YouVersion လိုဂို
ရှာရန် အိုင်ကွန်

ပျော်ရွှင်ဝမ်းမြောက်ခြင်း အလေ့အကျင့်များနမူနာ

Habits Of Happiness

33 ၏ နေ့ 15

သင်ပျော်ရွှင်ဖို့တစုံတယောက်ရဲ့အသိအမှတ်ပြုခြင်းမလိုပါ

တခြားအရာများကို သင့်စိတ်နေသဘောထားအား ထိန်းချုပ်ခွင့်မပေးရင် ဘဝမှာ ဘယ်လိုဘဲဖြစ်နေပါစေ သင်ပျော်ရွှင်လို့ရပါတယ်။

ဖိလိပ္ပိ ၁:၁၅-၁၇မှာ ရှင်ပေါလု ရောမထောင်ထဲမှာရှိနေစဥ် သူရဲ့အမှုတော်ကို သက်ရောက်မှုရှိစေတယ့် လူ၄မျိုးအကြောင်းကို ပြောပြထားတယ်။ တချို့သူတွေက သူ့ရဲ့ ရဲဘော်ရဲဖက်ဖြစ်ပြီး သူ့အမှုတော်ကို အားပေးခဲ့ကြတယ်။ တချို့သူတွေကတော့ ဝေဖန်ကြ၊ ပြိုင်ဆိုင်ကြပြီး သူလုပ်နေတယ့် အမှုတော်ကို ပူးပေါင်းကြံစည်ပြီး တိုက်ခိုက်ခဲ့တယ်။

"လူအချို့တို့သည် ငြူစူရန်တွေ့ချင်သောသဘောနှင့် ခရစ်တော်၏တရားကို ဟောပြောကြ၏။ အချို့တို့ သည် စေတနာစိတ်နှင့် ဟောပြောကြ၏။ ငါသည် ဧဝံဂေလိတရားကို ထောက်မဘို့ရာ ခန့်ထားသောသူဖြစ်ကြောင်းကို ဤသူတို့သည်သိ၍ ခရစ်တော်၏တရားကို မေတ္တာစိတ်နှင့် ဟောပြောကြ၏။ ထိုသူတို့သည် ကြည်ဖြူသောစိတ်မရှိ၊ ချည်နှောင်ခြင်းကို ငါခံရသည်တွင် သာ၍ ဆင်းရဲစေမည်ဟု အကြံရှိ၍၊ ရန်တွေ့ချင်သောစိတ်နှင့် ဟောပြောကြ၏။"(ဖိလိပ္ပိ ၁:၁၅-၁၇)

အပြစ်တင်ခံရခြင်း သို့မဟုတ် အခြားသူများက သင့်အား ဆန့်ကျင်နေသကဲ့သို့ ခံစားရခြင်းထက် သင့်ပျော်ရွှင်မှုကို အခြားအရာတွေက မြန်မြန်ဆန်ဆန် လုယူသွားတတ်သည်။ ဘာကြောင့်လဲ။ ကျွန်တော်တို့က အချစ်ခံချင်လို့၊ အသိအမှတ်ပြုခံချင်လို့၊ လူများ‌က ကျွန်တော်တို့ကို ကြိုက်နှစ်သက်စေချင်လို့ဖြစ်တယ်။

ဖိလိပ္ပိ၁:၁၈မှာ" သို့ဖြစ်၍ အဘယ်သို့နည်း၊ လျှို့ဝှက်၍ ဟောပြောသည်ဖြစ်စေ၊ သစ္စာရှိ၍ ဟောပြောသည်ဖြစ်စေ၊ အဘယ်သို့သောအားဖြင့် ဟောပြောသည်ဖြစ်စေ၊ ခရစ်တော်၏တရားကို ဟောပြောခြင်းရှိ၏။ ထိုအကြောင်း ကြောင့် ငါသည်ယခုဝမ်းမြောက်၏။ နောင်၌လည်း ဝမ်းမြောက်လိမ့်မည်။"လို့ ရှင်ပေါလုပြောထားတယ်။

