YouVersion လိုဂို
ရှာရန် အိုင်ကွန်

ပျော်ရွှင်ဝမ်းမြောက်ခြင်း အလေ့အကျင့်များနမူနာ

Habits Of Happiness

33 ၏ နေ့ 13

စိတ်ထဲမှာ စိတ်ဖိစီးမှုစီမံခန့်ခွဲခြင်းစတယ်

သင့်နား၂ဖက်ကြားမှာ စိတ်ဖိစီးမှုနဲ့ ဘဝမှာ တိုက်ခိုက်နေရတာဖြစ်တယ်။ တိုက်ပွဲက သင့်စိတ်ထဲမှာဖြစ်တယ်။ သင့် ဘဝက အတွေးတွေထဲမှာဖြစ်တယ်။ သင့်စိတ်ထဲကို ဖြည့်ဆည်းတယ့်အရာတွေက သင့်ဘဝရဲ့ စိတ်ဖိစီးမှု အဆင့်ကိုသတ်မှတ်စေတာဖြစ်တယ်။

သင်စိတ်ငြိမ်သက်ခြင်းရချင်တယ်ဆိုရင် သင့်အထဲ ဝင်လာစေတယ့်အရာ‌တွေကို သင်စတင် ထိန်းချုပ်ဖို့လိုပါတယ်။ သင့်စိတ်ထဲထည့်သမျှအရာ‌တွေက သင့်ဘဝမှာ ထွက်ပေါ်လာမှာဖြစ်တယ်။

"ကြွင်းသေးသော စကားဟူမူကား၊ ညီအစ်ကိုတို့၊ သမ္မာတရားနှင့် ဆိုင်သောအကျင့်၊ လျောက်ပတ်သော အကျင့်၊ ဖြောင့်မတ်သောအကျင့်၊ စင်ကြယ်သောအကျင့်၊ သူတပါးနှစ်သက်ဘွယ်သောအကျင့်၊ ချီးမွမ်းဘွယ်သောအကျင့် ရှိသမျှတို့ကို၎င်း၊ ပါရမီတပါးပါး၊ ကောင်းသော သိတင်းတပါးပါးနှင့် ဆိုင်သောအကျင့်တို့ကို၎င်း၊ နှလုံးသွင်းကြလော့။"(ဖိလိပ္ပိ ၄:၈)

သင့်စိတ်ဖိစီးမှုကို လျော့ချတယ်ဆိုရင် သင်စဥ်းစားနေတာ‌တွေပြောင်းလဲပစ်ပြီး သင့်စိတ်ထဲရောက်လာစေမယ့်အရာတွေကို ထိန်းချုပ်မှရပါလိမ့်မယ်။ ဒီကျမ်းပိုဒ်မှာ ကျွန်တော်တို့ စိတ်ထဲထည့်သင့် မထည့်သင့် ကျမ်းစာမှ အချက်၈ချက်ဖော်ပြပေးထားတယ်။ "ထိုအရာကကောင်းရဲ့လား"ဟုသင့်ကိုယ်သင်မေးပါ။ ယနေ့ခေတ် ဖန်သားပြင်ပေါ်က သူရဲကောင်းတွေဟာ ဇွန်ဘီတွေ၊ သွေးစုပ်ဖုတ်ကောင်တွေ၊ကြေးစားလူသတ်သမားတွေ၊ သူခိုးတွေ၊ အကျင့်ပျက်ချစား နိုင်ငံ‌ရေးခေါင်းဆောင်တွေနဲ့ လူမိုက်တွေဖြစ်နေတယ်။ ထိုအရာကို ဖျော်ဖြေမှုလို့ သင်ခေါ်ပါသလား။ ကျွန်‌တော်အိမ်ကိုဖိတ်ခေါ်စရာမလိုအောင် လောကကြီးမှာ ထိုအရာတွေများပြားလွန်းပါတယ်။

သမ္မာတရားနှင့် ဆိုင်သောအကျင့်၊ လျောက်ပတ်သော အကျင့်၊ ဖြောင့်မတ်သောအကျင့်၊ စင်ကြယ်သောအကျင့်၊ သူတပါးနှစ်သက်ဘွယ်သောအကျင့်၊ ချီးမွမ်းဘွယ်သောအကျင့် ရှိသမျှတို့ကို၎င်း၊ ပါရမီတပါးပါး၊ ကောင်းသော သိတင်းတပါးပါးနှင့် ဆိုင်သောအကျင့်တို့ကို သင်စဥ်းစားသောအခါ သင် ဘုရားကိုပုံဖော်နေတာဖြစ်တယ်။ ဖိလိပ္ပိ ၄:၈မှာ ဘုရားအကြောင်းစဥ်းစားဖို့ ရှင်ပေါလုပြောပြထားတယ်။

ယေရှာယ ၂၆:၃မှာ " သစ္စာစောင့်၍ ဖြောင့် မတ်သော လူမျိုးဝင် ပါ စေ။ စိတ်နှလုံးတည်ကြည်သောသူ သည် ကိုယ်တော်၌ ခိုလှုံသောကြောင့်၊ ငြိမ်သက်ခြင်း သက်သက်ရှိမည့် အကြောင်းစောင့်ရှောက်တော်မူလိမ့်မည်။" ပြောထားတယ်။

သင်စဥ်းစားနေတယ့်အရာတွေက သင်စိတ်ဖိစီးခြင်းနှင့် စိုးရိမ်ခြင်းကို ပြသနေတာဖြစ်တယ်။ ဘုရားအပေါ် သင့်ရဲ့ အတွေးများထားရှိပါက သင့်ကို ငြိမ်သက်ခြင်းပေးမှာ ဖြစ်တယ်။

Listen to audio teaching
နေ့ 12နေ့ 14

ဤအစီအစဉ်အကြောင်း

Habits Of Happiness

ပျော်ရွှင်သော ပုဂ္ဂိုလ်ဖြစ်အောင် နေ့စဥ် အလေ့အကျင့်များ ဖွံ့ဖြိုးတိုးတက်လာစေရန် သမ္မာကျမ်းစာမှာ ပျော်ရွှင်ဝမ်းမြောက်ခြင်းအကြောင်း‌ ‌ရေးထားသော ဖိလိပ္ပိကျမ်းကို ဆရာ Rick နှင့်အတူ ဤအစီအစဥ်မှာပါဝင်ပါ။

More

This devotional © 2016 by Rick Warren. All rights reserved. Used by permission. For more information, please visit: www.rickwarren.org