ပျော်ရွှင်ဝမ်းမြောက်ခြင်း အလေ့အကျင့်များနမူနာ
ပျော်ရွှင်ဝမ်းမြောက်ခြင်းအကျင့်: ဘုရားသခင်ရဲ့ ပိုကြီးသောပန်းချီကားချပ်ကိုမြင်ကြည့်ပါ
သင်ပျော်ရွှင်တယ့်သူဖြစ်ချင်တယ်ဆိုရင် ဘုရားသခင်ရှုထောင့်ကနေ ပြဿနာအားလုံးကို လိုက်ကြည့်ဖို့လိုတယ်။ ပျော်ရွှင်တယ့်သူတွေက ရှုထောင့်ပိုပြီးကျယ်ပြန့်တယ်။ သူတို့က ပုံကြီးကြီးကိုမြင်ကြတယ်။ သင်ဘုရားရှုထောင့်က အရာအားလုံးကိုမမြင်နိုင်သောအခါ သင်စိတ်ဓာတ်ကျခြင်း၊ စိတ်ပင်ပန်းခြင်းနဲ့ မပျော်ရွှင်ခြင်းတို့ကိုကြုံရမှာဖြစ်တယ်။
သင့်ဘဝမှာ ဘာတွေဘဲဖြစ်နေပါစေ အကောင်း၊အဆိုး၊ ရုပ်ဆိုးခြင်း၊ ဘုရားသခင် တခုခုလုပ်နေတာဖြစ်တယ်။ ရှင်ပေါလု ဒါကိုသိခဲ့တယ်။ ဖိလိပ္ပိ ၁:၁၂" ညီအစ်ကိုတို့၊ ငါ၌ရောက်သော အမှုအရာတို့သည် ဧဝံဂေလိတရားကိုမတားမြစ်သည်သာမက၊ ပြုစုရာ ဖြစ်သည်ဟုသင်တို့သိစေခြင်းငှါ ငါအလိုရှိ၏"
ရှင်ပေါလု ဒမာသက်သွားရာလမ်းမှာ ခရစ်ယာန်ဖြစ်လာချိန်ကစပြီး သူ အိမ်မက်ကြီးတခုကို မက်ခဲ့သည်။ ထိုအချိန်က စကြာဝဠာရဲ့ ဗဟိုဖြစ်တယ့် ရောမမြို့ကို တရားဟောကြားနိုင်ဖို့ဖြစ်တယ်။ သူ့အိမ်မက်ကတော့ ကမ္ဘာပေါ်မှာ အရေးကြီးဆုံးမြို့မှာ ဧဝံဂေလိဟောကြားဖို့ဖြစ်တယ်။
ဒါပေမယ့် ဘုရားသခင်မှာ တခြားသောအကြံစည်ရှိတယ်။ ရှင်ပေါလု ရောမမြို့မှာ တရားဟောပွဲတွေမှာ ဟောကြားနေမယ့်အစား ဘုရားသခင်က သူ့ကို ထိုအချိန်က နီရိုဘုရင်ဖြစ်တယ့် ဆီဆာရဲ့ တော်ဝင်အကျဥ်းသားအဖြစ် ဖြစ်စေခဲ့တယ်။ နီရိုဟာ သင်ထင်တာထက်ပိုပြီး ရက်စက် ယုတ်မာလွန်းသူဖြစ်တယ်။
တော်ဝင်အကျဥ်းသားအနေနဲ့ ရှင်ပေါလုက တော်ဝင်ထောင်စောင့်နဲ့ ၂၄နာရီ ၊၂နှစ်တာပတ်လုံး သံကြိုးဖြင့်ချည်နှောင်ခံခဲ့ရပြီး ၄နာရီတခါ ထောင်စောင့်ပြောင်းတယ်။ ထောင်ထဲမှာ ၂နှစ်ကာလအတွင်း သူထောင်စောင့်ပေါင်း ၄,၃၈၀နဲ့ကြုံခဲ့ရတယ်။ ဘယ်သူကဒီမှာ ထောင်သားအစစ်လဲ။ အဖမ်းခံရတယ့် ပရိသတ်က ဘယ်သူရှိမလဲ။
