YouVersion လိုဂို
ရှာရန် အိုင်ကွန်

ပျော်ရွှင်ဝမ်းမြောက်ခြင်း အလေ့အကျင့်များနမူနာ

Habits Of Happiness

33 ၏ နေ့ 33

သင့်တာဝန်:ဘုရားသခင်ရဲ့ မိသားစုထဲကို အခြားသူများကိုရောက်ရှိလာ‌အောင် ကူညီပေးပါ

သင်ဟာ ယေရှုခရစ်တော်ရဲ့ နောက်လိုက်ဖြစ်တယ်ဆိုရင် ဘုရားသခင်က သင့်ကို ဒီလောကမှာ တာဝန်ပေးထားပြီးသားဖြစ်တယ်။ သင်ဒီမှာရှိနေခြင်းဟာ နေရာယူဖို့အတွက်ဘဲမဟုတ်ပါ။ သင့်ရဲ့ တကိုယ်ရည် ပန်းတိုင်တွေနောက် လိုက်ဖို့အတွက် ဒီမှာရှိနေရခြင်းမဟုတ်ပါ။

သင့်ကို ဘုရားသခင်ကိုယ်တိုင်ပေးထားတယ့် အိမ်စာရှိတယ်။ ဘုရားမိသားစုထဲမှာပါတာနဲ့တပြိုက်နက် သင့်ဘဝပြောင်းလဲမှာဖြစ်တယ်။ သင်အသက်ရှင်ဖို့အတွက် ရည်ရွယ်ချက်ရှိတခုရှိတယ်။ သင့်ဘဝက သင့်အကြောင်းဘဲမဟုတ်တော့ပါ၊ ဘုရားသခင်ရဲ့ အမှုတောမြတ်ဖြစ်တယ်။

သင့်တာဝန်က ဘုရားတာဝန်နဲ့ သမိုင်းအားလုံးအတွက် ဆံ့ဝင်ပါတယ်။ဘုရားသခင်က စကြာဝဋာထဲမှာ အရာအားလုံးကို ဖန်ဆင်းခဲ့တာဟာ သူမိသားစုတခုကို လိုချင်လို့ဖြစ်တယ်။ ကမ္ဘာကြီးကို သူမလိုဘူး၊ တခြားဂြိုလ်တွေကိုလဲ မလိုဘူး၊ ကြယ်များကိုလဲ မလိုဘူး။ ဒီအရာတွေအားလုံးကို သူဖန်ဆင်းခဲ့တာဟာ သူ့ရဲ့မိသားစုထဲမှာ ကျွန်တော်တို့တချို့တလေကသာ ပါဝင်ဖို့ ဆန္ဒရှိရှိ ရွေးချယ်မယ်ဆိုတာ သူသိနေလို့ဖြစ်တယ်။

ဘုရားသခင် ယေရှုကို ပေးခဲ့သောတာဝန်မှာ ယခုခရစ်တော်ရဲ့ ခန္ဓာဖြစ်သော အသင်းတော်ဖြစ်တယ်။ တခြားသူများကို သူ၏မိသားစုထဲပါဝင်ရာတွင် ကျွန်တော်တို့ကူညီပေးဖို့ သူအလိုရှိတယ်။ ယေရှုက ဒီလိုပြောခဲ့တယ်" ကိုယ်တော်သည် အကျွန်ုပ်ကို ဤလောကသို့ စေလွှတ်သည်နည်းတူ၊ အကျွန်ုပ်သည် ဤသူတို့ကို စေလွှတ်ပါ၏။" (ရှင်ယောဟန် ၁၇:၁၈)

ကျွန်တော်တို့ ယေရှုကိုသိသည်နှင့်တပြိုင်နက် ကျွန်တော်တို့သွားဖို့လိုပါသည်။ ကျွန်တော်တို့ရဲ့ မိသားစုဝင်တွေနှင့် မိတ်ဆွေများကို သူ့အကြောင်းပြောပြဖို့လိုပါသည်။ ဒါပေမယ့် အဲ့နေရာမှာရပ်မနေသင့်ပါ။ ဘုရားသခင်က မည်သူမျှ ကယ်တင်ခြင်းမရအောင် ဘယ်တော့မှဖန်ဆင်းထားတာမဟုတ်ပါ။ ကမ္ဘာပေါ်မှာရှိတယ့် သူအားလုံးကို သူချစ်ပါတယ်။

ဘုရားသခင်က သူ၏အမှုတော်အတွက် ကျွန်တော်တို့ရှိတယ့်နေရာတိုင်းမှာ အသက်ရှင်စေလိုတာဖြစ်တယ်။ ကျွန်တော်တို့ရဲ့ မိသားစု၊ အသိုင်းအဝိုင်းနှင့်ကမ္ဘာကြီးမှာဖြစ်တယ်။ သင့်ဘဝအတွက် သူ၏အမှုတော်ကတော့ ပြည်တွင်းနှင့်ပြည်ပအတွက်ဖြစ်တယ်။ ကျမ်းစာကပြောထားတယ်"ယခင်က ငါစောင့်ထိန်း၍ ဘေးလွှတ်စေသော ဣသ‌ရေလအမျိုးတို့အား ငါ့ထံပြန်ခေါ်ခြင်းအမှုကို ‌ဆောင်ရွက်ခြင်းအမှုသည် သာမညအမှုဖြစ်၏။ ထိုအမှုမက သင်သည်မြေကြီးစွန်းတိုင်အောင် ငါ၏ကယ်တင်းခြင်းကို ပြုစိမ့်သောငှာ၊ သင့်ကို တပါးအမျိုးတို့လင်းစရာဖို့ ငါခန့်ထားသည်ဟု မိန့်တော်မူသည်။" (ဟေရှာယ၄၉:၆)

‌ထိုအရာက လောကအတွက် ဘုရားသခင်ရဲ့ အကြံစည်တော်ဖြစ်တယ်။ သူ့ရဲ့ အမှုတော်က သင့်အတွက်ဖြစ်တယ်။ ကမ္ဘာပေါ်ကလူသားအားလုံး သူ့ကိုသိရန် သူအလိုရှိတယ်။ ထိုအရာဖြစ်လာဖို့ သင့်ကိုသူအသုံးပြုချင်တယ်။ အမှုတော်ဆောင်တွေ၊ သင်းအုပ်ဆရာများကိုသာ ဘုရားက‌ပြောပြထားတာမဟုတ်ပါ။ သူ့ရဲ့ မိသားစုထဲမှာ သင်ပါတယ်ဆိုရင် သူ့ရဲ့ အမှုတော်ကို သင့်ဆီပေးထားတာဖြစ်တယ်။

 

 

အသံဖြင့် သင်ကြားခြင်းနားထောင်မည်

နေ့ 32

ဤအစီအစဉ်အကြောင်း

Habits Of Happiness

ပျော်ရွှင်သော ပုဂ္ဂိုလ်ဖြစ်အောင် နေ့စဥ် အလေ့အကျင့်များ ဖွံ့ဖြိုးတိုးတက်လာစေရန် သမ္မာကျမ်းစာမှာ ပျော်ရွှင်ဝမ်းမြောက်ခြင်းအကြောင်း‌ ‌ရေးထားသော ဖိလိပ္ပိကျမ်းကို ဆရာ Rick နှင့်အတူ ဤအစီအစဥ်မှာပါဝင်ပါ။

More

This devotional © 2016 by Rick Warren. All rights reserved. Used by permission. For more information, please visit: www.rickwarren.org