ပျော်ရွှင်ဝမ်းမြောက်ခြင်း အလေ့အကျင့်များနမူနာ
ပျော်ရွှင်ဝမ်းမြောက်ခြင်းအကျင့်:ဘုရားသင့်ဘက်မှာရှိတယ်ဆိုတာနားလည်ပါ
ဒီအပတ်ထဲ သင်ဘာဘဲကြုံတွေ့နေရပါစေ သင်တယောက်ထဲဖြတ်သန်းရမှာမဟုတ်ပါ။ ဘုရားသင့်ဘက်မှာ ရှိတယ်၊ သင့်အထဲမှာ ရှိပြီး သူကသင့်အတွက်ဘဲဖြစ်တယ်။
ဖိလိပ္ပိ ၂:၁၃မှာ" အကြောင်းမူကား၊ သင်တို့သည် အလိုရှိစေခြင်းငှါ၎င်း၊ အကျင့်ကျင့်စေခြင်းငှါ၎င်း၊ သင်တို့အထဲ၌ စေတနာတော်အားဖြင့် ပြုပြင်တော်မူသောသူကား ဘုရားသခင်ပေတည်း။"
"သင်တို့အထဲ၌..ပြုပြင်တော်မူသော"။ "ပြုပြင်တော်မူသော"စကားလုံးသည် ဂရိဘာသာမှာ အင်းနားဂိုစ်ဖြစ်ပြီး အင်နာဂျင်(စွမ်းအင်)ဆိုတယ့် စကားလုံးမှဆင်းသက်လာတာဖြစ်တယ်။ ဘုရားက သင့်ဘဝရဲ့ စွမ်းအင်ဖြစ်တယ်။ သင့်စိတ်ဆန္ဒစွမ်းအားကြောင့်မဟုတ်ပါ။ သင့်ကိုယ်ပိုင် အစွမ်းအစကြောင့်လဲမဟုတ်ပါ။ သင်ဘာဘဲကြုံတွေ့နေပါစေ သင်လိုအပ်တယ့် အစွမ်းအစကို ဘုရားပေးမယ်လို့ပြောထားတယ်။
သင့်အထဲမှာရှိနေရုံသာမက သင့်ဘေးမှာ သူရှိနေတယ်။ "ငါသည် သင်တို့ကို မိဘမဲ့ဖြစ်စေခြင်းငှါ စွန့်ပစ်မည်မဟုတ်။ သင်တို့ဆီသို့ လာဦးမည်။ ၁၉ ခဏကြာပြီးမှ လောကီသားတို့သည် ငါ့ကိုမမြင်ရကြ။ သင်တို့မူကား မြင်ရကြလိမ့်မည်။ ငါသည် အသက်ရှင်သောကြောင့် သင်တို့သည်လည်း အသက်ရှင်ရကြလိမ့်မည်။ ၂၀ ငါသည် ခမည်းတော်၌ရှိသည်ကို၎င်း၊ သင်တို့သည်ငါ၌ရှိသည်ကို၎င်း။ ငါသည် သင်တို့၌ရှိသည်ကို ၎င်း၊ ထိုနေ့၌သင်တို့သည် သိရကြလိမ့်မည်။" ဟူ၍ ရှင်ယောဟန် ၁၄:၁၈-၂၀ထဲမှာ ပြောထားတယ်။ ကတိတော်တစ်ခုပါလား။ ခရစ်တော်က သင့်အထဲမှာရှိတယ်လို့ ကျမ်းစာကပြောထားတယ်။ ခရစ်တော်နဲ့အတူ ဘုရားထဲမှာ ရှိတယ်လို့ ကျမ်းစာကပြောထားပြီး သင်ဟာသန့်ရှင်းသောဝိဉာဥ်တော်နဲ့ ချိတ်ပိတ်ထားကြောင်းပြောထားတယ်။ ဆိုလိုချင်တာက နတ်ဆိုးဟာ သင့်ဆီလာမယ်ဆိုရင် သုံးပါးတစ်ဆူဘုရားကို ဖြတ်ကျော်မှရမယ်။ စိတ်ချလို့ရတယ့် အကာအကွယ်ဘဲ။ ကြောက်ရွံ့ခြင်းကို သက်သာစေတယ်နော်။
