ပျော်ရွှင်ဝမ်းမြောက်ခြင်း အလေ့အကျင့်များနမူနာ

ပျော်ရွှင်ဝမ်းမြောက်ခြင်းအကျင့်:အရာရာ၌ကျေးဇူးတော်ချီးမွမ်းပါ
အမေရိကန်မှာ ကျေးဇူးတော်ချီးမွမ်းခြင်းနေ့ကို တနှစ်မှာ တကြိမ်ကျင်းပကြပါတယ်။ ဒါပေမယ့် နေ့ရက်တိုင်း ကျွန်တော်တို့ရဲ့ ကျေးဇူးတော်ချီးမွမ်းခြင်းကို စိတ်နှလုံးသားပါဖို့ ဘုရားအလိုရှိတယ်။ ယုံကြည်သူတစ်ယောက်ရဲ့ ဘဝအသက်တာကိုထင်ဟပ်စေတယ့် ဒီဝိညာဥ်ရေးရာ အကျင့်ကို ဘုရားက ရှိစေချင်တာဖြစ်တယ်။ အမှန်တော့ ဘုရားရဲ့ ချစ်ခြင်းမေတ္တာကို သင်နားလည်လေ သင်ပိုပြီး ကျေးဇူးတော်ချီးမွမ်းလေဖြစ်တယ်။
အလွန်ကျေးဇူးတင်တတ်ခြင်းဆိုတာ ဘာအဓိပ္ပာယ်လဲ။
"အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ အကြောင်းမူကား၊ သင်တို့သည် ထိုသို့ကျင့်စေခြင်းငှါ၊ ယေရှုခရစ်၌ ဘုရားသခင်အလိုတော်ရှိ၏။" သက်သာလောနိသြဝါဒစပထမစာစောင် ၅:၁၈။ အဲ့တာက လွန်စွာကျေးဇူးတော်ချီးမွမ်းတတ်ခြင်းဖြစ်တယ်။ အရာရာ၌ကျေးဇူးတော်ချီးမွမ်းပါ၊အာကြောင့်လဲဆိုတော့ ဘုရားရဲ့ အလိုတော်ဖြစ်တယ်။
ဘုရားက အုပ်စိုးခြင်းရှိတယ့်အတွက်ကြောင့် သင်ဘုရားကို အခြေအနေတိုင်းမှာ ကျေးဇူးတင်လို့ရတယ်။ အမင်္ဂလာမှ မင်္ဂလာဖြစ်စေတယ်။ သင်မိုက်ရူးဆန်စွာ ပြုလုပ်ခဲ့တယ့် အမှားများကို ပြင်ဆင်ပေးနိုင်တယ်။ ဘာဘဲဖြစ်နေပါစေ ဘုရားက သင့်ကိုချစ်နေတာ မရပ်တန့်သွားပါ။ အခြေအနေတွေဆိုးရွားနေပါစေ ဘယ်အခြေအနေမှာမဆို ကျေးဇူးတော်ချီးမွမ်းလို့ရပါတယ်။
သာလွန်စွာ ကျေးဇူးတော်ချီးမွမ်းခြင်း၊ အခြေအနေတိုင်းမှာ ကျေးဇူးတင်ခြင်းဆိုသည်မှာ ဘုရားရဲ့အလိုတော်ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ဘုရားနဲ့ မိဿဟာရဖွဲ့စေချင်လို့ဖြစ်တယ်။
ကျွန်တော်ဘာပြောချင်လဲဆိုတော့ ကျေးဇူးတင်တတ်ခြင်းက ဘုရားနဲ့သင့်ကြား၊ လူတွေနဲ့ သင့်ကြားမှာ ရှိတယ့် ဆက်ဆံရေးကို ပိုနက်ရှိုင်းအောင်တည်ဆောက်ပေးတယ်။
တစုံတယောက်ကို သင်ချဥ်းကပ်ချင်ပါက ထိုသူဆီ ကျေးဇူးတရားတွေ စတင်ပြသပါ။ သင့်ဇနီး သို့မဟုတ် သင့် ယောက်ျားဆီမှ သင်ထွက်ခွာသွားပါက သင်စချိန်းတွေ့ချိန်တုန်းကအတိုင်း ကျေးဇူးတရားဖော်ထုတ်ခြင်းကို သင်ပြန်လုပ်သင့်တယ်။ အားပေးခြင်းနဲ့ကြင်နာခြင်းအကြောင်းတွေ နဲနဲဆီချရေးပါ။ သင် ဘယ်လောက် သူ့ကို ကျေးဇူးတင်ကြောင်း ဖုန်းခေါ်ပါ၊ စာပို့ပါ။ ပထမဆုံးလုပ်ခဲ့တယ့် အရာတွေကို သင်လုပ်ပါ။ ထို အချစ်တွေခံစားနေခြင်း ရပ်တန့်နေရတယ့် အကြောင်းကတော့ စချစ်တုန်းက သင်ပြုလုပ်ခဲ့တယ့် အရာတွေကို သင်ရပ်တန့်လိုက်လို့ဖြစ်ပြီး အလေးမထားခဲ့လို့ဖြစ်တယ်။
သင့် အဖွဲ့ငယ်လေးရှိချင်ပါသလား။ အဖွဲ့ငယ်တွေဆီဘဲမသွားပါဘဲ။ ဒီအပတ်မှာ သူတို့ဆီ စာပို့ပါ၊ အီးမေးလ်ပို့ပါ၊ ဖုန်းခေါ်ပါ၊ စာရေးပါ။" ငါမင်းကို ဒီအတွက်ကြေင့်ကျေးဇူးတင်တယ်။"လို့ပြောပါ။ သင့်အဖွဲ့ငယ်တွေကို ကျေးဇူးတင်လေ ပိုပြီး ပေါင်းစည်းလေဖြစ်တယ်။
"ထိုကြောင့်၊ သင်တို့သည်ယခုပင်ပြုသည်နည်းတူ၊ အချင်းချင်း တိုက်တွန်း၍ တယောက်ကိုတယောက် တည်ဆောက်ကြလော့။" သက်သာလောနိသြဝါဒစာ ပထမစာစောင် ၅:၁၁။ သင်တခြားသူများကို တည်ဆောက်ပေးသလို ဘုရားက သင်နဲ့အခြားသူများကြားရှိ နက်ရှိုင်းဆက်ဆံရေးတွေကို တည်ဆောက်ပေးနေတာကို သင်တွေ့လိမ့်မယ်။
Listen to audio teaching |
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း

ပျော်ရွှင်သော ပုဂ္ဂိုလ်ဖြစ်အောင် နေ့စဥ် အလေ့အကျင့်များ ဖွံ့ဖြိုးတိုးတက်လာစေရန် သမ္မာကျမ်းစာမှာ ပျော်ရွှင်ဝမ်းမြောက်ခြင်းအကြောင်း ရေးထားသော ဖိလိပ္ပိကျမ်းကို ဆရာ Rick နှင့်အတူ ဤအစီအစဥ်မှာပါဝင်ပါ။
More