YouVersion လိုဂို
ရှာရန် အိုင်ကွန်

ပျော်ရွှင်ဝမ်းမြောက်ခြင်း အလေ့အကျင့်များနမူနာ

Habits Of Happiness

33 ၏ နေ့ 22

ပျော်ရွှင်ဝမ်းမြောက်ခြင်းအကျင့်:အချိန်အခါတိုင်းမှာ ရက်‌ရောပါ။

ဘုရားကသင့်ကို ချမ်းသာအောင်ထားခြင်းက သင်ဘယ်အချိန်မဆို ရက်ရောနိုင်ဖို့ဖြစ်ပြီး သင် ဘုရားကို ကျေးဇူးတော်ချီးမွမ်းနိုင်ဖို့ဖြစ်တယ်။

သင်လောဘကြီးလာအောင် ဘုရားက သင့်ကို ကောင်းချီးပေးထားတာမဟုတ်ပါ။ သင့်ကို ကောင်းချီးပေးတာက သင့်ကို ရက်‌‌ရောစေချင်လို့ဖြစ်တယ်။ သင်ပေးလိုက်ပြီး ဘုရားက သင့်ကိုပြန်ပေးတာ သင်ပို ပေးကမ်းနိုင်အောင်ဖြစ်တယ်။ သင်ပိုပေးကမ်းတယ်၊ ဘုရားသင့်ကို ပိုပြီး ပေးနိုင်တယ်။ ဘုရားက သင့်ကို ပေးထားတာ သိမ်းထားဖို့မဟုတ်ပါ။ သင့် လက်ထဲမှ တစုံတခုကို လက်လွှတ်လိုက်ပါက ဘုရားရဲ့ ‌ကြီးမားသော ကောင်းချီးမင်္ဂလာကို သင်လက်ခံဖို့ နေရာရှိသွားပြီဖြစ်တယ်။

ဒါပေမယ့် ကျွန်တော်ပြောတယ့်အတိုင်းဘဲ ဘုရားက သင့်ရဲ့ စိတ်နေသဘောထားကို ကြည့်နေတာဖြစ်တယ်။ ဒါကြောင့် ကျေးဇူးတရားသိတတ်သောစိတ်နှင့် ‌အသက်ရှင်ဖို့ အရေးကြီးတယ်။ "အဘယ်သို့နည်းဟူမူကား၊ ဤလုပ်ကျွေးခြင်းအမှုသည် သန့်ရှင်းသူတို့၏ ဆင်းရဲခြင်းကို မစသည် သာမက၊ ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းစရာ အကြောင်းအများနှင် ပြည့်စုံလျက်ရှိ၏။" ကောရိန္သု​ဩဝါသစာ​ဒုတိယစောင် ၉:၁၂။

သင်ပေးကမ်းနေတာ အစေခံခြင်းကို ပြုလုပ်နေတာဖြစ်တယ်။ အစေခံခြင်းနဲ့ ပေးကမ်းခြင်းဟာ အတူတူဖြစ်တယ်။ ‌မေတ္တာတရားကို ပြသနေတာဖြစ်တယ်။ ပေးကမ်းခြင်းနှင့် အစေခံခြင်းမရှိရင် သင်မချစ်နိုင်ပါ။ အကောင်းဆုံးအပိုင်းက သင့် အစေခံခြင်းက ဘုရားအပေါ် ကျေးဇူးတင်တတ်စိတ်ကို ဖော်ပြနေခြင်းဖြစ်တယ်။

အချိန်ခဏယူ ဆုတောင်းပြီး ဘုရားဆီကို သင်‌ ကျေးဇူးတော်ချီးမွမ်းပါ။

Listen to audio teaching

ကျမ်းစာများ

နေ့ 21နေ့ 23

ဤအစီအစဉ်အကြောင်း

Habits Of Happiness

ပျော်ရွှင်သော ပုဂ္ဂိုလ်ဖြစ်အောင် နေ့စဥ် အလေ့အကျင့်များ ဖွံ့ဖြိုးတိုးတက်လာစေရန် သမ္မာကျမ်းစာမှာ ပျော်ရွှင်ဝမ်းမြောက်ခြင်းအကြောင်း‌ ‌ရေးထားသော ဖိလိပ္ပိကျမ်းကို ဆရာ Rick နှင့်အတူ ဤအစီအစဥ်မှာပါဝင်ပါ။

More

This devotional © 2016 by Rick Warren. All rights reserved. Used by permission. For more information, please visit: www.rickwarren.org