ပျော်ရွှင်ဝမ်းမြောက်ခြင်း အလေ့အကျင့်များနမူနာ

ပျော်ရွှင်ဝမ်းမြောက်ခြင်းအကျင့်:ဘုရားရဲ့နှုတ်ကပတ်တော်ကို ကောင်းကောင်းဆုပ်ကိုင်ထားပါ
အကယ်၍ သင်သာဘုရားသခင်ရဲ့ နှုတ်ကပတ်တော်အတိုင်း ကျင့်ကြံအားထုတ်ပြီး လုပ်ဆောင်မယ်ဆိုရင် သင့်ဘဝမှာ ဘုရားက များစွာသော ကောင်းချီးမင်္ဂလာကို ကတိပေးထားမှာဖြစ်တယ်။
အံ့ဩစွာဖြင့် သင်ဘယ်လိုစိုးရိမ်ရမလဲဆိုတာသိရင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ဘယ်လိုကျင့်ကြံရမလဲဆိုတာ သင်သိမှာဖြစ်တယ်။ စိုးရိမ်ခြင်းဆိုတာ မကောင်းတယ့် အတွေးကို ထပ်ခါတလဲလဲ တွေးနေခြင်းဖြစ်တယ်။ သင်ကျမ်းပိုဒ်တခုကို ယူပြီး ထပ်ခါတလဲလဲ စဥ်းစားနေခြင်းက တရားအားထုတ်ခြင်းဖြစ်တယ်။
သင်ဘုရားရဲ့ နှုတ်ကပတ်တော်ကို မှတ်ယူလို့ရတယ့် နည်းလမ်း၆ခုရှိတယ်။
သင်ကြားနိုင်တယ်
သင်ဖတ်နိုင်တယ်
သင်လေ့လာနိုင်တယ်
သင်ကျက်မှတ်နိုင်တယ်
သင်ကျင့်ကြံအားထုတ်နိုင်တယ်
သင်လက်တွေ့အသုံးချလို့ရတယ်
ဒါပေမယ့် သင်ဘုရားကျောင်းဘဲသွားပြီး နှုတ်ကပတ်တော်ကြားနာမယ်ဆိုရင် သင်ဘုရားရဲ့ နှုတ်ကပတ်တော်ကို မှတ်ယူနိုင်မှာမဟုတ်၊ သင့်ဦးနှောက်ထဲကနေလွယ်လွယ်ကူကူမေ့သွားမှာဖြစ်တယ်။
ဖိလိပ္ပိ ၂:၁၆ "အသက်ရှင်ခြင်းနှင့် ဆိုင်သော နှုတ်ကပတ်တော်တရားတော်" အကြောင်းကိုပြောပြထားတယ်။ ကြားနာခြင်း၊ ဖတ်ရှုခြင်း၊ လေ့လာခြင်း၊ ကျက်မှတ်ခြင်း၊ လိုက်နာကျင့်ကြံခြင်း၊ လက်တွေ့အသုံးချခြင်း စသည့် အချက်၆ချက်ကို မလုပ်မခြင်း သင်ကျမ်းစာကို ကောင်းကောင်းဆုပ်ကိုင်နိုင်မှာ မဟုတ်ပါ။
ဆာလံ ၁၁၉:၁၆မှာ" ပညတ်တော်လမ်း၌ အကျွန်ုပ်ကို ပို့ဆောင်တော် မူပါ။ ထိုလမ်းကို နှစ်သက်ပါ၏။" ပြောထားတယ်။ များသောအားဖြင့် ကျွန်တော်တို့က ပျော်ရွှင်မှုကို နေရာအမှားတွေမှာရှာတတ်တယ်။ ဘုရားသခင်ကတော့ သူ့ရဲ့ ပညတ်ချက်တွေမှာ ပျော်ရွှင်ခြင်းကို ရှာဖွေနိုင်တယ်ဆိုတာပြောပြထားတယ်။
Listen to audio teaching |
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း

ပျော်ရွှင်သော ပုဂ္ဂိုလ်ဖြစ်အောင် နေ့စဥ် အလေ့အကျင့်များ ဖွံ့ဖြိုးတိုးတက်လာစေရန် သမ္မာကျမ်းစာမှာ ပျော်ရွှင်ဝမ်းမြောက်ခြင်းအကြောင်း ရေးထားသော ဖိလိပ္ပိကျမ်းကို ဆရာ Rick နှင့်အတူ ဤအစီအစဥ်မှာပါဝင်ပါ။
More