"သို့ဖြစ်၍ ဤအရာများတို့၌ အဘယ်သို့ ပြောစရာရှိသနည်း။ ဘုရားသခင်သည် ငါတို့ဘက်၌ ရှိတော်မူလျှင်၊ အဘယ်သူသည် ငါတို့တဘက်၌ နေနိုင်မည်နည်း။" ရောမ ၈:၃၁။ ဘုရားက သင်နဲ့အတူရှိရုံသာမက သင့်အထဲမှာရှိနေတယ်။
သိုးထိန်းတွေ သိုးကျောင်းနေချိန်မှာ အစောင့်ခွေးက အမြဲ အနောက်မှာရှိတယ်၊ သိုးတွေ လမ်းမှန်ရောက်အောင် လိုက်ကြည့်ပေးနေတာဖြစ်တယ်။၊
သင့်အစောင့်ခွေးတွေက ကောင်းမြတ်ခြင်းနဲ့ ကရုဏာတော်ဖြစ်တယ်လို့ ကျမ်းစာထဲမှာပြောထားတယ်။ သင်နဲ့မထိုက်တန်ပေမယ့် ဘုရားက သင့်ကိုပေးထားတယ့်အရာတွေရှိတယ်၊ အဲ့တာသူ့ရဲ့ ကောင်းမြတ်ခြင်းဖြစ်တယ်။ သင်နဲ့ထိုက်တန်တယ့်အရာကို သူမပေးဘူး၊ အဲ့တာ သူ့ရဲ့ ကရုဏာတော်ဖြစ်တယ်။
သင့်ဘဝမှာ ဘုရားရဲ့ ပြုံးနေခြင်းကို သင်ခံစားရပါသလား။ မခံစားရဘူးဆိုရင် သင်ဘုရားကို သေချာမသိသေးလို့ဖြစ်တယ်။ တချို့လူတွေက ဘုရားကို တချိန်လုံး ဒေါသထွက်နေတယ့် မိဘလို့ထင်ကြတယ်။ အဲ့တာမဟုတ်ပါ ဘုရားကသင့်အတွက်ဖြစ်တယ်။
သင်ပျော်ရွှင်ချင်တယ်ဆိုရင် သင်မနက်တိုင်းထပြီး "ဘုရားသခင် ဒီနေ့ ကျွန်တော်နဲ့ အတူရှိပေးမယ့်အတွက်၊ ကျွန်တော့်အထဲမှာ ဒီနေ့ရှိပေးမယ်အတွက် ၊ကျွန်တော့်အတွက် ရှိပေးမယ့်အတွက် ကျေးဇူးတင်တယ်။"
သတင်းကောင်းမဟုတ်ဘူးလား။ ဘုရားကသင်နဲ့အတူရှိတယ်၊ သင့်ထဲမှာရှိတယ်၊ သင့်အတွက်ရှိပေးတယ်ဆိုရင် ဘာလို့ ဒီကမ္ဘာကြီးမှာ သင်စိတ်ဓာတ်ကျနေမှာလဲ။
Listen to audio teaching |
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ပျော်ရွှင်သော ပုဂ္ဂိုလ်ဖြစ်အောင် နေ့စဥ် အလေ့အကျင့်များ ဖွံ့ဖြိုးတိုးတက်လာစေရန် သမ္မာကျမ်းစာမှာ ပျော်ရွှင်ဝမ်းမြောက်ခြင်းအကြောင်း ရေးထားသော ဖိလိပ္ပိကျမ်းကို ဆရာ Rick နှင့်အတူ ဤအစီအစဥ်မှာပါဝင်ပါ။
More