YouVersion လိုဂို
ရှာရန် အိုင်ကွန်

ပျော်ရွှင်ဝမ်းမြောက်ခြင်း အလေ့အကျင့်များနမူနာ

Habits Of Happiness

33 ၏ နေ့ 32

သင့်ကို သင့်ထက်သာ၍ ကြီးမားသောအရာအတွက်ဖန်ဆင်းထားတာဖြစ်တယ်။

ကျွန်တော်တို့ပြီးပြည့်စုံတယ်လို့ ဘာကြောင့်မခံစားရတာလဲ။ လူတွေတော်တော်များများက ဒီမေးခွန်းကို‌ သူတို့ကိုယ်သူတို့ မေးတတ်ကြပါတယ်။ကျွန်တော်တို့က မပျော်ရွှင်နိုင်၊ မကျေနပ်နိုင်၊ ဒါကြောင့် ‌ကျွန်တော်တို့က သနားဖို့ကောင်းတယ်။

ဘာကြောင့်လဲ။ လူမှုဗေဒပညာရှင် ဂျွန် ဘရူးဂရက်မန်းရဲ့ ချမ်းသာမှု၊လွတ်လပ်မှု၊ စိတ်ဆင်းရဲမှုဆိုတယ့်စာအုပ်မှာ ဘာကြောင့်လဲဆိုတာ ဇာတ်လမ်းကောင်းတပုဒ်နဲ့ ဝေမျှထားတယ်။ လူတွေကိုကြီးသောအရာတခုလုပ်ဖို့ စိတ်အားထက်သန်စေတာတယ့် စိန်ခေါ်မှုများထဲမှာ ဧဝရတ်တောင်ပေါ်တက်ခြင်းပါတယ်။ လူများစွာကြိုးစားကြတယ်၊ ထိုလူတွေရဲ့ ၁၀ရာခိုင်နှုန်းနီးပါးလောက် တောင်ပေါ်တက်စဥ် အသက်ဆုံးရှုံးကြရတယ်။ တောင်တက်လမ်း တ‌လျှောက်မှာ အလောင်းတွေတန်းစီနေတယ်။ လူ့တန်ဖိုးအစစ်အမှန်ကို ရွေးနှုတ်ခြင်းမရှိသော်လည်း လူတော်တော်များများ တောင်ပေါ်တက်ချင်နေတုန်းပါဘဲ။

လွန်ခဲ့သောနှစ်အနည်းငယ်က တောင်တက်သမား ဒေးဗစ်ရှဟာ တောင်ပေါ်မှာ ဒုက္ခကြီးကြီးကြုံတွေ့ခဲ့တယ်။ ထိုအချိန်မှာ တောင်တက်သမား၄၀က သူ့အရေးပေါ်လိုအပ်ချက်ကို သတိထားမိသော်လည်း သူ့ကို ကျော်သွားခဲ့ကြတယ်။ သူဧဝရတ်တောင်ပေါ်မှာသေဆုံးခဲ့တာက ဘယ်တောင်တက်သမားကမှ သူတို့ရဲ့ တကိုယ်ရည်ပန်းတိုင်ကိုရပ်ပြီး သူ့ကိုကူညီဖို့ မလိုလားခဲ့ကြဘူး။

အဲ့တာကျွန်တော်တို့ဘဲ။ ကျွန်တော်တို့ရဲ့ ပင်ကိုယ်သဘောသဘာဝကဘဲ အရေးကြီးသည့်အရာများကို မမြင်နိုင်အောင် ပိုပြီးပြုလုပ်၊ပိုပြီးဖြစ်စေ၊ ပိုပြီးရှိစေတာဖြစ်တယ်။ ဒါ‌‌ပေမယ့် ဘုရားက ကျွန်တော်တို့ကို အဲ့လို ပြုလုပ်ထားတာမဟုတ်ပါ။ ဘဝဆိုတာ သင်ဘာလုပ်သလဲ၊ သင်ဘယ်သူလဲ သို့မဟုတ် သင်ဘယ်အရာကိုလုပ်သလဲ မဟုတ်ပါ။ ဘဝဆိုတာ ချစ်ခြင်းဖြစ်တယ်၊ ဘုရားကို ချစ်ခြင်းနဲ့ အခြားသူများကို ချစ်ခြင်းဖြစ်တယ်။

ရှင်မာကု၈:၃၅မှာ" အကြင်သူသည် မိမိအသက်ကိုကယ်စေခြင်းငှာ အလိုရှိ၏၊ ထိုသူသည် အသက်ရှုံးလိမ့်မည်၊ အကြင်သူသည် ငါ့ကြောင့်၎င်း၊ ဧဝံဂေလိတရားကြောင့်၎င်း အသက်ရှုံး၏၊ ထိုသူသည် မိမိအသက်ကိုကယ်ဆယ်လိမ့်မည်။" လို့ ယေရှု ကျွန်တော်တို့ကို ပြောထားတယ်။ ဘုရားရဲ့ အမှုတော်မြတ်မှာ သင့်အသက်တာမပေးမချင်း သင်မပျော်ရွှင်နိုင်အောင် ဘုရားကသင့်ကို ဖန်ဆင်းထားတာဖြစ်တယ်။ သင့်ထက်သာ၍ ကြီးမြတ်သောအရာအတွက် သင့်ကို ဖန်ဆင်းထားတာဖြစ်တယ်။ ဒီအရာကို သင့်ဘဝရဲ့ တာဝန်လို့ သမ္မာကျမ်းစာက ပြောထားတယ်။ ရည်ရွယ်ချက်က ရာထူး၊ လခ၊ လိင်ဆက်ဆံခြင်းမှ လာတာမဟုတ်ပါ။ ဝန်ဆောင်မှုပေးခြင်းမှလာတာဖြစ်တယ်။ သင့်ဘဝကို‌ပေးမှသာလျှင် ဘဝမှာရည်ရွယ်ချက်ရှိတယ်ဆိုတာ သင်ခံစားရမှာဖြစ်တယ်။

အသံဖြင့်သင်ကြားခြင်း နားထောင်မည်

ကျမ်းစာများ

နေ့ 31နေ့ 33

ဤအစီအစဉ်အကြောင်း

Habits Of Happiness

ပျော်ရွှင်သော ပုဂ္ဂိုလ်ဖြစ်အောင် နေ့စဥ် အလေ့အကျင့်များ ဖွံ့ဖြိုးတိုးတက်လာစေရန် သမ္မာကျမ်းစာမှာ ပျော်ရွှင်ဝမ်းမြောက်ခြင်းအကြောင်း‌ ‌ရေးထားသော ဖိလိပ္ပိကျမ်းကို ဆရာ Rick နှင့်အတူ ဤအစီအစဥ်မှာပါဝင်ပါ။

More

This devotional © 2016 by Rick Warren. All rights reserved. Used by permission. For more information, please visit: www.rickwarren.org