YouVersion လိုဂို
ရှာရန် အိုင်ကွန်

ပျော်ရွှင်ဝမ်းမြောက်ခြင်း အလေ့အကျင့်များနမူနာ

Habits Of Happiness

33 ၏ နေ့ 16

ပျော်ရွှင်ဝမ်းမြောက်ခြင်းအကျင့်:ဝမ်း‌မြောက်စေဖို့ရွေးချယ်မှုတခုပြုလုပ်ပါ

အရာအားလုံးအဆင်မပြေဖြစ်နေချိန်မှာ သင် တယောက်တည်းမဖြေရှင်းလိုက်ပါနဲ့။ ထိုအရာများကို ဘုရားပြင်နိုင်အောင် ခွင့်ပြုပေးလိုက်ပါ။

သင် ပြဿနာတခုနဲ့ရင်ဆိုင်နေရရင် သင့်မှာ ရွေးချယ်မှု၂ခုရှိတယ်၊ သင်ကိုးကွယ်လို့ရတယ် ဒါမှမဟုတ် သင်စိုးရိမ်လို့ရတယ်။ ဒါပါဘဲ။ ဒါကို ယုံကြည်ခြင်းအစိတ်အပိုင်းလို့ ကျွန်တော်ခေါ်ဆိုပါတယ်။

ဖိလိပ္ပိ၁:၁၈-၁၉မှာ" သို့ဖြစ်၍ အဘယ်သို့နည်း၊ လျှို့ဝှက်၍ ဟောပြောသည်ဖြစ်စေ၊ သစ္စာရှိ၍ ဟောပြောသည်ဖြစ်စေ၊ အဘယ်သို့သောအားဖြင့် ဟောပြောသည်ဖြစ်စေ၊ ခရစ်တော်၏တရားကို ဟောပြောခြင်းရှိ၏။ ထိုအကြောင်း ကြောင့် ငါသည်ယခုဝမ်းမြောက်၏။ နောင်၌လည်း ဝမ်းမြောက်လိမ့်မည်။"လို့ ရှင်ပေါလု ပြောပြထားတယ်။

ထိုကျမ်းထဲမှာ ခက်ခဲသောအချိန်များတွင် ပျော်ရွှင်နိုင်ဖို့နဲ့ အပြုသဘောဆောင်စေဖို့ စိတ်ခွန်အား အရင်းအမြစ်ကို ရှင်ပေါလုက ဖော်ပြထားတယ်။

ပထမဆုံး သင့်ပြဿနာများအပေါ် ဘုရားရဲ့ ရှုထောင့်ကိုထားဖို့ လိုအပ်တယ်။ ရှင်ပေါလုကပြောတယ်"ငါသိသည်"။ သင်သိတယ့်အရာကဘဲ သင့်ကိုသွားစေတာဖြစ်တယ်။ ဘုရားသခင်က သူ ရုန်းကန်နေရတယ့် ဒုက္ခအလယ်မှာ အလုပ်လုပ်နေပြီး ဘုရားရဲ့ရှုထောင့်ကြီးကြီးကို မြင်တွေ့ဖို့ဖြစ်တယ်။

ဒုတိယအချက်အနေနဲ့ ရှင်ပေါလုကို ဆုတောင်းပေးနေတယ့်သူတွေရှိပြီး သူတို့က ဆက်ဆုတောင်းပေးနေတယ်။ ထို့နောက်"ယေရှုခရစ်တော်၏ဝိဉာဥ်တော်က ငါ့အားကယ်တင်တော်မူသည်"ဟု သူပြောခဲ့တယ်။ သန့်ရှင်းသောဝိဉာဥ်တော်က ရှင်ပေါလုကို ဆက်သွားဖို့ တွန်းအားပေးခဲ့တယ်။ နောက်ဆုံးတော့"ဤအကြောင်းအရာသည် ငါ့ကိုကယ်တင်သော အကြောင်းအရာဖြစ် မည်"ဟူ၍ ပြောခဲ့တယ်။ ဘုရားက သူ့ပြဿနာများကို အကောင်းအတွက်ဖြေရှင်းမယ်လို့ ရှင်ပေါလု ယုံကြည်ခြင်းရှိခဲ့တယ်။

သူ့မှာ ဘုရားရဲ့ ရှုထောင့်၊ မိတ်ဆွေများရဲ့ ဆုတောင်းခြင်း၊ သန့်ရှင်း‌သောဝိဉာဥ်တော်နှင့် ယုံကြည်ခြင်းရှိခြင်းကြောင့် ရှင်ပေါလုက" ဆက်လက်ဝမ်းမြောက်ခြင်းရှိနိုင်တာဖြစ်တယ်။

ဝမ်း‌မြောက်ခြင်းရှိဖို့ သင်ရွေးချယ်မှုဖြစ်တယ်။

Listen to audio teaching

ကျမ်းစာများ

နေ့ 15နေ့ 17

ဤအစီအစဉ်အကြောင်း

Habits Of Happiness

ပျော်ရွှင်သော ပုဂ္ဂိုလ်ဖြစ်အောင် နေ့စဥ် အလေ့အကျင့်များ ဖွံ့ဖြိုးတိုးတက်လာစေရန် သမ္မာကျမ်းစာမှာ ပျော်ရွှင်ဝမ်းမြောက်ခြင်းအကြောင်း‌ ‌ရေးထားသော ဖိလိပ္ပိကျမ်းကို ဆရာ Rick နှင့်အတူ ဤအစီအစဥ်မှာပါဝင်ပါ။

More

This devotional © 2016 by Rick Warren. All rights reserved. Used by permission. For more information, please visit: www.rickwarren.org