သင်ပျော်ရွှင်ဖို့ တခြားသူတွေရဲ့ အသိအမှတ်ပြုခြင်းခံရဖို့ မလိုပါ။

သင်ဖြစ်ချင်တာကို ရွေးချယ်တယ့်အတိုင်း သင်ပျော်နေမှာဖြစ်တယ်။ တခြားသူတွေက သင်နဲ့မပျော်နိုင်ဘူးဆိုရင် အဲ့တာသူတို့ရွေးချယ်မှုဖြစ်တယ်။ တစုံတယောက်ရဲ့ အသိအမှတ်ပြုခြင်းကိုမရသေးဘူးဆိုရင် သင်ဘယ်တော့မှရမှာမဟုတ်ပါ။ သင် လူတွေရဲ့ အသိအမှတ်ပြုခြင်းအတွက် သင်အသက်ရှင်တယ်ဆိုရင် သင်ဟာသနားစရာကောင်းမှာဖြစ်တယ်။

ဘယ်လိုမဆို သင်ပျော်ရွှင်နိုင်ကြောင်း အခန်း၂၉နဲ့၃၀မှာ"အကြောင်းမူကား၊ သင်တို့သည် အထက်ကမြင်သည်အတိုင်း၊ ယခုလည်း ကြားသည်အတိုင်း ငါခံရသော တိုက်လှန်ခြင်းကို ခံရသည်နည်းတူ၊ သင်တို့သည် ခံရကြသည်ဖြစ်၍၊ ခရစ်တော်ကို ယုံကြည်ခြင်းအခွင့်မှတပါး၊ ခရစ်တော်အတွက်ကြောင့် ဆင်းရဲခံရခြင်းအခွင့်ကို ကျေးဇူးတော်အားဖြင့် ရကြ၏။ အကြောင်းမူကား၊ သင်တို့သည် အထက်ကမြင်သည်အတိုင်း၊ ယခုလည်း ကြားသည်အတိုင်း ငါခံရသော တိုက်လှန်ခြင်းကို ခံရသည်နည်းတူ၊ သင်တို့သည် ခံရကြသည်ဖြစ်၍၊ ခရစ်တော်ကို ယုံကြည်ခြင်းအခွင့်မှတပါး၊ ခရစ်တော်အတွက်ကြောင့် ဆင်းရဲခံရခြင်းအခွင့်ကို ကျေးဇူးတော်အားဖြင့် ရကြ၏။"ဟူ၍ ရှင်ပေါလုပြောထားတယ်။

တစ်စုံတစ်ဦးမှ သင့်အား လက်ဝါးကပ်တိုင်မှာ သံဖြင့်ရိုက်ကာ သင့်အား ချဉ်းကပ်ရန် ကြိုးစားသောအခါတွင် သင်က သခင်ယေရှုနှင့် အနီးစပ်ဆုံးဖြစ်သောကြောင့် သင် မှန်သောအရာကိုလုပ်နေခြင်းက အခွင့်ထူးဖြစ်ကြောင်း ရှင်ပေါလုက ပြောပြထားတယ်။

သင့်ပြဿနာအားလုံးကို ဘုရားရဲ့ရှုထောင့်ကနေကြည့်လိုက်ပါက ဘာဘဲဖြစ်နေပါစေ သင်ပျော်ရွှင်နိုင်ပြီး တခြားသူတွေရဲ့စကားနဲ့ လုပ်ဆောင်ခြင်းကြောင့် သင့်ပျော်ရွှင်မှုတွေကို ထိန်းချုပ်ခွင့်မပေးပါနှင့်။

Listen to audio teaching

ကျမ်းစာများ

နေ့ 14နေ့ 16

ဤအစီအစဉ်အကြောင်း

Habits Of Happiness

ပျော်ရွှင်သော ပုဂ္ဂိုလ်ဖြစ်အောင် နေ့စဥ် အလေ့အကျင့်များ ဖွံ့ဖြိုးတိုးတက်လာစေရန် သမ္မာကျမ်းစာမှာ ပျော်ရွှင်ဝမ်းမြောက်ခြင်းအကြောင်း‌ ‌ရေးထားသော ဖိလိပ္ပိကျမ်းကို ဆရာ Rick နှင့်အတူ ဤအစီအစဥ်မှာပါဝင်ပါ။

More

This devotional © 2016 by Rick Warren. All rights reserved. Used by permission. For more information, please visit: www.rickwarren.org