ပျော်ရွှင်ဝမ်းမြောက်ခြင်း အလေ့အကျင့်များနမူနာ
ပျော်ရွှင်ဝမ်းမြောက်ခြင်းအကျင့်:ကြီးထွားနေတာကို ဘယ်တော့မှမရပ်တန့်လိုက်ပါနဲ့
ယေရှုနောက်လိုက်ခြင်းက ဆုံးဖြတ်ချက်တခုဖြစ်ပြီး သင့်ဘဝတလျှောက်လုံးအတွက် တိုးတက်မှုဖြစ်စဥ်တခုဖြစ်တယ်။ လမ်းမလျှောက်ဘဲနဲ့ သင်လိုက်လို့မရပါဘူး။ သင့်မှာ ရွေ့လျားမှုတခုရှိရမယ်။
"ထိုသို့ဆိုသော် အကျိုးကိုခံရပြီ၊ စုံလင်ခြင်းသို့ ရောက်ရပြီဟု ငါမဆိုလို၊ အကြင်အကျိုးကိုပေးခြင်းငှါ ခရစ်တော်သည် ငါ့ကို ကိုင်ဘမ်းတော်မူ၏။ ထိုအကျိုးကို ကိုင်မိခြင်းငှါ ငါပြေး၍ လိုက်သေး၏။ ညီအစ်ကိုတို့၊ ငါကိုင်မိပြီဟု ကိုယ်ကိုကိုယ် မထင်သော်လည်း၊ ငါပြုသောအမှုတခုဟူမူကား၊ နောက် ကျသောအရာတို့ကို မမှတ်ဘဲ၊ ရှေ့၌ ရှိသောအရာတို့ကို လှမ်းကမ်း၍၊" ဖိလိပ္ပိ၃:၁၂-၁၃ ထဲမှာပြောထားတယ်။
ရှင်ပေါလု ထိုကျမ်းချက်ကို ရေးခဲ့တယ့်အချိန်က သူကရောမမှာ လူအိုတစ်ယောက်ဖြစ်နေပြီ။ သူဘဝရဲ့ နောက်ဆုံးခန်းကို ရောက်နေပြီ။ သူက ရင့်ကျက်လွန်းတယ့် ပုဂ္ဂိုလ်တစ်ဦးဖြစ်တယ်။ သို့ပေမယ့် သူမရောက်သေးဘူးလို့ သူကိုယ်တိုင်ပြောတယ်။ "ကျွန်တော်ဝိဉာဥ်ရေးခရီးရောက်ခဲ့ပြီ"လို့ လူတိုင်းမှာ ပြောခွင့်ရှိရင် ထိုသူဟာ ဓမ္မသစ်ကျမ်းအကုန်နီးပါး ရေးသူဘဲဖြစ်ရပါမယ်။ ဒါပေမယ့် ပေါလုက" မဟုတ်သေးဘူး၊ ငါမရောက်သေးဘူး။ ငါကြီးထွားနေတုန်း၊ ငါသင်ယူနေတုန်း၊ ငါခရစ်တော်ကဲ့သို့ပိုပြီးဖြစ်လာတယ်"လို့ပြောတယ်။
ရှင်ပေါလုပြခဲ့တယ့် ဥပမာနောက်ကို လိုက်ပြီး ခရစ်တော်ထဲ၌ ဆက်လက်ကြီးထွားရန် သင့်ကို တားဆီးနေသော ထောင်ချောက်တွေက ဘာတွေလဲ။ မာန။
မာနက သင်ကြီးထွားနေတာကို ရပ်တန့်စေတာဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ အားလုံးအဆင်ပြေအောင်လုပ်နိုင်ပါတယ်ဆိုပြီး သင်ဟန်ဆောင်ရင် သင့်ဝိဉာဥ်ရင့်ကျက်လာဖို့အတွက် သင်အားထုတ်ကြိုးပမ်းနိုင်မှာမဟုတ်ပါ။ ဘယ်သူမှအရာအားလုံးကို အဆင်ပြေနိုင်အောင် မလုပ်နိင်ပါ။ နှိမ့်ချခြင်းက ပျော်ရွှင်မှုကို ဦးတည်စေတယ်။ ထိုအရာက သင့်ကို သင်ကြားပေးနိုင်လို့ဖြစ်တယ်။
ပျော်ရွှင်သောသူတွေက ကြီးထွားနေတာ ဘယ်တော့မှ ရပ်တန့်မသွားပါ။ ပျော်ရွှင်သောသူတွေက ရှာဖွေနေတာ မရပ်တန့်သွားပါ၊ ဆန့်ထုတ်နေတာ မရပ်တန့်သွားပါ၊ သင်ယူနေတာ မရပ်တန့်သွားပါ။ သင် ကြီးထွားနေတာ ရပ်တန့်သွားရင် သင်ဟာ သနားစရာဖြစ်သွားမယ်။ ဘာကြောင့်လဲဆိုတော့ သင်ဟာ ကြီးထွားဖို့အတွက် ဖန်ဆင်းထားတာဖြစ်တယ်။
ပျော်ရွှင်ခြင်းနဲ့နှိမ့်ချခြင်းက တတွဲတည်းသွားတာ ဘာကြောင့်လဲဆိုတော့ နှိမ့်ချတယ့်သူတွေက အလွယ်တကူ သင်ယူလေ့လာနိုင်လို့ဖြစ်တယ်။ "ကျွန်တော် ခင်ပွန်းကောင်းဖြစ်အောင် ဘယ်လိုလုပ်ဆောင်ရမလဲ။ သူငယ်ချင်းကောင်းဖြစ်အောင် ဘယ်လိုလုပ်ရမလဲ။ အလုပ်ရှင်ကောင်းဖြစ်အောင် ဘယ်လိုလုပ်ဆောင်ရမလဲ။ ယေရှုရဲ့ တပည့်တော်ကောင်းဖြစ်အောင် ဘယ်လိုမျိုးလုပ်ဆောင်ရမလဲ။"ဆိုပြီး သူတို့မေးလေ့ရှိတယ်။
"သင်တို့သည်ယုံကြည်ခြင်း၌တည်သလော၊ မတည်လောဟု ကိုယ်ကိုကိုယ်စစ်ကြောကြလော့။ ကိုယ်ကို ကိုယ်စုံစမ်းကြလော့။ အစစ်မခံနိုင်သော သူမမှန်လျှင်၊ ယေရှုခရစ်သည် သင်တို့၌ တည်တော်မူသည်ဟု ကိုယ် အကြောင်းကိုယ်မသိကြလော။
Listen to audio teaching |
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ပျော်ရွှင်သော ပုဂ္ဂိုလ်ဖြစ်အောင် နေ့စဥ် အလေ့အကျင့်များ ဖွံ့ဖြိုးတိုးတက်လာစေရန် သမ္မာကျမ်းစာမှာ ပျော်ရွှင်ဝမ်းမြောက်ခြင်းအကြောင်း ရေးထားသော ဖိလိပ္ပိကျမ်းကို ဆရာ Rick နှင့်အတူ ဤအစီအစဥ်မှာပါဝင်ပါ။
More