ပျော်ရွှင်ဝမ်းမြောက်ခြင်း အလေ့အကျင့်များနမူနာ
ပျော်ရွှင်ဝမ်းမြောက်ခြင်းအကျင့်:ရက်ရောပါ
သင်လုပ်ကိုင်သောအရာဖြင့် အသက်မွေးဝမ်းနေတာဖြစ်ပေမယ့် သင့်ပေးဆပ်ခြင်းကြောင့် ဂုဏ်နာမည်၊အမွေအနှစ်၊ သူတပါးရဲ့ ကျေးဇူးတင်ခြင်းနှင့် လေးစားမှုတို့ကို ပိုရရှိတာဖြစ်တယ်။
သင့်ဘဝမှာ ဘယ်သူတွေကို သင်ကျေးဇူးအတင်ဆုံးလဲ။ သူတို့က သင့်အပေါ် အချိန်၊ငွေ၊လုပ်အားနဲ့ စိတ်ရှည်ခြင်းတို့ကို မြှုပ်နှံထားတယ့်သူတွေဖြစ်တယ်။ သင့်အပေါ် အများဆုံးပေးဆပ်ထားတယ့်သူတွေက သင် ကျေးဇူးအတင်ဆုံးဖြစ်တယ်။
ပေးဆပ်မှုအများဆုံး ပုဂ္ဂိုလ်တွေဟာ ကျေးဇူးအတင်ဆုံး ပုဂ္ဂိုလ်တွေဖြစ်တယ်။ "ယခု၌လည်း သင်တို့သည် ငါ့ကို ကြည့်ရှုပြုစုချင်သော စေတနာစိတ်နှင့် ပြည့်စုံပြန်သည်ဖြစ်၍၊ ငါသည် သခင်ဘုရား၌ အလွန်ဝမ်းမြောက်ခြင်းရှိ၏။ ထိုစေတနာစိတ်သည် အထက်ကရှိသော်လည်း ပြုစုရသောအခွင့် မရှိပြီ။သို့သော်လည်း ဆင်းရဲဒုက္ခကိုငါ ခံရစဉ်အခါ၊ သင်တို့သည် ငါနှင့်ဆက်ဆံသောအားဖြင့် ကောင်းမွန်စွာ ပြုကြပြီ။ အချင်းဖိလိပ္ပိမြို့သားတို့၊ ဧဝံဂေလိတရားကို ဟောစပြု၍၊ မာကေဒေါနိပြည်မှ ငါထွက်ဆဲရှိသောအခါ အလှူလှူခြင်း၊ အလှူခံခြင်းအမှု၌၊ သင်တို့မှတပါး အဘယ်အသင်းတော်မျှငါနှင့်မဆက်ဆံကြ။ယခုအခါ အရာရာ၌ငါရတတ်၏။ ဥစ္စာကြွယ်ဝ၏။ မွှေးကြိုင်သောအနံ့နှင့် ပြည့်စုံ၍၊ ဘုရားသခင် နှစ်သက်အားရတော်မူသော ယဇ်တည်းဟူသော သင်တို့ ပေးလိုက်သောအရာတို့ကို ဧပဖြောဒိတ်လက်မှ ငါခံရ သည်ဖြစ်၍ ကြွယ်ဝလျက်ရှိ၏။" ဖိလိပ္ပိ ၄:၁၀, ၁၄-၁၅, ၁၈။
သင့်ရက်ရောခြင်းအပေါ် ကျေးဇူးတင်တယ့်သူရှိပါသလား။ "အဲ့လူက အရမ်းချစ်တတ်ပြီး ပေးကမ်းတတ်တာ၊ ငါ့အပေါ် အင်မတန်မှ ရက်ရောကြပါလား"လို့ သင့် အကြောင်းကို ပြောဆိုမယ့်သူ ဘယ်နယောက်ရှိမလဲ သင်စဥ်းစားကြည့်ပါ။
သင့်အပေါ် ရက်ရောခဲ့တယ့်သူတွေကို ကျေးဇူးတင်ဖို့ ဒီနေ့ထက်ပိုကောင်းတယ့် အချိန်မရှိပါ။ သင်သူတို့ကို ဖုန်းခေါ်ခြင်း သို့မဟုတ် စာရေးခြင်းဖြင့် သင့်အပေါ် ကောင်းခဲ့သောအရာများအတွက် အသေးစိတ်ရေးပြီး သင့်ဘဝအတွက် ဘယ်လို အဓိပ္ပာယ်ရှိစေကြောင်းပြောပါ။ထို့နောက် အခြားသူများအပေါ် သင်ဘယ်လို ပေးကမ်း ရက်ရောမလဲဆို ထိုလူ၂ယောက်ကို ဥပမာယူပါ။
အသံဖိုင်ဖြင့်သင်ကြားခြင်းနားထောင်မည် |
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ပျော်ရွှင်သော ပုဂ္ဂိုလ်ဖြစ်အောင် နေ့စဥ် အလေ့အကျင့်များ ဖွံ့ဖြိုးတိုးတက်လာစေရန် သမ္မာကျမ်းစာမှာ ပျော်ရွှင်ဝမ်းမြောက်ခြင်းအကြောင်း ရေးထားသော ဖိလိပ္ပိကျမ်းကို ဆရာ Rick နှင့်အတူ ဤအစီအစဥ်မှာပါဝင်ပါ။
More