YouVersion လိုဂို
ရှာရန် အိုင်ကွန်

ပျော်ရွှင်ဝမ်းမြောက်ခြင်း အလေ့အကျင့်များနမူနာ

Habits Of Happiness

33 ၏ နေ့ 28

ပျော်ရွှင်ဝမ်းမြောက်ခြင်းအကျင့်:ပေးကမ်းခြင်းက သင့်နှလုံးသားကို ဖော်ပြတယ်။

သင် ပေးတယ့်အချိန်တိုင်း သင့်ကိုယ့်သင် အရေးကြီးတယ့်အရာကို ဖော်ပြတယ်။ သင် ငွေနဲ့အချိန်ကို ဘယ်လိုအသုံးချသလိုဆိုတာ ပြောပြရုံနဲ့ သင့်အတွက် ဘယ်အရာက အရေးကြီးသလဲဆိုတာ ကျွန်တော်ပြောပြနိုင်တယ်။ သင့်အချိန်ဇယားကို ကြည့်ခြင်းအားဖြင့် သင့်သားသမီးတွေက သင့်အတွက် အရေးကြီးဆုံးဖြစ်ကြောင်း ဖော်ပြနေမယ်။ သင် ငွေသုံးခဲ့တာက သင့် ဝါသနာကို ဖော်ပြနေမယ်။

သင် မိုက်ခရို‌ဆော့ဖ်ဆီမှာ ရှယ်ယာမဝယ်ထားတာကြောင့် မိုက်ခရိုဆော့ဖ်ကို သင်ဂရုစိုက်ချင်မှ စိုက်လိမ့်မယ်။ ဒါ‌‌ပေမယ့် သင်ဝယ်ထားမယ်ဆိုရင် ရုတ်တရက် မိုက်ခရိုဆော့ဖ် ကုမ္ပဏီ အောင်မြင်မှုကို သင်အလေးထားလာမယ်။ ဘာကြောင့်လဲဆိုတော့ သင်ငွေထားတယ့်နေရာမှာ သင့်နှလုံးသားရှိလို့ ဖြစ်တယ်။

"ထိုနက်နဲသောအရာဟူမူကား၊ ကာလအချိန်စေ့စုံခြင်း၏ သာသနာတွင် ကောင်းကင်ပေါ်၊ မြေကြီး ပေါ်မှာ ရှိရှိသမျှတို့ကိုပေါင်း၍ ခရစ်တော်၌ ချုပ်ခြာ စေတော်မူလိမ့်သတည်း။" ဖိလိပ္ပိ ၁:၁၀။

သင့်ဘဝမှာ ဘယ်အရာ အရေးကြီးပါသလဲ။ ရှားပါးဥစ္စာမဟုတ်ပါ။ ဘဝဆိုတာ အရာဝတ္ထုတွေကို စုဆောင်းရခြင်းမဟုတ်ပါ။ အရုပ်အများဆုံးရှိတယ့်သူလဲ သေဆုံးရတာပါဘဲ။

ဘဝဆိုတာ ပစ္စည်းဥစ္စာအကြောင်းဘဲမဟုတ်ပါ။ ဘဝဆိုတာ ဘယ်လိုချစ်ရမလဲဆိုတယ့် အကြောင်းအရာဖြစ်တယ်။ သင့်ဘဝနောက်ဆုံး အချိန်အထိ ပစ္စည်းဥစ္စာတွေသာများပြားပြီး သင့် ဇနီးနဲ့ သားသမီး‌တွေနဲ့ ကင်းကွာသွားပါက သင် ဘဝရည်ရွယ်ချက်ကို ‌မေ့သွားပါပြီ။

သင့် အချိန်၊လုပ်အား၊‌ငွေသားနဲ့ ရက်ရောသောအခါ ဘုရားနဲ့လူတွေကသာလျှက် အရေးကြီးကြောင်း သင်ပြောပြနေတာဖြစ်တယ်။ အရေးကြီးဆုံးက ချစ်ခြင်းမေတ္တာဖြစ်တယ်။

"တန်ခိုးတော်ပြုပြင်သောအားဖြင့် ငါ့အားပေးသနားတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်ကို ခံရသည်နှင့်အညီ၊ ထိုတရားကို ဟောပြောသောဆရာ၏ အဖြစ်သို့ ငါရောက်ရပြီ။" ဖိလိပ္ပိ ၃:၇။

ဥစ္စာစွဲလန်းခြင်းကို ဘယ်လိုရပ်တန့်မလဲ။ နည်းလမ်းတခုတည်းရှိပါတယ်။ ‌ဒီအတွက် ဖြေဆေးက ပေးကမ်းခြင်းဘဲဖြစ်တယ်။ ဒါကြောင့် သင်ရက်ရောပြီး ဘုရားနဲ့ တခြားသူတွေကို ပေးကမ်းတယ့် အချိန်တိုင်း သင့်ဘဝမှာ ဥစ္စာပစ္စည်းစွဲလန်းခြင်းကို တွန်းလှန်ဖြစ်တာ။

"ငါတို့၌ ပြုပြင်သောတန်ခိုးတော်အတိုင်း၊ ငါတို့ တောင်းပန်ကြံစည်သမျှထက် အလွန်ထူးခြားစွာ ပြုခြင်း ငှါ တတ်နိုင်တော်မူသော ဘုရားသခင်" ဖိလိပ္ပိ ၃:၂၀။ သင့်ဘဝရည်ရွယ်ချက်က ဒီနေရာနဲ့ ဒီအချိန်အတွက်ဘဲ အသက်ရှင်နေဖို့မဟုတ်ပါ။ သင်ထာဝရ အတွက် အသက်ရှင်နေတာဖြစ်တယ်။ ဒီဘက်အခြမ်းမှာ ထာဝရအတွက် သင်ဆောက်တည်နေခြင်းမဟုတ်ပါ။ သင် ထာဝရအတွက် လူတွေနဲ့ ပေါင်းသင်းဆက်ဆံရေးတွေ တည်ဆောက်နေတာဖြစ်တယ်။ သင် ကောင်းကင်နိုင်ငံတော်ရဲ့ အလင်းအောက်မှာ‌ နေနေရခြင်းဖြစ်တယ်။

အသံဖြင့်သင်ကြားခြင်းနားထောင်မည်

နေ့ 27နေ့ 29

ဤအစီအစဉ်အကြောင်း

Habits Of Happiness

ပျော်ရွှင်သော ပုဂ္ဂိုလ်ဖြစ်အောင် နေ့စဥ် အလေ့အကျင့်များ ဖွံ့ဖြိုးတိုးတက်လာစေရန် သမ္မာကျမ်းစာမှာ ပျော်ရွှင်ဝမ်းမြောက်ခြင်းအကြောင်း‌ ‌ရေးထားသော ဖိလိပ္ပိကျမ်းကို ဆရာ Rick နှင့်အတူ ဤအစီအစဥ်မှာပါဝင်ပါ။

More

This devotional © 2016 by Rick Warren. All rights reserved. Used by permission. For more information, please visit: www.rickwarren.org