ပျော်ရွှင်ဝမ်းမြောက်ခြင်း အလေ့အကျင့်များနမူနာ
ပျော်ရွှင်ဝမ်းမြောက်ခြင်းအကျင့်:သင့်ရည်ရွယ်ချက်ကိုအာရုံစိုက်ပါ၊ပြဿနာကိုအာရုံမထားပါနဲ့
ပြဿနာမဟုတ်ဘဲ သင့်ရည်ရွယ်ချက်မှာ အာရုံစူးစိုက်ပါက ဘဝက ဖရိုဖရဲဖြစ်နေသော်လည်း သင်ပျော်ရွှင်နိုင်ပါတယ်။
ရောမရှိ အကျဥ်းထောင်မှာရှိနေစဥ် ရှင်ပေါလုက လူအိုတစ်ယောက်ပါ။ သူကအိမ်နဲ့ တော်တော်ဝေးတယ့်နေရာမှာရောက်နေပါတယ်။ သေဒဏ်ပေးမှာကို သူစောင့်နေခဲ့တာဖြစ်တယ်။ သူ့ဆီမှ အရာအားလုံးယူသွားခြင်းခံရတယ်၊ သူ့မိတ်ဆွေတွေ၊ သူ့အမှုတော်လုပ်ငန်း၊ သူ့ရဲ့ ကိုယ်ရေးကိုယ်တာတွေ၊နောက်ပြီး အစောင့်တစ်ယောက်နဲ့ ၂၄နာရီလုံးလုံး ချည်နှောင်ခြင်းခံရတယ်။ ရှင်ပေါလုအတွက်တော့ ပျော်စရာကောင်းတယ့် အချိန်တွေတော့ မဟုတ်ပါ။
ဒါပေမယ့် ရှင်ပေါလုဆီက သူတို့ယူလို့မရတယ့်အရာတခုရှိတယ်၊ သူ့ရဲ့ ရည်ရွယ်ချက်ဘဲ ဖြစ်တယ်။ သူအရာအားလုံးဆုံးရှုံးခဲ့တာတောင်မှ သူ့ရည်ရွယ်ချက်မှာ အာရုံစိုက်ဖို့ ရွေးချယ်ခဲ့တယ်။ သူ့ရဲ့ ရည်ရွယ်ချက်ကဘာလဲ။ အခြားသူများကို အစေခံခြင်းအားဖြင့် ဘုရားကို အစေခံတာဖြစ်တယ်။
ဖိလိပ္ပိ ၁:၂၂-၂၅" ဤကိုယ်ခန္ဓာ၌ ငါသည်အသက်ရှင်လျှင်၊ ငါပြုသောအမှု၏ အကျိုးကား ထိုသို့သောအကျိုးဖြစ်၏။ သို့သော်လည်း အဘယ်အကျိုးကို ရွေးယူရမည်ဟု ငါမသိ။ ထိုအကျိုးနှစ်ပါး၏အကြား၌ ငါသည်ယခု ကျဉ်းမြောင်းစွာ နေရ၏။ စုတေ့၍ ခရစ်တော်နှင့်အတူ နေ ခြင်းငှါ တောင့်တလိုချင်သော စိတ်ရှိ၏။ သာ၍ အလွန် ထူးမြတ်သောအကျိုးဖြစ်၏။ သို့သော်လည်း ကိုယ်ခန္ဓာ၌ နေရလျှင် သင်တို့၌ သာ၍ အကျိုးရှိလိမ့်မည်။ ထိုသို့ရှိလိမ့်မည်ဟု ယုံမှားခြင်းနှင့် ကင်းလွတ်သည်ဖြစ်၍၊ သင်တို့ရှိရာသို့ ငါတဖန်ရောက်လာသော အားဖြင့်၊ သင်တို့သည် ယေရှုခရစ်ကိုအမှီပြု၍ ငါ့အတွက်ကြောင့် သာ၍ ဝါကြွားဝမ်းမြောက်ခြင်း ရှိစေခြင်းငှါ၊" လို့ရှင်ပေါလုပြောခဲ့တယ်။
ဗစ်တာဖရန့်ရဲ့"လူသားတွေအဓိပ္ပာယ်ကိုရှာဖွေခြင်း" စာအုပ် ဖတ်ခဲ့တာကို ကျွန်တော်ဘယ်တော့မှမမေ့နိုင်ပါ။ ဖရန့်က ဂျာမန်နာဇီတွေရဲ့ သေဒဏ်ပေးစခန်းကို ခေါ်ဆောင်ခံရတယ့် ဂျူးလူမျိုး စိတ်ရောဂါအထူးကုဆရာဝန်ဖြစ်တယ်။ သူ့ရဲ့မိသားစုတွေ၊ သူငယ်ချင်းတွေအကုန်လုံး ဓာတ်ငွေ့အဆိပ်သင့်ပြီးအသတ်ခံရတယ်။ တနေ့မှာ နာဇီတပ်ဖွဲ့တွေအရှေ့မှာ လုံးလုံးလျားလျား အဝတ်ဗလာ မတ်တပ်ရပ်ခဲ့ရတယ်လို့ သူ့စာအုပ်ထဲမှာ ပြောထားတယ်။ သူတို့က ထောင်သားတွေရဲ့ အဝတ်အစားတွေအကုန်လုံးယူသွားခဲ့ပြီး ဖရန့်ရဲ့ လက်ထပ်လက်စွပ်ပါယူသွားခဲ့တယ်။ သူ ဘာမှမရှိဘဲ မတ်တပ်ရပ်နေချိန်မှာ ရုတ်တရက် သူသတိရလိုက်တာက နာဇီတွေ သူ့ဆီမှ ယူလို့မရတယ့်အရာတခုရှိတယ်။ အဲ့တာကတော့ သူဘယ်လိုတုံ့ပြန်ရမလဲဆိုတယ့် ရွေးချယ်မှုဘဲဖြစ်တယ်။
တခြားသူတွေ သင့်ကိုလုပ်တယ့်အရာတွေကို သင်ထိန်းချုပ်လို့မရပါ။ သင့်ပတ်ဝန်းကျင်က လူတွေလုပ်တယ့်အရာကို သင်ထိန်းချုပ်လို့မရပါ။ ဒါပေမယ့် သင်ဘယ်လိုတုံ့ပြန်မလဲဆိုတာ ရွေးချယ်လို့ရပါတယ်။
Listen to audio teaching |
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ပျော်ရွှင်သော ပုဂ္ဂိုလ်ဖြစ်အောင် နေ့စဥ် အလေ့အကျင့်များ ဖွံ့ဖြိုးတိုးတက်လာစေရန် သမ္မာကျမ်းစာမှာ ပျော်ရွှင်ဝမ်းမြောက်ခြင်းအကြောင်း ရေးထားသော ဖိလိပ္ပိကျမ်းကို ဆရာ Rick နှင့်အတူ ဤအစီအစဥ်မှာပါဝင်ပါ။
More