ပျော်ရွှင်ဝမ်းမြောက်ခြင်း အလေ့အကျင့်များနမူနာ
ပျော်ရွှင်ဝမ်းမြောက်ခြင်းအကျင့်:သင့်ယုံကြည်ခြင်းက သင့်ရက်ရောမှုနှင့်အတူကြီးထွားတယ်
သင်ရက်ရောမှုကိုပြသချိန်တိုင်း သင့်ယုံကြည်ခြင်းကို ခိုင်မာစေမှာဖြစ်တယ်။
ဘာကြောင့်လဲ။ ဘာကြောင့်လဲဆိုတော့ သင်တစုံတခုကိုယူပြီး သင့်အတွက်အသုံးပြုမည့်အစား တခြားသူများကိုကူညီရာတွင် အသုံးချလိုပါက ဘုရားသင့်ကို ကူညီဖို့ ဘုရားပေါ်သင် မှီခိုအားထားမှရမယ်။
သင့်သူငယ်ချင်းက သူ၏လစဥ်ကြေးများကို ပေးဆောင်ဖို့အခက်အခဲရှိနေတယ့်အချိန်မှာ သင်ကူညီဖို့ ရွေးချယ်လိုက်သောအခါ ဘုရား သင့်ကို ထောက်ပံ့ပေးမယ်ဆိုတာ ယုံကြည်ဖို့ သင်လေ့လာရမှာဖြစ်တယ်။
သင်လုပ်စရာရှိလို့ အချိန်အနည်းငယ်သာလုပ်ဖို့ရှိပေမယ့် သင်ရပ်တန့်ပြီး သင့်အိမ်နီးချင်းကို ကူညီရန်ရွေးချယ်လိုက်သောအခါ သင့်ရဲ့ အချိန်များပိုတိုးလစေဖို့နှင့် အလုပ်များပြီးမြောက်နိုင်ဖို့ ဘုရားသခင်အပေါ် သင်ယုံကြည်မှဖြစ်မယ်။
ထိုအခြေအနေများတွင် သင်ဘုရားအပေါ် မှီခိုအားထားသောအခါ သင့်ယုံကြည်ခြင်း ခိုင်မာလာမှာဖြစ်ပြီး သူ့ကိုယုံကြည်လိုက်ပါ။ စိုးရိမ်ခြင်းအစား သင်ဆုတောင်းနေပြီး သင်လိုအပ်သမျှ ဘုရားထောက်ပံ့ပေးမယ်ဆိုတာ မျှော်လင့်နေပါ။
ဖိလိပ္ပိ ၄:၆ "အဘယ်အမှုကိုမျှစိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ ကျေးဇူးတော်ကိုချီးမွမ်းခြင်းနှင့်တကွ ဆုတောင်း ပဌနာပြုသောအားဖြင့်၊ သင်တို့တောင်းပန်လိုသောအရာများတို့ကို ဘုရားသခင်အားကြားလျှောက်ကြလော့။"
လွန်ခဲ့သော ၃၃နှစ်က စယ်ဒဲလ်ဘတ်မှာ ကျွန်တော်တို့လူတွေကို သူတို့ ပုံမှန်ပေးကမ်းခြင်းထက် ပိုပေးကြရန် မတူညီတယ့်အချိန်၆ခါလောက် မေးခဲ့ဖူးတယ်။ ထိုအချိန်တခုချင်းစီတိုင်းမှာ ဘုရားက ကျွန်တော့်ယုံကြည်ခြင်းကို ဆွဲဆန့်ခဲ့တယ်။ စည်းလုံးလှုံဆော်ရေးတခုတွင် ကျွန်တော်နဲ့ ကလေးရဲ့ ၃နှစ်စာလစာကို စွန့်လွှတ်တတ်ရန် ဘုရားကဦးဆောင်ခဲ့တယ်။ ယုံကြည်ခြင်းကို ဆန်းစစ်သည့်အရာလို့သင်ထင်ပါသလား။ ကျွန်တော်တို့ လစာအကုန်လုံးကို အလှူငွေပေးလိုက်မယ်ဆိုရင် လောကကြီးမှာ ဘယ်လိုများအသက်ရှင်မလဲ(ကျွန်တော်ဒီစာအုပ်မရေးခင်က အဖြစ်အပျက်ဖြစ်တယ်)။ အဓိပ္ပာယ်ကတော့ ထို၃နှစ်လုံးလုံး ဘုရားက တနည်းနည်းဖြင့် ထောက်ပံ့မယ်ဆိုတာကို ကျွန်တော်တို့ယုံကြည်ဖို့ဖြစ်တယ်။
အဲ့တာကတော့ ကျွန်တော့်ရဲ့ ယုံကြည်ခြင်းကို ဆန်းစစ်တယ့်အရာဖြစ်တယ်။ ဘုရားသခင်က ကျွန်တော့်ရဲ့ ယုံကြည်ခြင်းကို ဆန်းစစ်တယ့်အချိန်တိုင်း ဘုရားကသစ္စာရှိစွာထောက်ပံ့တာနဲ့အမျှ ကျွန်တော့် ယုံကြည်ခြင်း ပိုပြီးခိုင်မာလာတာဖြစ်တယ်။ သင် ရက်ရောစွာပေးကမ်းရင် ဘုရားကသင့်ကို ထိုကဲ့သို့ ပေးမှာဖြစ်တယ်။
Lအသံဖြင့်သင်ကြားခြင်းနားထောင်မည် |
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ပျော်ရွှင်သော ပုဂ္ဂိုလ်ဖြစ်အောင် နေ့စဥ် အလေ့အကျင့်များ ဖွံ့ဖြိုးတိုးတက်လာစေရန် သမ္မာကျမ်းစာမှာ ပျော်ရွှင်ဝမ်းမြောက်ခြင်းအကြောင်း ရေးထားသော ဖိလိပ္ပိကျမ်းကို ဆရာ Rick နှင့်အတူ ဤအစီအစဥ်မှာပါဝင်ပါ။
More