YouVersion လိုဂို
ရှာရန် အိုင်ကွန်

ပျော်ရွှင်ဝမ်းမြောက်ခြင်း အလေ့အကျင့်များနမူနာ

Habits Of Happiness

33 ၏ နေ့ 21

ပျော်ရွှင်ဝမ်းမြောက်ခြင်းအကျင့်: တူညီသောအရာများကို ရှာဖွေပါ

ကျောင်းတွေမှာ မသင်ပေးနိုင်တယ့် ကျွမ်းကျင်မှုတခုဟာ အခြားသူတွေနဲ့ ဘယ်လိုပူးပေါင်းရမလဲဆိုတာဖြစ်တယ်။ ဒါပေမယ့် သင်ပျော်ရွင်သောသူတစ်ယောက်ဖြစ်ချင်တယ်ဆိုရင် ထိုကျွမ်းကျင်မှုဟာ အရေးကြီးဆုံးထဲမှာပါတယ်။

သင်တခြားသူတွေနဲ့ ကောင်းကောင်းအလုပ်မလုပ်တတ်ရင် သင်ဘဝတစ်လျှောက်လုံး မပျော်ရွှင်ဘဲနေရလိမ့်မယ်။

တခြားလူတွေနဲ့ လက်တွဲလုပ်နိုင်ဖို့ သင်ဘာတွေလိုအပ်သလဲ။

ပထမဦးဆုံးအနေနဲ့ တခြားသူတွေနဲ့ ပူးပေါင်းလုပ်ဆောင်တတ်ဖို့လိုအပ်ပါတယ်။

ဧပဖြောက ရှင်ပေါလုထောင်ထဲမှာရှိနေစဥ် ငွေရေးကြေးရေး ကူညီနိုင်ဖို့ ရောမကို စေလွှတ်ခြင်းခံရသော ဖိလိပိရှိ အသင်းတော်မှ လူတစ်ယောက်ဖြစ်တယ်။ "သို့သော်လည်း ဆောင်ရွက်ခြင်း၊ စစ်တိုက်ခြင်းအမှု၌ ငါ၏အပေါင်းအဘော်၊ ငါ့ကိုပြုစုသော သူတည်း ဟူသော သင်တို့တမန်၊ ငါ့ညီ ဧပဖြောဒိတ်ကို သင်တို့ရှိရာသို့ ယခုစေလွှတ်သင့်သည်ဟု ငါထင်မှတ်၏။" ဖိလိပ္ပိ ၂:၂၅

ဧပ‌ဖြောဒိတ်ကို သူ၏ညီ၊ ရဲဘော်ရဲဖက် တမန် လို့ခေါ်ဝေါ်ခြင်းက ဘဝနဲ့ အမှုတော်မြတ်သည် မိသားစု၊ မိဿဟာရဖွဲ့ခြင်း၊ တိုက်ပွဲဖြစ်ကြောင်း ရှင်ပေါလုပြောဆိုနေခြင်းဖြစ်တယ်။

အသင်းတော်က ဘုရားသခင်ရဲ့ မိသားစုဖြစ်တယ်။ ကျွန်တော်တို့နဲ့ အတူတူအမှုတော်ဆောင်၊ ဝတ်ပြုကိုးကွယ်သူတွေက ကျွန်တော်တို့ ညီအကို မောင်နှမတွေဖြစ်ပြီး သူတို့ကို တန်းတူညီမျှ ဆက်ဆံသင့်တယ်။ မိဿဟာရ ဖွဲ့ခြင်းဖြစ်ပြီး အတူတကွ ‌အစေခံ လုပ်ဆောင်ရမယ့် တာဝန်တစ်ခုရှိတယ်။ ထိုအရာက မဟာစေခိုင်းချက်ဖြစ်တယ်။

သင်က စာတန်ကို အတူတကွတိုက်ခိုက်နေရပြီး တစ်ယောက်နဲ့တစ်ယောက် အကူအညီလိုအပ်ပါတယ်။ သင်ခုခံရမှာဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် အားပေးရမှာဖြစ်တယ်။