ဒီအကြံဟာရှင်ပေါလု အကြံမဟုတ်ပါ၊ ဘုရားရဲ့ အကြံစည်တော်သာဖြစ်တယ်။ ရလာဒ်၂ခုရှိတယ်ဆိုတာ ကျွန်တော်တို့သေချာသိပါတယ်။
ရောမရှိ တော်ဝင်တရားရုံးမှာ ရှင်ပေါလုရဲ့ သက်သေကြောင့် ၂နှစ်အတွင်းမှာ နီရိုမိသားစုဝင်တွေ ပြောင်းလဲလာခဲ့တာကို ဖိလိပ္ပိ၄ထဲမှာ ပြောပြထားပါတယ်။
ဒုတိယအချက်အနေနဲ့ ရှင်ပေါလုလိုမျိုးလူကို မသွားဘဲ ရပ်တန့်ဖို့ ခက်ခဲပါတယ်။ ထောင်ထဲမှာ သူ့ကို အတင်းငြိမ်အောင်နေခိုင်းစေတယ်။ ဒါကြောင့် သူ ဓမ္မသစ်ကျမ်းကို ရေးသားခဲ့တယ်။ ဘယ်အရာက ကြီးကြီးမားမား အကျိုးပိုရှိမလဲဆိုတာ ကျွန်တော်စဥ်းစားမိတယ်။ သူ ကိုစီယမ်မှာ တရားဟောတာလား ဒါမှမဟုတ် သူရေးသားခဲ့တယ့် ရောမဩဝါဒစာ၊ ပထမနဲ့ဒုတိယကောရိန္တုဩဝါဒစာ၊ ဂလာတိ၊ ဧဖက်၊ ဖိလိပ္ပိ၊ ကောလောသဲဩဝါဒစာတွေလား။ ဒီကျမ်း၇ခုက လူသန်းပေါင်းများစွာဆီကို နှစ်တော်တော်ကြာ ယေရှုအကြောင်း ဖော်ပြနိုင်ခဲ့တယ်။
ဘုရားဆီမှာ ပိုကြီးမားသောအကြံရှိမယ်ဆိုတာ ရှင်ပေါလုသိခဲ့ပြီး ဘာကြောင့်သူပျော်ရွှင်နိုင်ခဲ့တာလဲဆိုတော့ သူ့ပြဿနာမှာ ဘုရားလုပ်နေတယ့်အရာကို သူမြင်ခဲ့တာဖြစ်တယ်။
သင့်ကို ဆွဲချစေတယ့် ပြဿနာနဲ့ကြုံတွေ့လာတိုင်းမှာ ရှင်ပေါလု လုပ်ခဲ့တယ့်အရာကို သင်လုပ်ဖို့လိုတယ်၊ ဘုရားသခင်ရဲ့ ရှုထောင့်က မြင်တတ်ဖို့ လေ့လာရမှာဖြစ်တယ်။ "ဘုရားဒီမှာ ဘာလုပ်နေပါသလဲ။ ပုံကြီးက ဘာလဲ။ ဘယ်အရာက ရှုထောင့်ပိုကျယ်သလဲ။" ဒါနဲ့ သင်ပြဿနာများကို ယုံကြည်ခြင်းနဲ့ ရင်ဆိုင်နိုင်မှာဖြစ်တယ်။
Listen to audio teaching |
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ပျော်ရွှင်သော ပုဂ္ဂိုလ်ဖြစ်အောင် နေ့စဥ် အလေ့အကျင့်များ ဖွံ့ဖြိုးတိုးတက်လာစေရန် သမ္မာကျမ်းစာမှာ ပျော်ရွှင်ဝမ်းမြောက်ခြင်းအကြောင်း ရေးထားသော ဖိလိပ္ပိကျမ်းကို ဆရာ Rick နှင့်အတူ ဤအစီအစဥ်မှာပါဝင်ပါ။
More