YouVersion လိုဂို
ရှာရန် အိုင်ကွန်

ပျော်ရွှင်ဝမ်းမြောက်ခြင်း အလေ့အကျင့်များနမူနာ

Habits Of Happiness

33 ၏ နေ့ 10

သင်ပျော်ရွှင်ချင်ပါသလား၊သင့်အသက်ကို ပေးဆပ်လိုက်ပါ။

ဘုရားသခင်က အဆင့်အတန်း၊လစာ၊ လိင်ဆက်ဆံခြင်း၊ အောင်မြင်ခြင်းမှပျော်ရွှင်မှုမရရှိအောင် စကြာဝဠာကို ဖန်ဆင်းထားတာဖြစ်တယ်။

‌ပျော်ရွှင်မှုဆိုတာ အစေခံခြင်းမှလာတာဖြစ်တယ်။ ဘုရားသခင်က သင့်အသက်တာ‌ပေးဆပ်လိုက်ချိန်မှာ အပျော်ရွှင်ဆုံးဖြစ်ရန် သင့်ကိုဖန်ဆင်းထားတာဖြစ်တယ်။ ဘာကြောင့်လဲ။ သူ့လိုဘဲ သင့်ကိုဖြစ်စေချင်လို့ဖြစ်တယ်။ ချစ်ခြင်းမေတ္တာ‌ကြောင့်ဖြစ်တယ်။

"အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှါအလိုရှိ၏။ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင် သူသည် ငါ့ကြောင့်၎င်း၊ ဧဝံဂေလိတရားကြောင့်၎င်း အသက်ရှုံး၏။ ထိုသူသည် မိမိအသက်ကို ကယ်ဆယ်လိမ့် မည်။"(ရှင်မာကု ၈:၃၅)

ပျော်ရွှင်တယ့်စိတ်နှလုံးသားရှိဖို့ အစေခံခြင်းနဲ့ ရက်ရောခြင်းကို သင်နေ့တိုင်းလေ့ကျင့်မှဖြစ်မယ်။

ရှင်မဿဲ ၂၀:၂၈မှာ" သူတပါးအစေကို ခံခြင်းငှါ၎င်း၊ မိမိအသက်ကိုစွန့်၍ လူများကိုရွေးခြင်းငှါ၎င်း၊ ကြွလာသည်ဖြစ်၍"ပြောထားတယ်။

ယေရှု ကြွလာတာ အစေခံဖို့နဲ့ ပေးဆပ်ဖို့ဖြစ်တယ်။ တခြားအရာတွေထက် သင့်ဘဝမှာ ပျော်ရွှင်မှုကို ယူဆောင်ပေးမယ့် အရာ၂ခုရှိပြီး ထိုဟာတွေက ယေရှုနောက်လိုက်ရခြင်း၏ အဓိပ္ပာယ်ကိုဖွင့်ဆိုပေးတယ်။ သင်အစေမခံဘူး၊ သင်မပေးဆပ်ဘူးဆိုရင် သင်ယေရှုနောက်လိုက်နေတာမဟုတ်ပါ။ အရမ်းရိုးရှင်းပါတယ်။

သင့်ကိုယ်သင်ပေးဆပ်လေ ဘုရားသင့်ကို ကောင်းချီးပိုပေးလေ သင်ပိုပြီးပျော်ရွှင်လေ ဖြစ်အောင် စကြာဝဠာကို ဘုရားဖန်ဆင်းထားတာဖြစ်တယ်။

ဖိလိပ္ပိ ၂:၁၇-၁၈မှာ"ထိုမျှမက၊ သင်တို့၏ယုံကြည်ခြင်းကို တင်လှူ ပူဇော်သော ယဇ်အပေါ်မှာ ငါ့ကိုလောင်းသော်လည်း ဝမ်းမြောက်ခြင်းရှိ၏။ သင်တို့ရှိသမျှနှင့်အတူ ငါဝမ်းမြောက်ခြင်းရှိ၏။ ထိုနည်းတူ သင်တို့သည်လည်း ဝမ်းမြောက်ကြလော့။ ငါနှင့်အတူ ဝမ်းမြောက်ခြင်း ရှိကြလော့။" လို့ရှင်ပေါလုပြောပြထားတယ်။

သင့်ဘဝကို စွန့်လွှတ်တတ်ရန်နှင့် အခြားသူများကိုအစေခံခြင်းအားဖြင့် ဘုရားကို အစေခံရန် သင့်ယုံကြည်ခြင်းက လုပ်ဆောင်စေတာဖြစ်တယ်။ စွန့်လွှတ်ခြင်းနဲ့ အစေခံခြင်းက ဘဝပျော်ရွှင်မှုရဲ့ သော့ချက်၂ခုဖြစ်တယ်။ ဧဝံဂေလိအတွက် သင့်ဘဝကို ရက်ရောစွာ ပေးဆပ်ခြင်းဖြစ်တယ်။

Listen to audio teaching
နေ့ 9နေ့ 11

ဤအစီအစဉ်အကြောင်း

Habits Of Happiness

ပျော်ရွှင်သော ပုဂ္ဂိုလ်ဖြစ်အောင် နေ့စဥ် အလေ့အကျင့်များ ဖွံ့ဖြိုးတိုးတက်လာစေရန် သမ္မာကျမ်းစာမှာ ပျော်ရွှင်ဝမ်းမြောက်ခြင်းအကြောင်း‌ ‌ရေးထားသော ဖိလိပ္ပိကျမ်းကို ဆရာ Rick နှင့်အတူ ဤအစီအစဥ်မှာပါဝင်ပါ။

More

This devotional © 2016 by Rick Warren. All rights reserved. Used by permission. For more information, please visit: www.rickwarren.org