လူတွေနဲ့ပူးပေါင်းဆောင်ရွက်တတ်ဖို့ သင်ယူရန် အကောင်းဆုံးနေရာမှာ အသင်းတော်ဖြစ်တယ်။

ဒုတိယအနေနဲ့ တခြားသူတွေအတွက်လဲ စဥ်းစားပေးတတ်ရမယ်။

"အကြောင်းမူကား၊ သူသည် နာကြောင်းကို သင်တို့ကြားသိသောကြောင့်၊ သူသည် သင်တို့အပေါင်းကို လွမ်းဆွတ်၍ စိတ်မသာလျက်နေ၏။"လို့ ရှင်ပေါလုက ဖိလိပ္ပိ ၂:၂၆မှာ ဧပ‌ဖြောဒိတ်အကြောင်းကို ပြန်လည်ပြောပြထားတယ်။

ထည့်သွင်းစဉ်းစားခြင်း၏ ဥပမာနှစ်ခုရှိသည်ကို သတိပြုပါ။ ရှင်ပေါလုက သူ၏လုပ်ဖော်ကိုင်ဖက်ရဲ့ အိမ်လွမ်းနေတယ့်ရောဂါကို ထည့်သွင်းစဥ်းစားပေးပြီး ဧပ‌ဖြောဒိတ်ကလဲ ဖိလိပ္ပိတွေရဲ့ စိုးရိမ်ပူပန်နေခြင်းကို ထည့်သွင်းစဥ်းစားပေးတယ်။

ဒီအရာဟာ ပျော်ရွှင်ခြင်းရဲ့ သော့ချက်ဖြစ်တယ်။ အခြားသူတွေရဲ့ လိုအပ်ချက်၊ သံသယ၊ ကြောက်ရွံ့ခြင်းများကို ထည့်သွင်းစဥ်းစားဖို့ သင် သင်ယူလေ သင် ပိုပြီးပျော်ရွှင်လေဖြစ်တယ်။ သင် ထောက်ထားညှာတာမှုမရှိလျှင် သာယာဖွယ်ကောင်းသော အိမ်ထောင်ကို သင်ရရှိမှာမဟုတ်ပါ။

"ညီအစ်ကိုတို့၊ သင်တို့ရှိသမျှသည် စကားတညီတညွတ်တည်းဖြစ်၍ အချင်းချင်းမကွဲပြားဘဲ စိတ် သဘောတသံတသမတ်တည်းရှိသည်နှင့် စေ့စပ်စုံလင်ကြမည်အကြောင်း၊ ငါတို့သခင်ယေရှုခရစ်၏ နာမတော် ကို အမှီပြု၍ သင်တို့ကို ငါနှိုးဆော်တောင်းပန်ပါ၏။"ဟု ကောရိန္သု​ဩဝါဒစာ​ပဌမစောင် ၁:၁၀ မှာပြောထားတယ်။

ဘယ်သူမှ အလိုအလျောက် ငဲ့ညှာတယ့်စိတ်ရှိလာတာမဟုတ်ပါ။ ဘာကြောင့်လဲဆိုတော့ အခြားသူများ လိုအပ်ချက်တွေ မဟုတ်ဘဲ ကျွန်တော့်အတွက် အရင်စဥ်းစားကြလို့ဖြစ်တယ်။ "စိတ်သဘော တသံမတ်တည်းရှိဖို့ လုပ်ဆောင်ရန်လိုအပ်ပြီး အခြားသူများနဲ့ ပူး‌ပေါင်းလုပ်ဆောင်ရန် လေ့ကျင့်မှုလိုအပ်ပါတယ်။ အသီးများသီးလာရန် ဥယျာဥ်ခြံကို ပြုစုသကဲ့သို့ သင့်ကြိုးစားအားထုတ်မှုက ပျော်ရွှင်ခြင်းနဲ့ ခိုင်မာသော ဆက်ဆံ‌ရေးများကို အသီးသီးစေနိုင်တာကိုတွေ့ရပါလိမ့်မယ်။

Listen to audio teaching

ကျမ်းစာများ

နေ့ 20နေ့ 22

ဤအစီအစဉ်အကြောင်း

Habits Of Happiness

ပျော်ရွှင်သော ပုဂ္ဂိုလ်ဖြစ်အောင် နေ့စဥ် အလေ့အကျင့်များ ဖွံ့ဖြိုးတိုးတက်လာစေရန် သမ္မာကျမ်းစာမှာ ပျော်ရွှင်ဝမ်းမြောက်ခြင်းအကြောင်း‌ ‌ရေးထားသော ဖိလိပ္ပိကျမ်းကို ဆရာ Rick နှင့်အတူ ဤအစီအစဥ်မှာပါဝင်ပါ။

More

This devotional © 2016 by Rick Warren. All rights reserved. Used by permission. For more information, please visit: www.rickwarren.org