ပျော်ရွှင်ဝမ်းမြောက်ခြင်း အလေ့အကျင့်များနမူနာ

စိတ်ဖိစီးမှုကို စီမံခန့်ခြင်း:မစိုးရိမ်နဲ့
သင့်ဘဝရဲ့ နံပါတ်၁ စိတ်ဖိစီမှုပေးစေတယ့်အရာက အလုပ်အကိုင်မဟုတ်ပါ။ စိုးရိမ်ခြင်းဖြစ်တယ်။ အလုပ်က သင့်ကို တညလုံးမနေစေဘူး၊ အလုပ်ဘဲဖြစ်စေတာဖြစ်တယ်။
ကျမ်းစာထဲမှာ ဘုရားစိုးရိမ်ခြင်းအကြောင်းကို ဘယ်လိုထင်သလဲဆိုတာ ရှင်းလင်းပါတယ်။ ဖိလိပ္ပိ ၄:၆မှာ" အဘယ်အရာ စိုးရိမ်ခြင်းမရှိနဲ့"လို့ပြောထားတယ်။
သင့်စိုးရိမ်ခြင်းကို အဘယ်ကြောင့်လက်လွှတ်ဖို့လိုပါသနည်း။
စိုးရိမ်ခြင်းက အကြောင်းပြချက်တချို့ကြောင့် ယုတ္တိမရှိပါ။ ပထမအနေနဲ့ စိုးရိမ်ခြင်းက ပြဿနာကို ပိုပြီးချဲ့ကားစေတယ်။ တစုံတယောက်က သင့်မကောင်းကြောင်းပြောတာကို ပိုစဥ်းစားလေ ပိုကြီးလာလေဖြစ်တာကို သင်သတိထားမိပါသလား။ ဒုတိယအနေနဲ့ စိုးရိမ်ခြင်းက ဘာမှမဖြစ်စေပါ။ သင်ပြောင်းလဲလို့မရတယ့်အရာကို စိုးရိမ်နေခြင်းက အသုံးမဝင်ပါ။ သင်ပြောင်းလဲလို့ရတယ့်အရာကိုလဲ စိုးရိမ်နေခြင်းကလဲ မိုက်မဲတာဖြစ်တယ်။ ပြောင်းလဲပစ်လိုက်ပါ။
စိုးရိမ်ခြင်းက သဘာဝမဆန်ပါ။ စိုးရိမ်ခြင်းနဲ့ မွေးလာတယ့်သူမရှိပါ။ သင့်ကိုယ်သင်ထင်ပေမယ့် မဟုတ်ပါ။ စိုးရိမ်ခြင်းက သင်လေ့လာရမယ့်အရာဖြစ်တယ်။ စိုးရိမ်ခြင်းက သဘာဝမကျသောကြောင့် မကျန်းမာစေပါ။ သင့်ကိုယ်ခန္ဓာက စိုးရိမ်ခြင်းကို ကိုင်တွယ်ဖို့ ဖန်ဆင်းထားခြင်းမဟုတ်ပါ။ လူတွေက"ငါအလွန်စိုးရိမ်နေတယ်"လို့ပြောနေခြင်းက အမှန်တရားကိုပြောနေခြင်းဖြစ်တယ်။ အကယ်၍ လူတွေသာ အပြစ်ရှိသလိုခံစားရခြင်း၊ခါးသီးခြင်းနဲ့ စိုးရိမ်ခြင်းတွေကို တိုက်ထုတ်နိုင်မယ်ဆိုရင် လူတော်တော်များများ ဆေးရုံက ဆင်းရမှာဖြစ်တယ်လို့ ဆရာဝန်များကို ပြောကြတယ်။ သုတ္တံကျမ်း ၁၄:၃၀မှာ "ကျန်းမာသောနှလုံးသားသည် ကိုယ်အသက်ရှင်စေသောအကြောင်း"လို့ပြောထားတယ်။
စိုးရိမ်ခြင်းက ကူညီရာမရောက်ပါ။ အတိတ်ကိုပြောင်းလဲလို့မရပါ၊ အနာဂတ်ကိုလဲ စိုးရိမ်ခြင်းက မထိန်းချုပ်နိုင်ပါ။ ပစ္စုပ္ပန်မှာ ကမှောက်ကမဖြစ်စေတယ်။ စိုးရိမ်ခြင်း ပြောင်းလဲစေနိုင်သောအရာက သင်ဘဲဖြစ်တယ်။ သင့်ကို သနားစရာကောင်းအောင်လုပ်စေတာဖြစ်တယ်။ ပြဿနာကို ဘယ်တော့မှမဖြေရှင်းပါ။ ကူညီရာမရောက်စေပါ။
စိုးရိမ်ခြင်းက မလိုအပ်ပါ။ ဘုရားကသင့်ကိုဖန်ဆင်းထားတာဖြစ်တယ်။ သင့်ကို ကယ်တင်ထားပြီး သူ့ဝိဉာဥ်တော်ကို သင့်အထဲထည့်ထားတာဖြစ်တယ်။ သင့်လိုအပ်ချက်တွေကို သင်ဖြေရှင်းပေးမယ်လို့ သင်မထင်ဘူးလာ။ စိုးရိမ်စရာမလိုပါ။
စိတ်ဖိစီးမှု စီမံခန့်ခွဲခြင်းရဲ့ ပထမဆုံး ခြေလှမ်းကတော့ အရာအားလုံးကို စိုးရိမ်ဖို့ ငြင်းဆန်ခြင်းဖြစ်တယ်။ ဘာကြောင့်လဲ။ ဘာကြောင့်လဲဆိုတော့ ယုတ္တိမရှိလို့၊ သဘာဝမဆန်လို့၊ ကူညီရာမရောက်လို့ မလိုအပ်လို့ဖြစ်တယ်။
ရှင်ပေတရုပထမဩဝါဒစာစောင် ၅:၇ "သင်တို့ကိုသတိနှင့် ကြည့်ရှုတော်မူသောကြောင့်၊ သင်တို့၌ စိုးရိမ်ခြင်းအမှုရှိသမျှတို့ကို ကိုယ်တော်၌ အပ်နှံကြလော့" လို့ပြောထားတယ်။
ဘုရားသခင်က သူကိုယ်တိုင် သင့်လိုအပ်ချက်နဲ့ သင့်ကို ဂရုစိုက်တယ်။ သင့်ကို စိတ်ဖိစီးစေ၊ စိုးရိမ်စေ၊ ကြောက်ရွံ့နေတယ့်အရာတွေကို သင်သိပါတယ်။ ထိုအရာတွေကို လွှတ်ချလိုက်ပါ။ ဘုရားကိုပေးလိုက်ပါ။
Listen to audio teaching |
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း

ပျော်ရွှင်သော ပုဂ္ဂိုလ်ဖြစ်အောင် နေ့စဥ် အလေ့အကျင့်များ ဖွံ့ဖြိုးတိုးတက်လာစေရန် သမ္မာကျမ်းစာမှာ ပျော်ရွှင်ဝမ်းမြောက်ခြင်းအကြောင်း ရေးထားသော ဖိလိပ္ပိကျမ်းကို ဆရာ Rick နှင့်အတူ ဤအစီအစဥ်မှာပါဝင်ပါ။
More