YouVersion လိုဂို
ရှာရန် အိုင်ကွန်

ပျော်ရွှင်ဝမ်းမြောက်ခြင်း အလေ့အကျင့်များနမူနာ

Habits Of Happiness

33 ၏ နေ့ 7

ပျော်ရွှင်ဝမ်းမြောက်ခြင်းအကျင့်:သေးငယ်တယ့်အရာတွေကို အလေးမထားနဲ့

သေးသေးမွှားမွှားကိစ္စတခုကြောင့် သင် အငြင်းပွားဖူးပါသလား။ မှန်တာပေါ့။ ကျွန်တော်တို့ အားလုံးဖြစ်ဖူးတာပေါ့။ အဲ့အကျင့်ကို ‌ဖျောက်ဖို့ခက်ခဲတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က သဘာဝအရ အနုတ်သဘောဆောင်နေလို့ဖြစ်တယ်။ အာဒံနှင့် ဧံဝ အချိန်တည်းက ကျွန်တော်တို့က ဆင်ခြင်ပေးတာနဲ့ စွပ်စွဲတာနဲ့ လုံးပန်းနေရတယ်။ ကျွန်‌တော်တို့ အမှားကို လျစ်လျူရှုပြီး သူများအမှားကို စွပ်စွဲကြတယ်။ ထိုထက်မကရှိသေးတာပေါ့။ ကျွန်တော်တို့ ဖုံးကွယ်ပြီး ‌ပစ်ပေါက်တတ်ကြတယ်။ ကျွန်တော်တို့ဘဝရဲ့ ပြဿနာများကို အခြားသူများအပေါ်ပြစ်တင်ဝေဖန်တတ်တယ်။

"သင်တို့သည် ပြုလေသမျှတို့၌ မြည်တမ်းခြင်း၊ ငြင်းခုံခြင်းမရှိဘဲ ပြုကြလော့။ သို့ပြုလျှင် အပြစ်တင်ခွင့်မရှိ၊ အဘယ်သူကိုမျှ မပြစ်မှားဘဲနေ၍၊" ဖိလိပ္ပိ ၂:၁၄-၁၅။ ကျမ်းစာထဲမှာအင်မတန်မှ ခက်ခဲတယ့် ကျမ်းပိုဒ်ဖြစ်တယ်။ သင်ထောက်ခံပါသလား။

‌ဝေဖန်သူ ၄မျိုးနဲ့ ကျွန်တော် အမြဲကြုံတွေ့ရတယ်။

ပထမအုပ်စုကတော့ ညည်းတွားတယ့်သူတွေဖြစ်တယ်။ "မင်္ဂလာရှိသောနံနက်ခင်းပါ ကိုယ်တော်" သို့မဟုတ် "မနက်ရောက်လာပြန်ပြီ ကိုယ်တော်"လို့ သင် မနက်ထလာချိန်မှာပြောလို့ရတယ်။

ဒုတိယကတော့ အာဇာနည် သူရဲကောင်းတွေဖြစ်တယ်။ သူတို့ကြိုက်တယ့် အသုံးအနှုန်းက" ဘယ်သူမှ ငါ့ကို အသိအမှတ် မပြုကြဘူး"ဖြစ်တယ်။ သူတို့က ပါတီပွဲတွေကျင်းပတယ့်နေရာမှာ ဆရာကြီးတွေဖြစ်တယ်။ သူတို့ထင်ထားတယ့်အတိုင်းမရရင် နှုတ်ခမ်းဆူပြီး ညည်းညူတတ်ကြတယ်။

တတိယအဖွဲ့ကတော့ အဆိုးမြင်ဝါဒအဖွဲ့ဖြစ်တယ်။ သူတို့စိတ်နေသဘောထားက" ဘာမှမဖြစ်ပါဘူး။ ထူးထူးခြားခြားဖြစ်မှာလဲ မဟုတ်ပါဘူး" ဖြစ်တယ်။ အရာအားလုံးကို သူတို့က အဆိပ်ခတ်ကြတယ်။

စတုတ္ထအဖွဲ့ကတော့ ဇီဇာကြောင်သူဖြစ်တယ်။ ဘယ်ညည်းတွားသူကမှ သူတို့လောက်မမှီဘူး။ "မင်းတို့လုပ်နိုင်တာ ဒါဘဲလား"ဆိုပြီး ပြောတတ်ကြတယ်။

ရှင်မဿဲ ၁၂:၃၆မှ"ငါဆိုသည်ကား၊ လူတို့သည် အကျိုးမဲ့သောစကားကို ပြောသမျှအတွက်၊ တရားဆုံးဖြတ်သောနေ့၌ စစ်ကြောခြင်းကို ခံရကြလတံ့။ သင့်စကားများအားဖြင့် သင်သည်အပြစ်လွတ်လိမ့်မည်။"က ကျွန်တော့်အတွက် ကျမ်းစာထဲမှာ အကြောက်ဆုံး ကျမ်းပိုဒ်ဖြစ်တယ်။

အဲ့တာက သင့်ကျောချမ်းသွားစေတယ်။ သင် အလေးထားစရာမလိုတယ့် သေးငယ်တယ့်အရာတွေကို ဘယ်နှကြိမ်လောက် သင်ညည်းညူ၊ ညည်းတွား၊ အငြင်းပွားဖူးပါသလဲ။ ဘာမှမဟုတ်တယ့် အရာတွေကို ဂရုမစိုက်ပါနဲ့။

အဲ့ဒီအစား"အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ အကြောင်းမူကား၊ သင်တို့သည် ထိုသို့ကျင့်စေခြင်းငှါ၊ ယေရှုခရစ်၌ ဘုရားသခင်အလိုတော်ရှိ၏။"

Listen to audio teaching
နေ့ 6နေ့ 8

ဤအစီအစဉ်အကြောင်း

Habits Of Happiness

ပျော်ရွှင်သော ပုဂ္ဂိုလ်ဖြစ်အောင် နေ့စဥ် အလေ့အကျင့်များ ဖွံ့ဖြိုးတိုးတက်လာစေရန် သမ္မာကျမ်းစာမှာ ပျော်ရွှင်ဝမ်းမြောက်ခြင်းအကြောင်း‌ ‌ရေးထားသော ဖိလိပ္ပိကျမ်းကို ဆရာ Rick နှင့်အတူ ဤအစီအစဥ်မှာပါဝင်ပါ။

More

This devotional © 2016 by Rick Warren. All rights reserved. Used by permission. For more information, please visit: www.rickwarren.org