YouVersion လိုဂို
ရှာရန် အိုင်ကွန်

ပျော်ရွှင်ဝမ်းမြောက်ခြင်း အလေ့အကျင့်များနမူနာ

Habits Of Happiness

33 ၏ နေ့ 26

‌ပျော်ရွှင်ဝမ်းမြောက်ခြင်းအကျင့်:ကျေးဇူးတော်ချီးမွမ်းသည့်ဆုတောင်းချက်တန်ခိုးတော်များ

ဖိလိပ္ပိ ၄:၆-၇ထဲမှာ ကျွန်တော်တို့ လိုက်နာဖို့အခက်အခဲဆုံး ကျမ်းပိုဒ်ကိုတွေ့ရမှာဖြစ်တယ်"အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းပဌနာ ပြုသောအားဖြင့်၊ သင်တို့တောင်း ပန်လိုသောအရာများတို့ကို ဘုရားသခင်အား ကြားလျှောက်ကြလော့။ ထိုသို့ပြုလျှင် အဘယ်သူမျှကြုံ၍ မမှီနိုင်သော ဘုရားသခင်၏ ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏စိတ်နှလုံးတို့ကို စောင့်မလိမ့်မည်။"

‌ကျွန်တော်တို့ဘဝမှာ နေ့ရက်စဥ်တိုင်း မကြာခဏ ကြောက်ရွံ့နေရတယ့်အရာများအပေါ် မစိုးရိမ်နိုင်ဖို့ မလွယ်ကူပါ။ ဒါပေမယ့် ဘုရားက နောက် ကျမ်းပိုဒ်ငယ်မှာ ဘာပြောထားလဲဆိုတော့" ..အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ..သင်တို့တောင်း ပန်လိုသောအရာများတို့ကို ဘုရားသခင်အား ကြားလျှောက်ကြလော့"လို့ပြောထားပါတယ်။ ကျေးဇူးတော်ချီးမွမ်းသည့် ဆုတောင်းချက်များက ငြိမ်သက်ခြင်း ရှိစေတယ်။ သင် စပြီးစိုးရိမ်နေတယ့်အခါမှာ ဆုတောင်းပါလို့ ဘုရားကပြောထားတယ်။

မိဘတွေက ကျေးဇူးတော်ချီးမွမ်း ဆုတောင်းခြင်း၏ တန်ခိုးတော်များကို နားလည်ကြတယ်။ ရရှိပြီးသည့်အရာတွေကို ကျေးဇူးမတင်ဘဲ လိုချင်ရာကိုသာ တောင်းဆိုနေသော သားသမီးတွေကို မိဘအများစုက စိတ်နှစ်သက်မည်မဟုတ်ပါ။ ဘုရားလဲ ထိုနည်း၎င်း မြင်ပါတယ်။ ကျွန်တော်တို့ လိုအပ်တာနဲ့ လိုချင်တာ‌တွေကို သူ့ကို တောင်းဆိုဖို့ အလိုရှိတယ်။ ဓမ္မသစ်ထဲမှာ အကြိမ်၂၀မက သူ့ကို"တောင်းလော့" လို့ ကျွန်တော်တို့ကို ပြောထားတယ်။ သို့ပေမယ့် ကျေးဇူးတော်ချီးမွမ်းသည့် စိတ်နှင့် ကျွန်တော်တို့်တို့ာင်းဆိုဖို့ သူအလိုရှိတယ်။

ကျွန်တော်တို့ ချီးမွမ်းခြင်းများနှင့်တောင်းဆိုချက်များတွင် တိကျမှုရှိဖို့ ကျမ်းစာက တိုက်တွန်းထားပါတယ်။ "အရာအားလုံးအတွက် ‌‌‌ကျေးဇူးတင်ပါတယ်"လို့ ရိုးရိုးပြောမယ့်အစား ကျွန်တော်တို့ ဘယ်အရာတွေအတွက် ကျေးဇူးတင်ကြောင်း သူ့ကိုပြောပြဖို့ အလိုရှိတယ်။ "ငါ မင်းကို ကျေးဇူးအထူးတင်တယ်"လို့ ကျွန်တော့် ဇနီးကို ပြောတယ့်အချိန်မှာ သူမ ကျွန်တော့်ကို တိကျစွာပြောဖို့ ပြောပါတယ်။ သူမကို ဘယ်လိုကျေးဇူးတင်ကြောင်း၊ ဘာအတွက် ကျေးဇူးတင်ကြောင်း ကျွန်တော် ပြောတာကို သူမကြားချင်တာပေါ့။ ဘုရားလဲ ကြားချင်မှာဘဲ။ ဒါကြောင့် သင်ဆုတောင်းတယ့်အခါ ဘုရားကို ဘယ်အရာတွေအတွက် ကျေးဇူးတင်ကြောင်း ပြောပါ။ ဘုရားကို ကျေးဇူးတင်ကြောင်း ကျွန်တော်တို့ပြောပြနိုင်ဖို့ ဆုတောင်းခြင်းဟာ အရေးပါသော နည်းလမ်းများထဲက တခုဖြစ်တယ်။

ဘုရားကို ကြိုတင် ကျေးဇူးတင်တတ်ခြင်းဟာ ယုံကြည်ခြင်း ခြေလှမ်းနောက်တဆင့်ဖြစ်တယ်။ အချိန်မကျ‌ရောက်သေးခင် ယုံကြည်ခြင်းဖြင့် ဘုရားကို ကျေးဇူးတင်ပါက နိမိတ်လက္ခဏာများဖြစ်လာမည်။ ကျွန်‌တော်တို့ ကျေးဇူးတော်ချီးမွမ်းလေ ဘုရားက ကျွန်တော်တို့ အသက်တာမှာ အလုပ်လုပ်လေဖြစ်တယ်။ ဘုရားက သူ့လူတွေရဲ့ ချီးမွမ်းခြင်းကို နား‌ညောင်းတယ်လို့ ကျမ်းစာမှာ ပြောထားတယ်။ ကျွန်တော်တို့ရဲ့ ကျေးဇူးတော်ချီးမွမ်းခြင်းကို တန်ခိုးကြီးသော တန်ဆာပလာ အဖြစ်အသုံးပြုတယ်။

ဒါကြောင့် သင်ဘာအတွက် ကျေးဇူးတော်ချီးမွမ်းပါသလဲ။

အသံဖြင့်သင်ကြားခြင်းနားထောင်မည်

ကျမ်းစာများ

နေ့ 25နေ့ 27

ဤအစီအစဉ်အကြောင်း

Habits Of Happiness

ပျော်ရွှင်သော ပုဂ္ဂိုလ်ဖြစ်အောင် နေ့စဥ် အလေ့အကျင့်များ ဖွံ့ဖြိုးတိုးတက်လာစေရန် သမ္မာကျမ်းစာမှာ ပျော်ရွှင်ဝမ်းမြောက်ခြင်းအကြောင်း‌ ‌ရေးထားသော ဖိလိပ္ပိကျမ်းကို ဆရာ Rick နှင့်အတူ ဤအစီအစဥ်မှာပါဝင်ပါ။

More

This devotional © 2016 by Rick Warren. All rights reserved. Used by permission. For more information, please visit: www.rickwarren.org