ပျော်ရွှင်ဝမ်းမြောက်ခြင်း အလေ့အကျင့်များနမူနာ

ပျော်ရွှင်ဝမ်းမြောက်ခြင်းအကျင့်:တခြားသူများလိုအပ်မှုများကို ကြည့်ပါ
အရာအားလုံးရဲ့ ပျော်ရွှင်ခြင်းအစကတော့ သင့်ကိုယ်သင်အာရုံစိုက်ခြင်းကို ပြောင်းလဲတာဖြစ်တယ်။ သင့်ကိုယ်သင်ဘဲထိုင်စဥ်းစားနေရင် သင်ဟာတော်တော်သနားစရာကောင်းတယ့်သူဖြစ်တယ်။ ဘဝမှာ သင်အမှန်တကယ်ပျော်ရွှင်ချင်ရင် သင့်ပတ်ဝန်းကျင်မှာရှိတယ့်သူတွေလိုအပ်မှုကို ဂရုစိုက်ပေးရမှာဖြစ်တယ်။
ဖိလိပ္ပိ ၂:၂၀-၂၁ထဲမှာ ရှင်ပေါလုက တိမောသေကို ဥပမာထားပြောထားတယ် " ထိုသူသည် သင်တို့အကျိုးကို ကြည့်ရှုချင်သော စေတနာစိတ်ရှိသကဲ့သို့ စိတ်သဘောတူသောသူ တယောက်မျှ ငါတို့၌မရှိ။ လူခပ်သိမ်းတို့သည် ယေရှုခရစ်၏အကျိုးကိုမရှာ၊ ကိုယ်အကျိုးကိုသာရှာကြ၏။"
လူတော်တော်များများက ကိုယ့်အတွက်ကိုပူကြတာများပြီး အခြားသူများရဲ့ အကျိုးကိုမကြည့်ပါ။ လူတော်တော်များများက တခြားသူများဘယ်လိုဖြတ်သန်းနေကြလဲဆိုတာကို မနက်စောစောထပြီး ဦးစားပေး မစဥ်းစားကြပါ။ လူအများစုက ကိူယ့်ပြဿနာတွေနဲ့ဘဲ စိတ်ပူနေကြတယ်။ ဒါကြောင့် လူတော်တော်များများက သူတို့ဘဝကို မပျော်ရွှင်နိုင်ကြပါ။
တစ်ကိုယ်ကောင်းမဆန်သော ရှားပါးသောသူဖြစ်ချင်တယ်ဆိုရင် သင် အာရုံစိုက်နေတာကို ပြောင်းလဲမှဖြစ်မယ်။ သင့်ကိုယ်သင်မှ တခြားသူတွေဆီကို အာရုံပြောင်းမှဖြစ်မယ်။ ထိုအရာက သဘာဝအလျောက်မဖြစ်လာပါ၊ ဒါကြောင့် သင်ကိုယ်တိုင် လေ့လာရမယ့်အရာဖြစ်တယ်။
ကျွန်တော်အာရုံမစိုက်ခဲ့မိလို့ ဘေးနားမှာလိုအပ်နေတယ့်သူတွေကို အကြိမ်များစွာမကူပေးနိုင်လို့ ဝမ်းနည်းရတယ်ဆိုတာ ကျွန်တော်ဝန်ခံတယ်။ သူတို့အာရုံကိုဖမ်းစားနေတာမဟုတ်ပါ။ ကျွန်တော်မှ အခန်းထဲမှာရှိတယ့်အခြားသူများဆီ အာရုံမစိုက်နိုင်ခဲ့ပါ။ သူတို့ရဲ့ လိုအပ်မှုကို ကျွန်တော်မကြည့်ခဲ့လို့ဖြစ်တယ်၊ သူတို့လိုအပ်ချက်တွေနဲ့ လွဲချော်ခဲ့တယ်။ ထိုအရာက ကျွန်တော့်ကို အလွန်ဝမ်းနည်းစေတယ်။
လွဲချော်ခဲ့တယ့် အခွင့်အရေးတွေကို ဝမ်းနည်းနေမယ့်အစား သင့်ကိုယ်သင်မကြည့်ဘဲ အခြားသူများလိုအပ်ချက်တွေကို ရည်ရွယ်ချက်ရှိရှိကြည့်ပါ၊ ထိုနေရာမှာ အခြားသူများကို အစေခံခြင်းဖြင့် ဘုရားကို အစေခံနေတာဖြစ်သောကြောင့် သင်ပျော်ရွှင်မှုကို တွေ့ပါလိမ့်မယ်။
"ကိုယ်အမှုအရာကိုသာ မရှုမမှတ်ဘဲ၊ သူ့အမှုအရာကို အချင်းချင်း ရှုမှတ်ကြလော့" (ဖိလိပ္ပိ ၂:၄)
အသံဖြင့်သင်ကြားခြင်းနားထောင်မည် |
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း

ပျော်ရွှင်သော ပုဂ္ဂိုလ်ဖြစ်အောင် နေ့စဥ် အလေ့အကျင့်များ ဖွံ့ဖြိုးတိုးတက်လာစေရန် သမ္မာကျမ်းစာမှာ ပျော်ရွှင်ဝမ်းမြောက်ခြင်းအကြောင်း ရေးထားသော ဖိလိပ္ပိကျမ်းကို ဆရာ Rick နှင့်အတူ ဤအစီအစဥ်မှာပါဝင်ပါ။
More