YouVersion လိုဂို
ရှာရန် အိုင်ကွန်

ပျော်ရွှင်ဝမ်းမြောက်ခြင်း အလေ့အကျင့်များနမူနာ

Habits Of Happiness

33 ၏ နေ့ 24

ပျော်ရွှင်ဝမ်းမြောက်ခြင်းအကျင့်:အဖြေရသောဆုတောင်းချက်များအတွက်ကျေးဇူးတော်ချီးမွမ်းပါ

ဘုရားပြောတာ သင်ကြားချင်ရင် ဘုရားကိုချီးမွမ်းကိုးကွယ်ပါ။

တနည်းပြောရရင် သင့်ဘဝရဲ့ တစိတ်တပိုင်းဖြစ်လို့၊ သင့်ဘဝရဲ့ အသေးစိတ်က အစ အလေးထားလို့ ကျေးဇူးတင်ပါ။ သင့်ဆုတောင်းချက်များကို နား‌‌ညောင်းတယ့်အတွက်ကြောင့် ကျေးဇူးတင်ပါ။"အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်၏ ဗျာဒိတ်တော်သံကို ကြား၍ ကြောက်ရွံ့ပါပြီ။" ဟဗက္ကုတ်အနာဂတ္တိကျမ်း၃:၂။ ဘုရားက သင့်ကို ရူပါရုံပေးတယ်။ ဘုရားက သင့်ကို အိပ်မက်ပေးတယ်။ ဘုရားသင့်ကို ဘာလုပ်စေချင်လဲဆိုတာ သင်သိပါတယ်။ ဒါကြောင့် သင့်ဆုတောင်းချက်ကို ‌အဖြေပေးတယ့်အတွက် သူ့ကို ကျေးဇူးတင်ပါ။ အဲ့တာက ဘုရားကို ကိုးကွယ်ခြင်းဖြစ်တယ်။

ကျွန်တော်သင့်ကို ဖြစ်စေချင်တာက သင့်ဆုတောင်းချက်တွေကို သင်တဦးတည်းပြောနေတာမဟုတ်ဘဲ နှစ်ယောက်အပြန်အလှန် ပြောဆိုနေခြင်းဖြစ်ကြောင်း မြင်စေချင်တယ်။ ဆုတောင်းခြင်းက ဘုရားနဲ့ပြောဆိုခြင်းဖြစ်တယ်။ သင်ဆုတောင်းလျှင်ဘုရားကြားပြီး သင်မေးတာတွေကို ဖြေကြားပေးတယ်။ ဘုရားက သင်နဲ့ နေ့စဥ်စကားပြောချင်တာဖြစ်တယ်။ သင်ဘုရားကို နေ့ရက်တိုင်း ယုံကြည်ခြင်းဖြင့် ပြောဆိုပါက သင့်ဘဝပြောင်းလဲမှာဖြစ်တယ်။

ယခု သင်ဘုရားကို မသိသရွေ့ ဘုရားပြောတာ သင်မကြားရနိုင်ပါ။ ဘုရားကို သိလာရန် အဆင့်၃ဆင့်ရှိတယ်: အသိအမှတ်ပြုခြင်း၊ ရင်းနှီးကျွမ်းဝင်ခြင်းနှင့် မိတ်ဆွေဖြစ်ခြင်းတို့ဖြစ်တယ်။ ဘုရားရှိကြောင်း သင်အသိအမှတ်ပြုရင်ပြုမယ် ဒါ‌ပေမယ့် သင်ဘုရားကို သေချာမသိနိုင်ပါ။ ဒါမှမဟုတ် သင် ဘုရားနဲ့ ရင်းနှီးပေမယ့် ဘုရားကို ‌‌ရေရေလည်လည်မသိသေးပါ။

ဘုရားက သင်နဲ့ မိတ်ဆွေဖြစ်ချင်တာဖြစ်တယ်။ သင်နဲ့ မိတ်ဆွေဖြစ်လိုပြီး သင့်ကို သူ့မိတ်ဆွေဖြစ်ဖို့ အလိုရှိတယ်။ ဘုရားက သင့်နဲ့ အချိန်တိုင်း စကားပြောချင်နေတာဖြစ်တယ်။

အသံဖြင့်သင်ကြားခြင်းနားထောင်မည်

ကျမ်းစာများ

နေ့ 23နေ့ 25

ဤအစီအစဉ်အကြောင်း

Habits Of Happiness

ပျော်ရွှင်သော ပုဂ္ဂိုလ်ဖြစ်အောင် နေ့စဥ် အလေ့အကျင့်များ ဖွံ့ဖြိုးတိုးတက်လာစေရန် သမ္မာကျမ်းစာမှာ ပျော်ရွှင်ဝမ်းမြောက်ခြင်းအကြောင်း‌ ‌ရေးထားသော ဖိလိပ္ပိကျမ်းကို ဆရာ Rick နှင့်အတူ ဤအစီအစဥ်မှာပါဝင်ပါ။

More

This devotional © 2016 by Rick Warren. All rights reserved. Used by permission. For more information, please visit: www.rickwarren.org