ပျော်ရွှင်ဝမ်းမြောက်ခြင်း အလေ့အကျင့်များနမူနာ
ပျော်ရွှင်ဝမ်းမြောက်ခြင်းအကျင့်:အသိစိတ်ကိုရှင်းရှင်းထားပါ
ကျွန်တော်တို့ရဲ့ ပျော်ရွှင်မှုကို ဆုံးရှုံးစေတယ့်အရာကတော့ မိမိကိုယ်ကို အပြစ်တင်ခြင်း သို့မဟုတ် အရှက်ရခြင်းဖြစ်တယ်။ သင်ပျော်ရွှင်ချင်တယ်ဆိုရင် အပြစ်ရှိခြင်းခံစားချက်ကို စွန့်လွှတ်ပြီး အသိတရားထားရှိဖို့ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ သင်အပြစ်ရှိတယ်ခံစားရပြီး တချိန်တည်းမှာ မပျော်ရွှင်နိုင်ပါ။
ဖိလိပ္ပိ ၂:၁၆မှာ "မဖြောင့်မမှန် ဖောက်ပြန်သောလူမျိုးအထဲ၌ အဘယ်အပြစ်မျှမပါသော ဘုရားသခင်၏ သားဖြစ်ကြ လိမ့်မည်။ အသက်ရှင်ခြင်းနှင့်ဆိုင်သော နှုတ်ကပတ် တရားတော်ကို ပြသ၍၊ စကြဝဠာ၌ နေ၊ လ၊ ကြယ် နက္ခတ်ကဲ့သို့ ထိုလူမျိုးအထဲ၌ ထွန်းလင်းကြ၏။"ဟုပြောထားတယ်။
"ကျွန်တော်ပျော်ရွှင်ချင်ပေမယ့် ကျွန်တော့်စိတ်နေသဘောထားမရှင်းတယ့်အချိန် ဘယ်လိုရှင်းအောင်လုပ်ရမလဲ"လို့ သင်မေးကောင်းမေးမယ်။ ဆာလံ ၃၂:၁-၂မှာ "အပြစ်မှလွှတ်ခြင်း၊ ဒုစရိုက်အပြစ်ကို ဖုံးအုပ် ခြင်းသို့ ရောက်သောသူသည် မင်္ဂလာရှိ၏။ ထာဝရဘုရား အပြစ်တင်တော်မူခြင်းနှင့် လွတ် ၍၊ လှည့်စားတတ်သော စိတ်သဘောနှင့် ကင်းစင်သော သူသည် မင်္ဂလာရှိ၏။"ဟု ပြောထားတယ်။
ပျော်ရွှင်ခြင်း၊ ဝမ်းမြောက်ခြင်းနှင့် စိတ်သက်သာရာရခြင်းတို့က လူတိုင်းဘဝမှာရှာဖွေနေတယ့် အရာဖြစ်တယ်။ ကျွန်တော်တို့အားလုံးပျော်ရွှင်ချင်တယ်။ ဘဝကိုပျော်ရွှင်စွာဖြတ်သန်းချင်တယ်။ ဒဏ်ရာကနေ ပြန်သက်သာချင်ကြတယ်။ ဖြူစင်ခြင်းကလာတယ်လို့ ကျမ်းစာကပြောထားပြီး ဘုရားရဲ့ ကျေးဇူးတော်ကရုဏာအားဖြင့် ခွင့်လွှတ်ခြင်းမှ ဖြူစင်ခြင်းလာတယ်လို့ပြောပြထားတယ်။
ဒါကြောင့် ပျော်ရွှင်သောစိတ်နှလုံးသားကို ထိန်းသိမ်းဖို့က စိတ်ကိုရှင်းရှင်းလင်းလင်းထားဖို့လိုအပ်တယ်။
နေ့တနေ့ရဲ့ အစနဲ့အဆုံးမှာ ဝိဉာဥ်ရေးရာအချိန်ပေးမယ့်နေရာမှာ ဘုရားနဲ့ သင်ကြားမှာရပ်ပြီး ဘာမဆိုဘုရားကို စကားပြောနေရင်း သင့်တနေ့တာ အမှိုက်ထုပ်များကို ရှင်းထုတ်လိုက်ပါ။ သင် ကျင့်နေတယ့်အရာက ဝိဉာဥ်ရေးရာ အသက်ရှူခြင်းလို့ ခေါ်တယ်။ အသက်ရှူထုတ်ခြင်းအားဖြင့် သင့်အပြစ်များကို ဝန်ခံပြီး ဘုရားသခင်ရဲ့ ဆေးကြောခြင်းနဲ့ တန်ခိုးတော်တို့ကို ရှူသွင်းလိုက်ပါ။ "ကိုယ်အပြစ်တို့ကို ဘော်ပြတောင်းပန်လျှင်၊ ငါတို့အပြစ်များကိုလွှတ်၍ ဒုစရိုက်ရှိသမျှနှင့် ကင်းစင်စေခြင်းငှါ ဘုရားသခင်သည် သစ္စာတရားနှင့်၎င်း၊ ဖြောင့်မတ်ခြင်းတရားနှင့်၎င်း ပြည့်စုံတော်မူ၏"ဟု ဘုရားက ကတိပေးထားတယ်။( ရှင်ယောဟန်ပထမစာစောင် ၁:၉)
Listen to audio teaching |
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ပျော်ရွှင်သော ပုဂ္ဂိုလ်ဖြစ်အောင် နေ့စဥ် အလေ့အကျင့်များ ဖွံ့ဖြိုးတိုးတက်လာစေရန် သမ္မာကျမ်းစာမှာ ပျော်ရွှင်ဝမ်းမြောက်ခြင်းအကြောင်း ရေးထားသော ဖိလိပ္ပိကျမ်းကို ဆရာ Rick နှင့်အတူ ဤအစီအစဥ်မှာပါဝင်ပါ။
More