ပျော်ရွှင်ဝမ်းမြောက်ခြင်း အလေ့အကျင့်များနမူနာ
ပျော်ရွှင်ဝမ်းမြောက်ခြင်းအကျင့်:သင့်အသက်ကိုပေးဆပ်လိုက်ပါ
ပျော်ရွှင်ခြင်းက အစေခံခြင်းနှင့် အသက်တာပေးဆပ်ခြင်းမှ လာပါတယ်။ သင်ဒီအရာကို နားမလည်မခြင်း သင့်ဘဝမှာ ပျော်ရွှင်ဝမ်းမြောက်မှာ မဟုတ်ပါ။ မိမိကိုယ်ကို ကျေနပ်ခြင်းအားဖြင့် ပျော်ရွှင်မှုမရရှိနိုင်ပါ။ မိမိကိုယ်ကို ပေးဆပ်ခြင်းမှလာပါတယ်။
ပျော်ရွှင်နိုင်ဖို့အတွက် သူ့ရဲ့ ပြဿနာမဟုတ် ရည်မှန်းချက်တွေမှာ အာရုံစိုက်မှ ဖြစ်မယ်လို့ ရှင်ပေါလုသိခဲ့တယ်။ သူ့ရဲ့ရည်မှန်းချက်ကို ဖိလပ္ပိ ၁:၂၁ မှာ"ငါအသက်ရှင်သည်အရာမှာ ခရစ်တော်ဖြစ်၏၊ သေလျှင်မူကား သာ၍ အကျိုးရှိ၏။"ဟု အကျဥ်းချုပ်ထားသည်။
ကွက်လပ်တစ်ခု သင့်ကိုဖြည့်ခိုင်းရင် ဘယ်စကားလုံးကို သင်သုံးမလဲ။ " ငါအသက်ရှင်သည်မှာ ______။" ဖျော်ဖြေမှုအတွက်လား။ အားကစားလား။ အဝတ်အစားလား။ မိသားစုလား။ သူငယ်ချင်းလား။ အလုပ်အကိုင်အတွက်လား။ သင်ဖြေလို့ရတယ့် အဖြေကောင်းများစွာရှိပါတယ်။ ဒါပေမယ့် ဘယ်အရာကမှ သင့်ကိုဖန်ဆင်းထားပြီး အသက်ပေးဆပ်ခဲ့တယ့် ယေရှုခရစ်တော်ထက် မထိုက်တန်ပါ။
ဘဝမှာသင်ဘယ်လိုပျော်ရွှင်မလဲဆိုတာ ထိုကွက်လပ်ကို သင်ဘယ်လိုဖြည့်လဲဆိုတယ့်အပေါ်မူတည်တယ်။ သင် ပိုက်ဆံ၊ အောင်မြင်ခြင်း၊ သာယာခြင်း၊ အာဏာတန်းခိုး လို့သင်ဖြေပါက သင့်ဘဝတလျှောက်လုံး ပျော်ရွှင်နိုင်မှာမဟုတ်ပါ။ ထိုအရာတွေက မမှားပါဘူး၊ ထိုဟာတွေက ပထမဆုံးဦးစားပေးဖို့ မတန်ပါ။ ပိုက်ဆံအများကြီးရှိပြီး သေသွားပြီး ပေးလိုက်ရဖို့ သင့်ကို ဖန်ဆင်းထားတာမဟုတ်ပါ။ ဘုရားမှာ သင့်ဘဝအတွက် သာ၍ကြီးမြတ်သော အကြံစည်တော်ရှိတယ်။ ပျော်ရွှင်ဝမ်းမြောက်ခြင်းကို ဦးတည်စေတယ့်အရာရှိတယ်၊ ခရစ်တော်အတွက် အသက်ရှင်ခြင်းဖြစ်တယ်။ သင့်ဘဝကို ပေးဆပ်လိုက်ပါ။ သင့်ဘဝရည်ရွယ်ချက်ဖြစ်တယ်။
အသံဖြင့်သင်ကြားခြင်းနားထော |
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ပျော်ရွှင်သော ပုဂ္ဂိုလ်ဖြစ်အောင် နေ့စဥ် အလေ့အကျင့်များ ဖွံ့ဖြိုးတိုးတက်လာစေရန် သမ္မာကျမ်းစာမှာ ပျော်ရွှင်ဝမ်းမြောက်ခြင်းအကြောင်း ရေးထားသော ဖိလိပ္ပိကျမ်းကို ဆရာ Rick နှင့်အတူ ဤအစီအစဥ်မှာပါဝင်ပါ။
More