ပျော်ရွှင်ဝမ်းမြောက်ခြင်း အလေ့အကျင့်များနမူနာ
ဘုရားသခင်အမြဲထောက်ပံ့တယ်:တောင်းဆိုရမှာ သင့်တာဝန်ဖြစ်တယ်
ကျွန်တော်ကလေးဘဝတုန်းက လိုအပ်တာရှိတိုင်း အဖေ့ဆီသွားပြီး စကားပြောလေ့ရှိတယ်။ ကျွန်တော်လိုအပ်တာက တခါတလေစျေးကြီးပေမယ့် ကျွန်တော်မှတ်မိသလောက် ကလေးဆိုတော့ အဖေဘယ်လိုပိုက်ဆံရှာပြီး ကျွန်တော်လိုနေတာကို ဘယ်လိုဝယ်ပေးမလဲဆိုတာကို မစိုးရိမ်ခဲ့ပါ။ အဲ့တာကျွန်တော့်အပိုင်းမဟုတ်ပါ။ အဖေဘယ်ကနေ ပိုက်ဆံရှာရမလဲဆိုတာ စဥ်းစားတာက အဖေ့အပိုင်းဖြစ်တယ်။ ကလေးတယောက်အနေနဲ့ ရိုးရှင်းစွာတောင်းဆိုဖို့က ကျွန်တော့်အပိုင်းဖြစ်တယ်။
ဘုရားဘယ်လိုထောက်ပံ့မလဲဆို စဥ်းစားရမှာက သင့်အလုပ်မဟုတ်ပါ။ တောင်းဆိုရမှာ သင့်အလုပ်ဖြစ်တယ်။
ရှင်ယာကုပ်ဩဝါစာ ၄:၂မှာ " သင်တို့ဘုရားကိုမတောင်းသောကြောင့် မရကြ"ဟူ၍ပြောထားတယ်။
စိတ်ဖိစီးမှုကိုစီမံခန့်ခွဲခြင်းရဲ့ ဒုတိယသော့ချက်က:စိုးရိမ်တာလျှော့ပြီး ပိုတောင်းဆိုပါ။ စိုးရိမ်နေမယ့်အစား အရာအားလုံးအတွက် ဆုတောင်းလိုက်ပါ။
ရောမ ၈:၃၂ " မိမိသားတော်ရင်းကို မနှမြောဘဲ၊ ငါတို့ရှိသမျှ အဘို့အလိုငှါ စွန့်တော်မူသောသူသည်၊ သားတော်နှင့် တကွ ခပ်သိမ်းသောအရာတို့ကို ငါတို့အားမပေးဘဲ အဘယ်သို့ နေတော်မူမည်နည်း။"လို့ပြောထားတယ်။
ဘုရားကသင့်ရဲ့ အကြီးမားဆုံးသော ပြဿနာကို ဖြေရှင်းတယ်ဆိုရင် နှိုင်းယှဥ်ခြင်းဖြင့် အရာအားလုံးဟာသေးငယ်ပါတယ်။ ဘုရားက သင့်ကိုချစ်လို့ သူ့သားတော်ယေရှုကို သင့် အတွက်အသေခံဖို့ စေလွှတ်တယ်ဆိုရင် သင့်ငွေကြေးတွေအတွက် ကူညီပေးဖို့ သင့်ကိုချစ်တယ်လို့ သင်မစဥ်းစားမိဘူးလား။ သင့်ကျန်းမာရေးကို ကူညီဖို့ သင့်ကို ချစ်တယ်ဆိုတာရော စဥ်းစားပါသလား။ သင့်ရဲ့ ပေါင်းသင်းဆက်ဆံရေး၊ သင့်အလုပ်အကိုင် ဆုံးဖြတ်ချက်တွေ၊ သဘောတူညီမှုတွေ၊ သတ်မှတ်ရက်ချိန်းတွေ။
သင့်ဘဝရဲ့နယ်ပယ်တိုင်းကို ဘုရားစိတ်မဝင်စားတာ မရှိပါ။ သင်ဘာလိုသလဲဆိုတာ သူသိပေမယ့် သင် သူ့ကိုတောင်းဆိုဖို့ သူအလိုရှိတယ်။ စိုးရိမ်နေမယ့်အစား အရာအားလုံးအတွက် ဆုတောင်းလိုက်ပါ။
Listen to audio teaching |
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ပျော်ရွှင်သော ပုဂ္ဂိုလ်ဖြစ်အောင် နေ့စဥ် အလေ့အကျင့်များ ဖွံ့ဖြိုးတိုးတက်လာစေရန် သမ္မာကျမ်းစာမှာ ပျော်ရွှင်ဝမ်းမြောက်ခြင်းအကြောင်း ရေးထားသော ဖိလိပ္ပိကျမ်းကို ဆရာ Rick နှင့်အတူ ဤအစီအစဥ်မှာပါဝင်ပါ။
More