ပျော်ရွှင်ဝမ်းမြောက်ခြင်း အလေ့အကျင့်များနမူနာ
ပျော်ရွှင်ဝမ်းမြောက်ခြင်းအကျင့်:ဘုရားကိုကျေးဇူးတော်ချီးမွမ်းပါ
ကျွန်တော်တို့ကို ဘုရားပေးထားတယ့်အရာတွေအပေါ် ကျေးဇူးတင်တတ်ခြင်းဟာ ကျွန်တော်တို့ ဝိညာဥ်ရေးရာ အသက်တာမှာ အရေးကြီးတယ့် အစိတ်အပိုင်းဖြစ်တယ်။ ဒါဆို ဘုရားအပေါ် ကျေးဇူးသိတတ်ခြင်းကို သင့်ဘဝရဲ့ အရေးကြီးအစိတ်အပိုင်းအဖြစ် ဘယ်လိုပြုလုပ်မလဲ။
ဂုဏ်တော်ချီးမွမ်းခြင်းဟာ အရေးကြီးဆုံးပြုလုပ်ရမယ့်အရာတွေထဲမှ တခုဖြစ်တယ်။"ဂုဏ်တော်ကိုချီးမွမ်းလျက် ထာဝရဘုရား ရှေ့တော်၌ သီချင်းဆိုကြလော့။ စောင်းတီး၍၊ ငါတို့၏ ဘုရားသခင်ကို ထောမနာသီချင်းဆိုကြလော့။"လို့ ဆာလံကျမ်း ၁၄၇:၇ မှာပြောထားပါတယ်။ဘုရားထံ သီဆိုချီးမွမ်းခြင်းလောက် ဘယ်အရာကမှ ဘုရားမျက်မှောက်တော်ကို မြန်စွာသိမြင်လာခြင်း မပြုလုပ်နိုင်ပါ။ သင့်မှာ ဂီတစွမ်းရည်ဘယ်လောက်ရှိကြောင်းနဲ့လဲ မဆိုင်ပါ။ ဝမ်းမြောက်စွာချီးမွမ်းကြဖို့ ကျမ်းစာက ပြောထားတယ်။ ဝက်တွေတောင် အစာစားနေချိန်မှာ လုပ်နေတာဘဲ။ ဝက်တွေ ဝမ်းမြောက်ခြင်း အသံတွေပြုလုပ်နိုင်ရင် သင်လဲလုပ်နိုင်ပါတယ်။
ခရစ်ယာန်ဆိုသည်မှာ ယုံကြည်ခြင်းအားဖြင့် ဂုဏ်တော်ချီးမွမ်းခြင်းဖြစ်သည်။ အခြားအကြောင်းအရာများ သို့မဟုတ် အခြားပုဂ္ဂိုလ်များ၊ အချစ်အကြောင်းရေးသော သီချင်းထက် ယေရှုခရစ်တော်အကြောင်းကို ရေးထားသော သီချင်းပိုများပါတယ်။ ဒါကြောင့် သင်နဲ့နီးစပ်ရာ အသင်းတော်မှာ ပါဝင်ဖို့ လိုအပ်ပါတယ်။ အပတ်စဥ် ကျမ်းစာပိုဒ်များကို နားထောင်ခြင်းဘဲမဟုတ်ပါ။ ဘုရားထံ ဂုဏ်တော်ချီးမွမ်းခြင်းကြောင့် ဖြစ်လာတယ့် စိတ်ခံစားချက်ကို တပတ်မှာ တကြိမ်လောက်တော့ သင်လိုအပ်ပါတယ်။ သင်မလုပ်ပါက သင့်စိတ်နှလုံးသား မှေးမှိန်သွားပါလိမ့်မယ်။ တရားဟောချက်တွေတခုတည်းနဲ့ သင် ခရစ်ယာန်ကောင်းတစ်ယောက်မဖြစ်နိုင်ပါ။ နှုတ်ကပတ်တော်မှ ခံစားချက်လိုပြီး ဓမ္မတေးဂီတမှ ဖော်ပြချက် ၂ခုလုံးလိုအပ်ပါတယ်။
ဂုဏ်တော်ချီးမွမ်းဖို့ စိတ်မပါတယ့် အချိန်တွေမှာ သီဆိုချီးမွမ်းဖို့ ပိုပြီးလိုအပ်တယ်ဆိုတာ ကျွန်တော်ရှာဖွေတွေ့ရှိခဲ့တယ်။ ကျွန်တော့် စိတ်နှလုံး အေးစက်နေချိန်မှာ ကျွန်တော် အသစ်တဖန်ဖြစ်ရန်၊ ပြန်လည်တည်ဆောက််ရန် ခွန်အားများပြန်လည်ပြည့်လာရန် ဘုရားထံ ဂုဏ်တော်ချီးမွမ်းဖို့ လိုအပ်တယ်။ ကျွန်တော့်ရှုပ်ထွေးတယ့် အချိန်ဇယားမှာ ဘုရားကို သီဆိုခြင်းနှင့် ဓမ္မတေးသီချင်းနားထောင်ခြင်းက ကျွန်တော့် ဝိညာဥ်ကို ပြန်လည်လန်းဆန်းစေကြောင်း တွေ့ရှိရတယ်။
ဒါကြောင့် သင်နှစ်သက်သော ဓမ္မတေးသီချင်း သို့မဟုတ် ခရစ်ယာန် အသံလွှင့်အစီအစဥ် တခုခုကို နားထောင်ရင်း လိုက်ဆိုကြည့်ပါ။ ဘုရားသင့်ကို ပေးထားသောအရာများအတွက် ကျေးဇူးတော်ချီးမွမ်းပါ။ နောက်ပြီး သင်ရှိရာ အရပ်မှာ ဝမ်းမြောက်စွာ ကြွေးကြော်ပါ။
အသံဖြင့်သင်ကြားခြင်းနားထောင်မည် |
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ပျော်ရွှင်သော ပုဂ္ဂိုလ်ဖြစ်အောင် နေ့စဥ် အလေ့အကျင့်များ ဖွံ့ဖြိုးတိုးတက်လာစေရန် သမ္မာကျမ်းစာမှာ ပျော်ရွှင်ဝမ်းမြောက်ခြင်းအကြောင်း ရေးထားသော ဖိလိပ္ပိကျမ်းကို ဆရာ Rick နှင့်အတူ ဤအစီအစဥ်မှာပါဝင်ပါ။
More