ပျော်ရွှင်ဝမ်းမြောက်ခြင်း အလေ့အကျင့်များနမူနာ

ပျော်ရွှင်ဝမ်းမြောက်ခြင်းအကျင့်:ယေရှုကဲ့သို့ ရက်ရောလာစေရန် ပေးကမ်းပါ
သင့် ဘဝမှာရှိတယ့် အရာတွေဟာ ဘုရားရဲ့ ဆုကျေးဇူးမင်္ဂလာတွေဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ဘုရားက ရက်ရောလို့ဖြစ်တယ်။
ဘုရားက သူ့သားသမီးတွေကို သူ့လိုဘဲ ရက်ရောစေချင်တယ်။သင်မချစ်ဘဲ ပေးကမ်းလို့ရပေမယ့် ပေးကမ်းခြင်းမရှိဘဲ သင်ချစ်လို့မရနိုင်ကြောင်း ဘုရားက သင့်ကို သင်ယူစေချင်တာဖြစ်တယ်။
" ကျွန်တော့် သားသမီးတွေကို တကယ်ချစ်တာ။" ဒါပေမယ့် သင်သူတို့ကို အချိန်ပေးပါသလား။ "ကျွန်တော့် ဇနီးကို အရမ်းချစ်တာ။" ဒါပေမယ့် သင် သူမကို အချိန်ပေးပါသလား။ ဒီအရာတွေက အချစ်အကြောင်းကို ဖောပြနေတာဖြစ်တယ်။ သင်ပိုပြီး ရက်ရောလာချိန်မှာ သင်ပိုပြီး ချစ်တတ်လာလေဖြစ်တယ်။
သင် ရက်ရောချိန်တိုင်းမှာ ပြောင်းလဲခြင်း တစုံတရာ သင့်အထဲမှာ ဖြစ်ပေါ် လာတယ်။ သင် ပေးကမ်းချိန်တိုင်းမှာ သင့် စိတ်နှလုံးသားက ဘုရားဆီကို ဦးတည်သွားတယ်။ သင် ပေးကမ်းတိုင်း သင်ပိုပြီး ချစ်တတ်လာလေဖြစ်တယ်။ ယေရှု ကဲ့သို့ သင် ပေးကမ်း ရက်ရောလာတာဖြစ်တယ်။
"မိမိစေတနာ၏အလိုတော်သို့လိုက်၍ အလုံးစုံတို့ကို စီရင်ပြုပြင်တော်မူတတ်သော သူ၏ကြံစည်ခြင်း ရှိသည်အတိုင်း၊ ရှေးမဆွက ခွဲခန့်မှတ်သားတော်မူသည်နှင့်အညီ၊ ငါတို့သည် ထိုခရစ်တော်အားဖြင့် အမွေခံဖြစ်ကြ၏။" ဖိလိပ္ပိ ၁:၁၁
ကျွန်တော်တို့ အခုပြောနေတာတွေက အယူဝါဒတွေကို ပြင်းထန်စွာ တိုက်လှန်ဖို့လိုတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ အယူဝါဒတွေက မပေးကမ်းဖို့ ပြောနေလို့ဖြစ်တယ်။ ခေတ်ကာလ အယူတွေက ကျွန်တော်တို့ကို "ရယူပါ"လို့ဘဲ ပြောနေတယ်။ မိမိအတွက်ဘဲ ဦးစားပေးတယ့် လူနေမှု အဖွဲ့အစည်းထဲမှာ ကျွန်တော်တို့ နေထိုင်နေတယ်ဆိုတာ သင်ထောက်ခံပါသလား။ အတ္တပေမ ဝါဒ ပေါ်ထွန်းနေပြီ။ အရာအားလုံးဟာ ငါ့အတွက်ငါဘဲဖြစ်နေကြတယ်။ ငါ၊ ငါ့ဥစ္စာ၊ ငါ့လိုအပ်ချက်၊ ငါ ငါ ငါ။ ကျွန်တော်တို့မှာ "ငါ"ဆိုတယ့် ပြဿနာကြီးရှိကြပါတယ်။
သင် ရက်ရောတယ့်အခါ "ငါ"ဆိုတယ့် အရာက စိတ်ထဲပျောက်ကွယ်သွားတယ်။ ဒါကြောင့် သင့်ကိုယ်သင် စဥ်းစားနေတာ ရပ်တန့်သွားပြီး အခြားသူများအတွက် သင် စဥ်းစားတတ်လာတယ်။ "သို့သော်လည်း ကရုဏာတော်နှင့် ကြွယ်ဝတော်မူသော ဘုရားသခင်သည် ငါတို့ကို ချစ်တော်မူသော မဟာမေတ္တာတော်အားဖြင့်၊ ဒုစရိုက်အပြစ်၌သေလျက်ရှိနေသော ငါတို့ကို ခရစ်တော်နှင့်အတူ အသက်ရှင်စေတော်မူပြီ။ ကျေးဇူး တော်ကြောင့်သာ ကယ်တင်ခြင်းသို့ရောက်ရ၏။"
အသံဖိုင်ဖြင့်သင်ကြားခြင်းနားထောင်မည် |
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း

ပျော်ရွှင်သော ပုဂ္ဂိုလ်ဖြစ်အောင် နေ့စဥ် အလေ့အကျင့်များ ဖွံ့ဖြိုးတိုးတက်လာစေရန် သမ္မာကျမ်းစာမှာ ပျော်ရွှင်ဝမ်းမြောက်ခြင်းအကြောင်း ရေးထားသော ဖိလိပ္ပိကျမ်းကို ဆရာ Rick နှင့်အတူ ဤအစီအစဥ်မှာပါဝင်ပါ။
More