YouVersion လိုဂို
ရှာရန် အိုင်ကွန်

ပျော်ရွှင်ဝမ်းမြောက်ခြင်း အလေ့အကျင့်များနမူနာ

Habits Of Happiness

33 ၏ နေ့ 5

ပျော်ရွှင်ဝမ်းမြောက်ခြင်းအကျင့်:လွှတ်ထားခဲ့ပါ

ပျော်ရွှင်ခြင်းမှာ လွှတ်ထားဖို့နှင့် မေ့ထားရန် သင်ယူဖို့လိုပါတယ်။ စိုးရိမ်နေခြင်းက အတိတ်ကို ပြောင်းလဲနိုင်မှာမဟုတ်ပါ။ ဒါကြောင့် ပြောင်းလဲလို့မရတာကို မေ့ပြီး အနာဂတ်ကိုဘဲ အာရုံစိုက်ပါ။

ညီအစ်ကိုတို့၊ ငါကိုင်မိပြီဟု ကိုယ်ကိုကိုယ် မထင်သော်လည်း၊ ငါပြုသောအမှုတခုဟူမူကား၊ နောက် ကျသောအရာတို့ကို မမှတ်ဘဲ၊ ရှေ့၌ ရှိသောအရာတို့ကို လှမ်းကမ်း၍၊ ယေရှုခရစ်အားဖြင့်ဘုရားသခင်သည် အထက်အရပ်မှ ခေါ်တော်မူခြင်းနှင့် ဆိုင်သောဆုကို ရခြင်းငှါ၊ ပန်းတုံးတိုင်သို့ ငါလိုက်ပြေး၏။" ဖိလိပ္ပိ ၃:၁၃-၁၄။

သင့်မှာ စွမ်းရည်အကန့်အသတ်နဲ့သာ ရှိပါတယ်။ ဒါကြောင့် သင်ပင်ပန်းရတာပါ။ အဲ့တာကြောင့် သင်မောပန်းနွမ်းနယ်ရတာ၊ ပင်ပန်းမောဟလာတာဖြစ်တယ်။

သင့်မှာ အင်အား အကန့်အသတ်နဲ့ရှိနေခြင်းကြောင့် အတိတ်အတွက် အားအင်တွေမကုန်ဆုံးဖို့ ကျွန်တော်အကြံပေးပါရစေ။ နောက်ကြုံလာမယ့်အရာတွေနဲ့ သင့်အရှေ့မှာရှိနေတယ့် အရာတွေအတွက် သင့် စွမ်းရည်တွေကို နေ့တိုင်း ပိုပြီး အသုံးချပါ။

ပျော်ရွှင်ခြင်းအတွက် ဒီအကျင့်ဟာ အရမ်းအရေးကြီးပါတယ်။ သင်သတိထားရမယ့် ထောက်ချောက်၃ခုရှိပါတယ်။

နောင်တရခြင်း ထောင်ချောက်။ သင်နောင်တရနေတာတွေကို ထားခဲ့ရမှာဘဲ။ ဘဝမှာ မတူကွဲပြားတဲ့ လုပ်ချင်တဲ့အရာတွေ ရှိပါသလား။ ရှိမှာပေါ့။ ဒါပေမယ့် သူတို့အပေါ် ကျွန်တော် မမှီခိုတာဘာကြောင့်လဲဆိုတော့ ထိုအရာတွေကို ကျွန်တော်ပြောင်းလဲလို့မရမှန်းသိလို့ဖြစ်တယ်။ နောင်တတွေအတွက် စိတ်ခံစားချက်တွေကို မဖြုန်းလိုက်ပါနဲ့။

နာကြည်းမှု ထောင်ချောက်။ နာကြည်းမှုအပေါ် ဆုပ်ကိုင်ထားခြင်းက သင်မှလွဲပြီး ဘယ်သူ့ကိုမှ မထိခိုက်ပါ။ ထားခဲ့လိုက်တော့။ သင့်ကိုယ်ကျိုးအတွက် ခွင့်လွှတ်ပေးလိုက်ပါ။ သူတို့ထိုက်တန်ရဲ့လား။ မထိုက်တန်ပါဘူး။ ဒါပေမယ့် သင်ရော ဘုရားသခင်က ခွင့်လွှတ်ခြင်းကို ထိုက်တန်ပါသလား။ မဟုတ်ဘူး။ ‌ကျေးဇူးတော်ကို ခံစားရတယ့် သူတွေက ကျေးဇူးပြုတတ်ကြတယ်။

အစဥ်အလာဓလေ့ ထောင်ချောက်။ အရာအားလုံးဟာ အစဥ်မပြတ်ပြောင်းလဲနေတာဖြစ်ပြီး သင်ရပ်တန့်လို့မရပါ။ ထိုပြောင်းလဲမှုတွေအတွက် သင်နာကြည်းမလား ခုခံမလား ဒါမှမဟုတ် ပျော်ရွှင်မလားဆိုတာ သင်ဆုံးဖြတ်ရမှာဖြစ်တယ်။ ပျော်ရွှင်ခြင်းဆိုတာ ရွေးချယ်မှုတခုဖြစ်တယ်။

ပြောင်းလဲမှုတွေကို သင်ဘယ်လိုဖြေရှင်းသလဲဆိုတာ သင့်ရဲ့ ဝိညာဥ်ရေးရာ ရင့်ကျက်မှုကို ပြသနေတာဖြစ်တယ်။ ထာဝရက သင့်ကို လမ်းပြပြီး ထာဝရ၌တည်မြဲနေရင် သင့်ပတ်ဝန်းကျင်မှာ ပြောင်းလဲမှုတွေရှိနိုင်ပြီး သင်ပျော်ရွှင်ဖို့ အတွက် ‌ရွေးချယ်နိုင်ပါတယ်။

Listen to audio teaching

ကျမ်းစာများ

နေ့ 4နေ့ 6

ဤအစီအစဉ်အကြောင်း

Habits Of Happiness

ပျော်ရွှင်သော ပုဂ္ဂိုလ်ဖြစ်အောင် နေ့စဥ် အလေ့အကျင့်များ ဖွံ့ဖြိုးတိုးတက်လာစေရန် သမ္မာကျမ်းစာမှာ ပျော်ရွှင်ဝမ်းမြောက်ခြင်းအကြောင်း‌ ‌ရေးထားသော ဖိလိပ္ပိကျမ်းကို ဆရာ Rick နှင့်အတူ ဤအစီအစဥ်မှာပါဝင်ပါ။

More

This devotional © 2016 by Rick Warren. All rights reserved. Used by permission. For more information, please visit: www.rickwarren.org