု​ရား၊ ဖမ်း​သွား​ချုပ်​ထား​ခြင်း​ကို​ခံ​ရ​သော အ​ကျွန်ုပ်​တို့​ကို တောင်​မျက်​နှာ​ချောင်း​ရေ​ကဲ့​သို့ တစ်​ဖန် ပြန်​လာ​စေ​တော်​မူ​ပါ။ 5မျက်​ရည်​ကျ​လျက် မျိုး​စေ့​ကြဲ​သော​သူ​တို့​သည် ရွှင်​လန်း​လျက် စ​ပါး​ရိတ်​ကြ​လိမ့်​မည်။ 6မျက်​ရည်​ကျ​လျက် ကြဲ​ရန်​မျိုး​စေ့​ကို​ဆောင်၍ ထွက်​သွား​သော​သူ​သည်၊ ကောက်​လှိုင်း​များ​ကို​ဆောင်​လျက် ရွှင်​လန်း​သော​စိတ်​နှင့် အ​မှန်​ပြန်​လာ​လိမ့်​မည်။

လက်ရှိရွေးချယ်ထားမှု

ဆာလံ 126: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။